ကိုဏကြီးကတော့ ဆူတာပေါ့။

ပိုင်ဖြိုးသုကတော့ ကျန်းမာရေးမကောင်းပေမယ့်လည်း အလုပ်ကို လေးစားတဲ့စိတ်နဲ့ လက်ခံထားတဲ့ အလုပ်တွေကို အဆင်ပြေအောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ နယ်က ပရိသတ်တွေနဲ့တော့ တွေ့ဖို့အဆင်မပြေနိုင်တော့ပါဘူးတဲ့။ 

Photo: Paing Phyo Thu



ပိုင်ဖြိုးသုကတော့ သူမရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပြောပြလာပါတယ်။ လက်ခံထားတဲ့ အလုပ်တွေ မပျက်ရအောင်လို့ ကြိုးစားနေထိုင်တယ်လို့လည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ကျန်းမာရေး အခြေအနေက တော်တော်သက်သာနေပါပြီ။ ကိုယ့်ကိုယ်ကိုယ်လည်း ကျန်းမာအောင်၊ စိတ်လည်း ကျန်းမာအောင် ကြိုးစားပြီး နေနေပါတယ်။ အလုပ်ကတော့ သုသုက လောဘကြီးတယ်။ အမှန်ဆို သုသုကို ဆရာဝန်က ခွဲပြီး ၂ပတ် အထိ အိမ်မှာနေခိုင်းတယ်။ နားပါ ပေါ့နော်။ ပရက်ရှိုးကို တက်တယ်ဆိုတာကလည်း ဒီဇာတ်ကားထဲမှာ သုသုပါဝင်သရုပ်ဆောင်ထားတဲ့အတွက် သုသု တက်မှရမှာ။ ဒီပွဲကို တက်နိုင်အောင် အများကြီး ကြိုးစားခဲ့ရပါတယ်။ဒါကလည်း သရုပ်ဆောင်တစ်ယောက်ရဲ့ တာဝန်ပဲလေနော်” ဆိုပြီးတော့ ဇန်နဝါရီလ ၄ ရက်နေ့ မနက်ပိုင်းက “အချစ်ဖြင့်လွမ်းစေ” ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။ 

Photo: Paing Phyo Thu

ပိုင်ဖြိုးသုဟာ ကျန်းမာရေးကြောင့် ပြည့်ပြည့်ဝဝ အနားယူရမယ်လို့ ဆိုပါတယ်။ “အချစ်ဖြင့် လွမ်းစေ” ရုပ်ရှင်ကားကြီးရဲ့ နယ်ခရီးစဉ်တွေကိုတော့ လိုက်ဖြစ်တော့မှာ မဟုတ်ဘူးလို့ သူကပြောပါတယ်။ 

“ ပြောရရင်တော့ ကိုယ့်ကျန်းမာရေးကို သိပ်ဂရုစိုက်တဲ့အထဲတော့ မပါဘူးပေါ့နော်။ ကိုယ့်အလုပ်သဘာဝကလည်း ခရီးတွေ ထွက်နေရတာများတယ်။ ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး ဂရုစိုက်တဲ့အထဲမပါဘူးပေါ့။ ကိုဏကြီးကတော့ ဆူတာပေါ့” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: Paing Phyo Thu

ပိုင်ဖြိုးသုဟာ တာမွေမြို့နယ်မှာရှိတဲ့ အာယု အင်တာနေရှင်နယ် ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၉ ရက်နေ့ မနက် ၁၀ နာရီကျော်က ဒါရိုက်တာ ဏကြီးက သူ့ရဲ့ ချစ်ဇနီးလေး ဆေးရုံတက်နေရတဲ့အပေါ် အရမ်းစိုးရိမ်တဲ့အကြောင်းကို ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ လက်ရှိမှာတော့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်လို့ ပရိသတ်တွေလည်း အရမ်းပျော်နေခဲ့ကြပါတယ်။ 

Photo: Paing Phyo Thu

ပိုင်ဖြိုးသုကတော့ အနုပညာပျိုးခင်းက စင်တင်ပေးလိုက်တဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ သူမဟာ ဘီလူးမ၊ သရဲမ နဲ့ မိန်းမပျို ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ "မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟ ဝန်ခံချက်" ရုပ်ရှင်ဇာတ်ကားကြီးအတွက် အနယ်နယ်အရပ်ရပ်က ပရိသတ်တွေနဲ့လည်း သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် "ချစ်ခင်စ မှော်ရုံ" ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း မကြာသေးခင်ကမှ ရိုက်ကူးခဲ့ပြီးတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကြီးကိုလည်း ဒါရိုက်တာ ဏကြီးကပဲ ရိုက်ကူးထားတာပါ။ ပိုင်ဖြိုးသုနဲ့ အတူ ဒေါင်း၊ ကျော်ထက်အောင်၊ မိုးဟေကို နဲ့ အေးမြဖြူတို့ကလည်း ပါဝင်သရုပ်ဆောင် ခဲ့ပါသေးတယ်။ ဇနီးမောင်နှံ နှစ်ယောက်ပေါင်းပြီး Fatty Gangster Production ဆိုတဲ့ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း ဇနီးမောင်နှံ နှစ်ယောက်ပေါင်းပြီး ထူထောင်လိုက်တာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က