မောင်နှမ အကုန်လုံးကို လမ်းမှန်ရောက်အောင် ဆုံးမသွန်သင်ပေးပါတယ်။

ဟိန်းဝေယံဟာ သူ့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့အလုပ်တွေ လုပ်ခွင့်ပေးထားတဲ့ မိဘနှစ်ပါးကို ကျေးဇူးတင်တဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ 

Photo: Hein Wai Yan



သရုပ်ဆောင် ဟိန်းဝေယံကတော့ မိဘတွေရဲ့ စကားကို အမြဲနားထောင်တတ်တဲ့ သားလိမ္မာတစ်ဦးဖြစ်ပါတယ်။ သူတို့ မောင်နှမတွေကိုလည်း မိဘတွေဘက်က စည်းကမ်းတင်းကြပ် ထိန်းချုပ်ထားတာမျိုးတွေ မရှိတဲ့အကြောင်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ကျွန်တော့်မိဘကတော့ မောင်နှမတွေအားလုံးကို ဘယ်သူကတော့ ဒါပဲ လုပ်ရမယ်၊ ဒါမလုပ်ရဘူးဆိုပြီးတော့ စည်းကမ်းတင်းကြပ်ထားတာမျိုးတွေ မရှိပါဘူး။ အကျိုးသင့် အကြောင့်သင့် ကျွန်တော့် ရွေးချယ်ခွင့်ကို ပြောတယ်။ ကျွန်တော်တို့ မောင်နှမတွေကလည်း ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ ရှေ့ဆက်လျှောက်တာတွေ များပါတယ်” လို့ ဟိန်းဝေယံက Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

ဟိန်းဝေယံကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူး နေရတယ်လို့ ပြောပါတယ်။ သူဟာ အချစ်ရေးနဲ့ ပတ်သက်လာရင်လည်း ချစ်သူမရှိသေးဘူးလို့ သိရပါတယ်။ သူ့ရဲ့ အနုပညာအမွေကို ဆက်ခံမယ့် သူကလည်း ဟိန်းဝေယံရဲ့ ညီမငယ်လေး ရွှေစင်ဝင်းကိုဖြစ်ပါတယ်။ သူမကိုလည်း ပရိသတ်တွေက အားပေးချစ်ခင်နေကြတာကိုလည်း တွေ့ရပါတယ်။ 

Photo: Amazinh Grace

ရွှေစင်ဝင်းကိုကလည်း သူမ လုပ်ချင်တဲ့ အနုပညာအလုပ်တွေကို အစ်ကိုဖြစ်သူရော၊ မိဘနှစ်ပါးစလုံးက ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။ မွေးချင်းမောင်နှမတွေထဲမှာ အငယ်ဆုံးဖြစ်တာကြောင့် မိသားစုရဲ့ အချစ်ကိုလည်း ပိုရထားတယ်လို့ မတ်လ ၄ ရက်နေ့က Woodland Bar မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“ညီမက မိန်းကလေးလည်းဖြစ်တယ်၊ အငယ်ဆုံးလည်းဖြစ်နေတော့ အစ်ကိုတွေထက် ပိုပြီးတော့ ဂရုစိုက်တာ ခံရတယ်။ မိသားစုတွေ မကြိုက်တဲ့အရာတော့ မလုပ်ဘူး။ တကယ်လို့ ကိုယ်လုပ်ချင်တာ တစ်ခုခုရှိတယ်ဆိုရင် မိဘတွေနဲ့ တိုင်ပင်တယ်။ ပြီးရင် ကိုယ်လုပ်မယ့်အရာကို အကျိုးသင့် အကြောင်းသင့် ပြောပြတယ် ဒါဆိုရင်တော့ အရမ်းကြီးအလွန်အကျွံမဖြစ်ဖို့လည်း သတိပေးတယ်။ ခွင့်လည်း ခွင့်ပြုတယ်” လို့ သူကဆိုပါတယ်။ 

Photo: Amazinh Grace

ဟိန်းဝေယံကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှုများစွာ ရရှိခဲ့သူဖြစ်ပါတယ်။ အခုဆိုရင်တော့ သူ့ရဲ့ အနုပညာသက်တမ်းဟာ နှစ် ၂၀ ကျော်ကို ရောက်ရှိလို့နေပါပြီ။ အဲဒီနောက် သူကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ‘’မာယာကကြိုး’’ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပရိသတ်အရှေ့အရောက်ပို့ဆောင်ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က