ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကို လိုက်နာရမှာပဲလေ။

မင်းဦးကတော့ Covid ကာမှာ ရိုက်လက်စ ဇာတ်ကားတွေ ရပ်နားထားရတယ်လို့ဆိုပါတယ်။

Photo: Min Oo



COVID-19 ကာလကြောင့် အနုပညာရှင်များစွာလည်း အလုပ်တွေ ရပ်နားထားတယ်လို့ သိရပါတယ်။ သရုပ်ဆောင် မင်းဦးကလည်း ရိုက်ကူးနေတဲ့ ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲတွေ ရပ်နားထားရတယ်လို့ Duwun ကနေ ပြောလာပါတယ်။ 

“ အခုလည်း ရုပ်ရှင်ရိုက်မယ့် လူတွေက ရိုက်ခွင့်ရမယ်ဆို ကြိုပြီးတော့ အကြောင်းကြားပါ့မယ်ပေါ့။ အခုချိန်မှာလည်း ရိုက်လက်စ ဇာတ်ကားတွေကို ရပ်ထားရတယ်။ ရုပ်ရှင်လည်းရှိတယ်၊ ဇာတ်လမ်းတွဲတွေလည်းရှိတယ်။ အခုက ဘာလုပ်ရမှန်း မသိသေးတဲ့ အခြေအနေ ဖြစ်နေတယ်။ အစ်ကိုတို့ ရုပ်ရှင်မှာက လူအများကြီးနဲ့ အလုပ်လုပ်ရတာဆိုတော့ ဘယ် အချိန်မှ ရိုက်ခွင့်ရမလဲ မပြောတတ်တော့ပါဘူး” ဆိုပြီးတော့ ရုပ်ရှင် နှစ်(၁၀၀) ပြည့်ရိုက်ကူးရေးမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Min Oo

မင်းဦးက Covid ကာလ မပြီးသေးတာကြောင့် ပိုပြီး ဂရုတစိုက်နေထိုင်ကြဖို့ပြောလာပါတယ်။ အနုပညာအလုပ်တွေလည်း ပြန်လည် လုပ်ကိုင်ချင်တယ်လို့ သူက ဆိုပါတယ်။ 

“ ဒီအချိန်ကတော့ နည်းနည်းလေး ပိုဂရုစိုက်တာ ပိုကောင်းတယ်။ တခြားနိုင်ငံတွေထက် စာရင် ကျွန်တော်တို့ နိုင်ငံက ဖြစ်တာ တအားနည်းတဲ့အတွက် နဂိုကတည်းကလည်း ဖြစ်လာတဲ့ အချိန်မှာ စကတည်းက ဂရုစိုက်ခဲ့ကြတာပါ။ အစ်ကိုတို့ကတော့ အလုပ်တွေ ပြန်လုပ်ချင်တာပေါ့။ ဒါပေမယ့် ကျန်းမာရေးဝန်ကြီးဌာန က ဘယ်အချိန်၊ ဘယ်ကာလမှ အလုပ်တွေ ပြန်လုပ်ပါ ဆိုတဲ့ စကားကို နားထောင်ရမှာပဲ။ ဘာမှ မဖြစ်တော့ဘူးဆိုရင်တော့ လုပ်ရတာ ပိုကောင်းမှာပေါ့” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Min Oo

မင်းဦးကတော့ အနုပညာသက်တမ်း နှစ်(၃၀) ကျော်လာခဲ့ပြီဖြစ်ပါတယ်။ သူဟာ ၂၀၁၃ ခုနှစ်တုန်းက "နင်စေရင်" ရုပ်ရှင်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု ရရှိခဲ့တာဖြစ်ပါတယ်။ သူဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ တုန်းက ဇနီးချောလေး ခိုင်ဝေသူနဲ့ မင်္ဂလာပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုချိန်အထိတော့ ရင်သွေးလေး မရှိသေးပါဘူး။ ဇနီးမောင်နှံ နှစ်ယောက်တည်း ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးကို တည်ထောင်ထားတာပါ။ မင်းဦးဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီးရိုက်ကူးနေတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က