အမေက ပြုစုပေးခဲ့လို့ မိုးဟေကိုဆိုတာ ဖြစ်လာတာပါ။
Sabal Thwin

မိုးဟေကိုဟာ မိခင်ရဲ့ကျန်းမာရေးအခြေအနေက ရာခိုင်နှုန်းပြည့်ကောင်းမွန်သေးတာမဟုတ်တဲ့အတွက် အနုပညာအလုပ်တွေကို တစိုတ်မတ်မတ်လုပ်လို့မရသေးဘူးလို့ဆိုပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေရဲ့ အချစ်ကလည်း ပြောင်းလဲမသွားပါဘူးတဲ့။

Photo: Moe Hay Ko



သရုပ်ဆောင်မိုးဟေကိုကတော့ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ နားထားတာဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း စီးပွားရေးကိုလည်း လုပ်နေရတာဖြစ်သလို အမေ့ကိုလည်း ပြုစုပေးနေရတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“အမေနေမကောင်းတဲ့အချိန်မှာ ဒီတစ်ချိန်ပဲ ကိုယ်က လုပ်ပေးခွင့်ရမှာ။ အဲဒီအတွက် အနုပညာအလုပ်တွေလည်း ဘေးဖယ်ထားတယ်။ အမေ့ကိုလည်း ကျန်းမာရေးကောင်းအောင်ပြုစုပေးတယ် အခုဆိုရင် အမေ့ အနားမှာ အချိန်ပိုင်းလည်းနေတယ်။ ပရိသတ်မြင်ချင်တဲ့ သရုပ်ဆောင်အပိုင်းကိုလည်း လုပ်တယ်၊ ပြီးတော့ ရုပ်ရှင်ထုတ်လုပ်ရေးအပိုင်းကိုလည်း လုပ်ဖြစ်တယ်။ ပြီးတော့ မိုးရဲ့ ပိုးထည်ဆိုင်ကိုလည်း အချိန်မျှပေးတယ်ပေါ့နော်” လို့ ဆိုပါတယ်။

Photo: RBV

မိခင်ဖြစ်သူရဲ့ လက်ရှိကျန်းမာရေးအခြေအနေကိုလည်း မိုးဟေကို က ပြန်လည်ပြောပြလာပါသေးတယ်။ အလုပ်တွေ ပြန်လုပ်ဖို့ စိတ်ချလို့ရပြီလို့လည်း သူကဆိုပါတယ်။

“ အမေနေကောင်းသွားတယ်ဆိုပေမယ့် ၁၀၀ ရာခိုင်နှုန်းကောင်းသေးတာမဟုတ်ဘူး။ အရင်တုန်းကဆို အိပ်ရာထဲလဲနေရာကနေ အခုတော့ ထူထူထောင်ထောင်လေးဖြစ်လာတဲ့အတွက်ကြောင့် ကိုယ်က အနုပညာအလုပ်တွေကို စိတ်ချလက်ချနဲ့ လုပ်လာနိုင်တယ်ပေါ့နော်။ ကိုယ်တွေငယ်ငယ်တုန်းကလည်း အမေပြုစုပေးလို့ မိုးဟေကို ဆိုတာဖြစ်လာတာလေ” လို့ ဆိုပြီးတော့ ဇန်နဝါရီလ ၈ရက်နေ့က “ရွာကျော်မိကဲ” ရုပ်ရှင်မိတ်ဆက်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Photo: Moe Hay Ko

မိုးဟေကိုဟာ အနုပညာအလုပ်တွေ တစိုက်မတ်မတ်မလုပ်ဖြစ်ပေမယ့် ပရိသတ်နဲ့ အဆက်မပြတ်အောင်တော့ အလှဓာတ်ပုံလေးတွေအမြဲတမ်းရိုက်ကူးနေသူပါ။

“ ပိုလှလာတယ် ဆိုတာကလည်း ပရိသတ်တွေက ချစ်တဲ့ မျက်စိနဲ့ ကြည့်ပေးကြတော့ အပြစ်မရှိပဲ လှနေတာ နေမှာ။ ဓာတ်ပုံရိုက်တာလေးတွေကလည်း ကျက်သရေရှိတယ်ဆိုတာက ပရိသတ်အကြိုက်နဲ့ ထပ်တူကျလို့လည်း ဖြစ်ရင်ဖြစ်မှာပေါ့။ မိုးရဲ့ ပုံစံကလည်း ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ပရိသတ်လက်ခံထားတဲ့ ပုံစံအတိုင်းလေးပဲ သွားမှာပါ” ဆိုပြီးတော့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: A LinnYoung

မိုးဟေကိုဟာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး တီဗီကြော်ငြာတွေပဲ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်တဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ဇာတ်ကားကောင်းတွေ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ် လို့ သိရပါတယ်။ နောက်ထပ် ပိုးထည်ဆိုင်ဘက်မှာ လည်း ဦးဆောင်နေရတယ်လို့ ဆိုပါတယ်။ သဘောကျတဲ့ ဇာတ်ကောင်စရိုက်တွေရှိရင်တော့ ရုပ်ရှင်ကားကြီး ရိုက်ဖြစ်တယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က