နာမည်မကြီးချင်ဘူး။
Ei Ei Myat

နာမည်ကြီးချင်လို့ရည်ရွယ်ပြီး လုပ်ခဲ့တာ မဟုတ်ပေမယ့်လည်း အခုလို နာမည်ကြီးလာတဲ့အချိန်မှာ သာမာန်လူတစ်ယောက်လို နေချင်မိတဲ့ အချိန်တွေ ရှိတယ်လို့ သူမက ဆိုပါတယ်။

 

Photo : Amazing Grace

ဖေ့စ်ဘွတ်ဆယ်လီကနေ အနုပညာလောကထဲ ရောက်လာခဲ့တဲ့ ဖြူဖြူထွေးကတစ်ခါတလေမှာ ဘယ်သူ့မှ မသိတဲ့ သာမာန်ပြည်သူတစ်ယောက်မျိုး နေချင်မိတယ်လို့ ဆိုပါတယ်။

“ ဗီဒီယိုတွေ ရိုက်ခဲ့တာ နာမည်ကြီးချင်လို့ ရည်ရွယ်ခဲ့တာ မဟုတ်ဘူး။ သူ့ဘာသာသူ ဖြစ်လာတာပေ့ါ။တစ်ခါတလေ ကျရင်နာမည်မကြီးချင်‌တော့ဘူးဆိုတဲ့ စိတ်တောင်ဖြစ်တယ်။ လူတွေတွေ့ရင် မသိတဲ့သူ တစ်ယောက်ဖြစ်ချင်တာ ။တစ်ခါတလေကျရင် မလွတ်လပ်တဲ့အခါမျိုးမှာ ဖြစ်မိတယ်။ ကစားချင်တာ တို့ သစ်ပင်‌ပေါ်တက်တာဆိုရင်အလွင့်တက်တာလေ သူများတွေက မြင်ရင် ဟာလုပ်ပြန်ပြီတက်ပြန်ပြီ အဲ့လိုတွေ ပြောတာကိုမကြိုက်တာ။လွတ်လွတ်လပ်လပ်နေချင်တာပေ့ါနော်"လို့ သူမက ဝူခုန်းကြော်ငြာရိုက်ကွင်းမှာ မီဒီယာတွေကို ပြောခဲ့တာပါ။

Photo : Amazing Grace

ရိုးသားကြိုးစားမှုကို လက်ကိုင်ထားတဲ့ဖြူဖြူထွေးဟာ လက်ရှိမှာ ကြော်ငြာရိုက်ကူးမှုတွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေရသလို ကြော်ငြာတွေအတွက် ကိုယ်တိုင်ဇာတ်ညွှန်းရေးတာ တွေလည်း ပြုလုပ်နေတာတွေ့ရပါတယ်။ သူမကိုယ်တိုင် ဇာတ်ညွှန်းရေးပေးပြီး ရိုက်ကူးမှုတွေ ပြုလုပ်ပေးနေသလို ကိုဗစ်ကာလမှာ အလုပ်မရှိတဲ့ ဇာတ်ပို့၊ဇာတ်ရံတွေအတွက်ကိုလည်း ဝင်ငွေရအောင် ကူညီပေးနေတာတွေ့ရပါတယ်။

"အဓိကက ရိုးဖြောင့်တဲ့ဂုဏ်စားလို့မကုန်တဲ့။ တကယ်ရိုးဖြောင့်တဲ့သူက သူ့လမ်းကြောင်းမှန်ကို သူရောက်သွားလိမ့်မယ်။ ကိုယ့်ဘက်ကသာ ရိုးသား ကြိုးစားဖို့ လိုတယ် အဲ့လိုမျိုး ကြိုးစားပြီး လမ်းကြောာင်းမှန်မှန်နဲ့ လျှောက်မယ်ဆိုရင် နေရာတစ်နေရာက အမြဲတမ်းစောင့်မျှော်နေမှာပါ။တကယ် ကြိုးစားတဲ့သူအတွက်ကတော့ နေရာမရှားပါဘူး" လို့ သူမရဲ့ ယုံကြည်ချက်ကို ပြောပြခဲ့ပါသေးတယ်။

Photo : Amazing Grace

ဟာသဗီဒီယိုဖိုင်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့အတူ ဝေဖန်မှုတွေလည်း ကြုံခဲ့ရတဲ့ဖြူဖြူထွေးဟာ ယခုဆိုရင်တော့ ဗီဒီယိုဇာတ်ကားတွေ သာမက ရုပ်ရှင်ဇာတ်ကားကြီးတွေတောင် ရိုက်ကူးနေရပါပြီ။

သူမဟာ ဝေဖန်မှုတွေကိုကြံ့ကြံ့ခံပြီး ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းလာတဲ့သူ ဖြစ်တာကြောင့် သူ့ကို ချစ်ခင်တဲ့ ပရိသတ်တွေကိုလည်း ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမရဲ့ ကြိုးစားအားထုတ်မှုက ရတဲ့ အနုပညာကြေးနဲ့ မိဘတွေကို တိုက်ဆောက်ပေးထားသူလေးလည်း ဖြစ်ပါတယ်။

 


Author


က္က