အမှတ်တရတွေ ပြောပြလာပါတယ်။
Sabal Thwin

စမိုင်းလျကတော့ နေကြာပန်းတွေ ခင်းကျင်းထားတဲ့ ခန်းမ ကြီးထဲမှာ သူမရဲ့ ပရိသတ်တွေနဲ့ ပျော်ပျော်ပါးပါး တွေ့ဆုံခဲ့ပါတယ်။ မြေးဖြစ်သူ စမိုင်းလ်ရဲ့ အောင်မြင်မှုကို အဘွားဖြစ်တဲ့ အမေ ဒေါ်ခင်လေးဆွေက ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

သရုပ်ဆောင် စမိုင်းလ်ကတော့ ဒီနေ့(အောက်တိုဘာလ ၁၂) ရက်နေ့မှာ သူမကို ချစ်တဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲလေး လုပ်ခဲ့ပါတယ်။ ဒီလို လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကိုလည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ အစ်မရဲ့ Fan တွေပေါ့ Smily တွေအကုန်လုံးက အစ်မကို လာတွေ့ကြတယ်။ ခရီးသွားရင်လည်း သူတို့က အမြဲလာတွေ့တယ်။ သူတို့တွေအတွက် သီးသန့် တွေ့ဆုံပွဲလေး မလုပ်ပေးဖူးဘူးဆိုတော့ အမှတ်တရလေးလည်းဖြစ်အောင် စီစဉ်လိုက်တာပါ။ ဒီနေ့ အပြင်အဆင်လေးတွေကလည်း အကြိုက်ဆုံးပန်းက နေကြာပန်း ဆိုတော့ နေကြာပန်းလေးတွေ စီစဉ်ခိုင်းလိုက်တာပါ’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

အဲဒီနောက် စမိုင်းလ်ရဲ့ အဘွားဖြစ်သူ ဝါရင့်သရုပ်ဆောင်ကြီးတစ်ဦးဖြစ်တဲ့ အမေ ဒေါ်ခင်လေးဆွေကလည်း ဒီပွဲကို တက်ရောက်လာခဲ့ပါတယ်။ မြေးဖြစ်သူရဲ့ အောင်မြင်မှုကိုလည်း ကျေနပ်သလို မြစ် တော်စပ်သူကလည်း အနုပညာအလုပ်ကို ဝါသနာပါတာကြောင့် ကျေနပ်ပီတိဖြစ်တယ်လို့ ဆိုပါတယ်။

‘’ မျိုးစက်သစ်ကတော့ နို့မို့ဆိုရင် ပြတ်သွားပြီ။ အဘွားကတော့ လုပ်နေတုန်းပေါ့။ မြေး ကလည်း အနုပညာအလုပ် မလုပ်တော့ပဲ မျိုးစင် ပြတ်သွားပြီလို့ထင်တာ။ ဒါပေမယ့် သူအခု ပြန်လာတဲ့အခါကျတော့ အနုပညာလောက ကလည်း တစ်မူထူးခြားလာပြီဖြစ်တဲ့အတွက် မြစ်လေးကလည်း အနုပညာဓာတ်ခံရှိ နေတာကြောင့် ဒီအလုပ်ကို လုပ်မယ်ဆိုလို့ ကျေနပ်တယ်။ ပရိသတ်ကိုလည်း မြင်စေချင်တယ်။ မျိုးစက်ကိုလည်း မပြတ်ချင်ပါဘူး’’ ဆိုပြီးတော့ အောက်တိုဘာလ ၁၂ ရက်နေ့က စမိုင်းလ် ရဲ့ Fan Meeting မှာ ပြောပြခဲ့တာပါ။ 

သရုပ်ဆောင်စမိုင်းလ် (Smile) ဟာ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ အဲ့ဒီနောက် အလှူအတန်းတွေလည်း မကြာခဏဆိုသလို ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်ရွှင်စရာမိသားစုဘဝလေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမရဲ့ အကြီးဆုံး သမီးက အနုပညာအလုပ်တွေ လုပ်နေပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က