အမေ့မွေးနေ့မှာ အတူတူဖြတ်သန်းချင်ခဲ့တာပါ။
Sabal Thwin

မင်းသန့်မောင်မောင်ဟာ မိခင်ဖြစ်သူရဲ့ မွေးနေ့မှာ သားအမိနှစ်ယောက် ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်ပေမယ့် ကံကြမ္မာဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အရမ်းစိတ်မကောင်းဖြစ်ရပါတယ်တဲ့။ အမေ့ကိုလည်း အရမ်းလွမ်းနေတယ်လို့ သူ့ရင်ထဲက စကားတွေ ဖွင့်ဟပြောပြလာပါတယ်။ 

မင်းသန့်မောင်မောင်ကတော့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ မိခင်ဖြစ်သူ အကယ်ဒမီ မေသန်းနုအတွက် သူ့ရင်ထဲက စကားတွေနဲ့ မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ အမှတ်တရနေ့လေးမှာ မိခင်နဲ့ ပျော်ပျော်ပါးပါးဖြတ်သန်းချင်ခဲ့တာဆိုတဲ့ သူ့ရဲ့ မျှော်လင့်ချက်တွေကို အခုလို ရင်ဖွင့်စကားဆိုလာပါတယ်။ 

"ဤလောကတစ်ခုလုံး၌ကျွန်တော်၏ တစ်ဦးတည်းချစ်ရသောမိခင်ရဲ့မွေးနေ့ဖြစ်ပါတယ်။ ကျွန်တော်ကို ဒီနေ့အထိပြုစုပျိုးထောင်ပြီး ကျွန်တော့် အတွက် စွန့်လွှတ်အနစ်နာခံခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဒီနေ့ဟာ ကျွန်တော့်ဘဝအတွက် အရေးကြီးဆုံးဖြစ်တဲ့ ကျွန်တော်အမေရဲ့ မွေးနေ့ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် အခက်အခဲတွေ အတားအဆီတွေကြားထဲကနေ ဒီနေ့လေးကို အမေအတူတူ ကျွန်တော် ဖြတ်သန်းချင်တာပါ။ နာကြင်တဲ့ကြားထဲကနေ ကံကြမ္မာဆိုးတွေကို ကျွန်တော်နဲ့အတူ ဖြတ်ကျော်ကြရအောင်ပါ" လို့ သူကဆိုပါတယ်။ 

Photo: Min Thant Mg Mg

မင်းသန့်မောင်မောင်ဟာ မိခင်ဖြစ်သူ ရင်ဆိုင်နေရတဲ့ အမှုအတွက် အင်မတန်မှ စိတ်မကောင်းဖြစ်လို့နေပါတယ်။ ဘယ်လိုအမှားတွေပဲ ရှိရှိ သူ့ရဲ့ မိခင်အတွက် အများကြီး ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ တစ်ဦးတည်းသော သားလေးဖြစ်တာကြောင့်လည်း မိခင်ရဲ့ မွေးနေ့မှာ အရမ်းလွမ်းနေတယ်လို့ သူက ပြောပါတယ်။ 

"မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အမေကျွန်တော်ရဲ့အမေပါပဲ။ အမေက ကျွန်တော့်ကို ဒီလောကကြီးထဲမှာ ရှင်သန်ခွင့်ပေးခဲ့တယ်။ အမေကို အမြဲတမ်းချစ်ပြီး အမြဲတမ်းလွမ်းနေရပါတယ်။ အမေနဲ့ ကျွန်တော်မိသားစုအတွက် ဂုဏ်ယူရအောင် အမြဲအလုပ်တွေ ကြိုးစားနေပါတယ် ဒီထက်ပိုပြီးလည်း ကြိုးစားသွားပါ့မယ်။အမေမှားခဲ့တာတွေရှိခဲ့ရင်လည်း ကျွန်တော် ခွင့်လွှတ်ပါတယ် ကျွန်တော့်အတွက် လုပ်ခဲ့တယ်ဆို ကျွန်တော် အသိဆုံးမို့လို့ပါ။ သားအမှားတွေ ရှိခဲ့ရင်လည်း သားကို ခွင့်လွှတ်ပေးပါအမေ။ အားလုံးသော ခွင့်လွှတ်ခြင်းတွေနဲ့ အမေကျန်းမာပျော်ရွှင်ပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်" ဆိုပြီးတော့ ဇန်နဝါရီလ ၂၇ ရက်နေ့ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။ 

Photo: Min Thant Mg Mg

မေသန်းနုရဲ့ မွေးနေ့မှာတော့ သူမကို ချစ်တဲ့ ပရိသတ်တွေ၊ အနုပညာမောင်နှမ တွေကလည်း မွေးနေ့ဆုတောင်းပေးထားတာ တွေ့ရပါတယ်။ မေသန်းနုကတော့ လက်ရှိမှာ ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ ထောင်ဒဏ် တစ်နှစ် ကျခံနေရတာ ဖြစ်ပါတယ်။ သူမအတွက် အနုပညာအသိုင်းအဝိုင်းကရော၊ ပရိသတ်တွေ၊ မိသားစုတွေကပါ စိတ်မကောင်းဖြစ်လို့နေပါတယ်။  မင်းသန့်မောင်မောင်ကတော့ သားတစ်ယောက်အေနေနဲ့ အမေ့ရဲ့ အမှားတွေအတွက် ခွင့်လွှတ်ပေးစေဖို့ကိုလည်း တောင်းဆိုခဲ့ပါသေးတယ်။ 

"ကျွန်တော် အမေ့ရဲ့ကိုယ်စား အမေ့မွေးနေ့မှာ အန္တရာယ်ကင်းပြီး အေးချမ်းပါစေလို့ ဆုတောင်းပေးပါတယ်။အားလုံး စိတ် ဧ။် ကျန်းမာခြင်းနဲ့ပြည့်စုံပြီး မိသားစုနှင့်အတူပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ချစ်တယ် အမေ။ ကျွန်တော့်အမေကို ဆုတောင်းပေးပါသော ပရိသတ်များအားလုံးကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။ ကျွန်တော်အမေမှားခဲ့တာရှိရင်လည်း အမေ့ကိုယ်စား ကျွန်တော်ကပဲ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်ခင်ဗျာ" လို့ ဆက်လက် ပြောပြထားပါတယ်။

Photo: Min Thant Mg Mg

မင်းသန့်မောင်မောင်ကိုတော့ မေသန်းနုနဲ့ အတူ တီဗီကြော်ငြာတွေမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ကတည်းက ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူဟာ အရွယ်ရောက်လာတဲ့အချိန်မှာတော့ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာရှိတဲ့ New York Film Academy မှာ ၃ နှစ်ကျော်အကြာ ပညာသင်ကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် Bachelor of Fine Arts ဘွဲ့ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ ဖခင်ဖြစ်သူနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေပြီလို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က