သူ့အဖေကို အဖေလို့ခေါ်ဖို့တောင် အရမ်းတိုက်တွန်းရတယ်။

မျိုးစန္ဒီကျော်က သူမရဲ့ စိတ်ကိုအရမ်းနားလည်ပေးတတ်တဲ့ သမီးလေး ဂျူဝယ်လ် အကြောင်းတွေ ပြောပြလာပါတယ်။ အခုချိန်မှာလည်း ဂျူဝယ်လ်ကို ခင်ပွန်းဟောင်းနဲ့ တစ်လ ၂ ကြိမ်ပေးတွေ့နေတယ်လို့ ဆိုပါတယ်။

Photo: Myo Sandy Kyaw



သရုပ်ဆောင် မျိုးစန္ဒီကျော်ကတော့ အခုချိန်မှာ သမီးလေး ဂျူဝယ်လ်ကို စောင့်ရှောက်ရင်း အနုပညာအလုပ်တွေ လုပ်နေတာ ဖြစ်ပါတယ်။ သူမရဲ့ သမီးလေးကိုတော့ ခင်ပွန်းဟောင်းနဲ့ တွေ့ခွင့်ပေးထားတယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြလာပါတယ်။

‘’ အစ်မအိမ်ထောင် တရားဝင်ကွာရှင်းခွင့်ရသွားပြီ။ ကလေးတွေ့ခွင့်ကိုလည်း သူလိုချင်တဲ့အတိုင်း တစ်လမှာ ၂ ခါ ပေးတွေ့တယ်။ သမီးလေးကျတော့ သူ့ကို ဒီအဖေ၊ ဒီအမေက မွေးထားတဲ့အတွက် သူ့မှာ အဖေဆိုတာရှိတယ်။ အစ်မ ကိုယ်ချင်းစာတယ်။ သူ့အဖေဟာ ဘယ်လောက်ပဲ ကောင်းကောင်း၊ မကောင်းကောင်း၊ အဖေဟာ အဖေပဲ။ သမီးလေးကိုလည်း အဖေကို အဖေလို့ပဲ ခေါ်ခိုင်းတာ။ အဖေကို အဖေလို့မခေါ်ပဲ တစ်ခုခုခေါ်ရင် ငရဲကြီးမှာ စိုးလို့ပါ’’ လို့ဆိုပါတယ်။

Photo: Myo Sandy Kyaw

သမီးလေး ဂျူဝယ်ကတော့ ဖခင်ဖြစ်သူနဲ့ တွေ့ဖို့ ဆန္ဒမရှိဘူးလို့ မျိုးစန္ဒီကျော်က ပြောပါတယ်။ ကလေးဟာ အဖေနဲ့ ၂ ခါ ဆုံတဲ့ အချိန်မှာလည်း စကား သိပ်မပြောဘူးလို့ ဆိုပါတယ်။

‘’ ပထမကတော့ သမီးက အဖေနဲ့ မတွေ့ချင်ဘူး။ ကိုယ်ကလည်း မတွေ့လို့တော့မရဘူး တစ်လမှာ နှစ်ခါလောက်တော့ တွေ့ရမယ်ဆိုပြီးတော့ နားလည်အောင်ပြောထားတယ်။ ကလေးက အစ်မနဲ့ အနီးကပ်နေတော့ အစ်မရဲ့ စိတ်ကို သိမှာပေါ့။ သူမတွေ့ချင်ဘူးလို့လည်းပြောတယ်။ သူ့အဖေကိုလည်း စကား ကောင်းကောင်းမပြောဘူး။ ဒါပေမယ့် သမီးလေးဟာ သူ့အဖေနဲ့ တွေ့ခွင့်ရှိတဲ့အတွက် အစ်မကိုယ်တိုင်က တွေ့ခွင့်ပေးတာပါ’’ ဆိုပြီးတော့ နိုဝင်ဘာလ ၆ ရက်နေ့က ဦးစိုင်းမျိုးဝင်း မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာပါ။

Photo: Myo Sandy Kyaw

မျိုးစန္ဒီကျော်ဟာ ဂျူဝယ်လ် အရွယ်ရောက်လာတဲ့ အချိန်မှသာ ဖခင်ဖြစ်သူနဲ့ တွေ့ချင်စိတ်ရှိမရှိ ကိုယ်တိုင်ဆုံးဖြတ်လိမ့်မယ်လို့ ဆိုပါတယ်။

‘’ သူ ငယ်တဲ့အရွယ်မှာတော့ မိဘတွေ စီမံတာကို သူ လက်ခံရမှာပေါ့နော်။ ကြီးလာမှ တွေ့ခြင်း၊ မတွေ့ခြင်းကတော့ သူ့ရဲ့ ဆန္ဒပေါ့လေ။ အစ်မက သူ့အဖေကို အဖေလို့ခေါ်တာ မကြိုက်ဘူးလို့ သူထင်နေပုံရပါတယ်။ အစ်မကလည်း သူနားလည်အောင်ပြောရတယ်။ မေမေနဲ့ အဆင်မပြေတာ သမီးအဖေကတော့ အဖေပဲ ခေါ်ရမယ်၊ ပြောရမယ်လို့ ပြောတော့မှ နည်းနည်း လက်ခံတာ’’ လို့ သူကဆိုပါတယ်။

Photo: Myo Sandy Kyaw

ဇာတ်ကားမရိုက်တာ လေးနှစ်ကျော်၊ ငါးနှစ်လောက် ရှိနေပြီဖြစ်တဲ့ သရုပ်ဆောင်မျိုးစန္ဒီကျော်ကို မကြာခင် TV ဖန်သားပြင်ထက်မှာ ပြန်လည် မြင်တွေ့ရတော့မှာပါ။ တစ်ခေတ်တခါက အောင်မြင်ခဲ့တဲ့သူမဟာ အိမ်ထောင်ကျသွားပြီးနောက် အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့ရတာပါ။ လက်ရှိမှာတော့ သမီးလေးနဲ့အတူ တီဗီကြော်ငြာတွေ ရိုက်ကူးနေတာဖြစ်ပါတယ်။ အဲဒီနောက် ရုပ်သံဇာတ်လမ်းတွဲလည်း ရိုက်ကူးထားပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က