သူမရဲ့ အချစ်ရေး အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောခဲ့တာပါ။

ပိုးကြာဖြူခင်ကတော့ ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ သူမရဲ့ အချစ်ရေးအကြောင်းကို အခုလို ပြောပြလာပါတယ်။ 

Photo: Poe Kyar Phyu Khin



ပိုးကြာဖြူခင်ဟာ အချစ်ရေး သတင်းတွေကြောင့် သူမကို မိခင်ဖြစ်သူက ချစ်သူ ထားစေချင်နေပြီလို့ ပြောပါတယ်။ အနုပညာအလုပ်နဲ့ ပတ်သက်လာရင် အရမ်းကြိုးစားတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်တာကြောင့် အချစ်ရေးအတွက် အချိန်မပေးနိုင်သေးတဲ့ အကြောင်းကိုလည်း ပိုးကြာဖြူခင်က Duwun ကိုပြောပါတယ်။ 

“ အမေဆိုလည်းပြောတယ်။ သမီး နင် ရည်းစားထားသင့်ပြီထင်တယ်တဲ့။ ဘယ်တော့လောက် ထားမလဲ ပြောလာရင်လည်း လောလောဆယ် လောကီရေးရာကို စိတ်ကုန်နေလို့ ဘုရား၊ တရားလေး လုပ်ပြီးတော့ ကိုယ့် အလုပ်ကိုပဲ ကြိုးစားသွားပါ့မယ်လို့ ပြောချင်ပါတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Poe Kyar Phyu Khin

ပိုးကြာဖြူခင်က လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အေးနေဝင်းနဲ့ အတူရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး အခုလို ပြောပြလာပါတယ်။ အနုပညာအလုပ် အတူတူ တွဲလုပ်နေတဲ့ သရုပ်ဆောင်၊ အဆိုတော် တွေနဲ့လည်း ပေးစားကြတာတွေရှိတယ်လို့ ပြောပါတယ်။ 

“ တစ်ယောက် ယောက်နဲ့ Relationship တင်ပြီးတော့ ပေါ်တင်တွဲပြီဆိုရင် အဲဒီ ဓာတ်ပုံတွေကိုပဲ ဖွစရာရှိမယ်လို့ ထင်ပါတယ်။ အခုကျတော့ ကိုစိန်လင်းနဲ့ တွဲရိုက်ပြီဆိုရင်လည်း ကိုစိန်လင်းနဲ့ ပေးစားတယ်။ အဆိုးဆုံးကတော့ ဟိုတလောက စည်သူဝင်းနဲ့ တော်တော်လေး နာမည်ထွက်တယ်။ နယ်က လူတွေကအစ သွားပြီဆိုရင် ကိုရဲမပါဘူးလား။ ကိုရဲ ရဲ့ချစ်သူမဟုတ်လား ဆိုပြီးတော့ ဝိုင်းပြီး ပေးစားကြတာတွေရှိတယ်။ မင်းသမီးဖြစ်နေတဲ့အတွက် ကိုယ်နဲ့ တွဲပြီးတော့ သီချင်းဆိုတဲ့ သူတွေ၊ သရုပ်ဆောင်တဲ့ သူတွေ အနည်းဆုံး အတူတူ သရုပ်ဆောင်တဲ့ သူတွေ၊ ထမင်းအတူတူစားမိလို့ သူများက ဓာတ်ပုံ တွဲရိုက်လိုက်တယ်ဆိုရင်တောင် သူတို့ နှစ်ယောက်က တွဲနေတာလား ဆိုတဲ့ မေးခွန်း ထုတ်ခံရတယ်” လို့ ဇူလိုင် ၂၂ ရက်နေ့က ပြောပြခဲ့ပါတယ်။ 

Photo: Poe Kyar Phyu Khin

ပိုးကြာဖြူခင်ဟာ အချစ်ရေး သတင်းတွေကြောင့် သူမကို မိခင်ဖြစ်သူက ချစ်သူ ထားစေချင်နေပြီလို့ ပြောပါတယ်။ အနုပညာအလုပ်နဲ့ ပတ်သက်လာရင် အရမ်းကြိုးစားတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်တာကြောင့် အချစ်ရေးအတွက် အချိန်မပေးနိုင်သေးတဲ့ အကြောင်းကိုလည်း ပိုးကြာဖြူခင်က ဆက်လက် ပြောပြလာပါသေးတယ်။  

“ အမေဆိုလည်းပြောတယ်။ သမီး နင် ရည်းစားထားသင့်ပြီထင်တယ်တဲ့။ ဘယ်တော့လောက် ထားမလဲ ပြောလာရင်လည်း လောလောဆယ် လောကီရေးရာကို စိတ်ကုန်နေလို့ ဘုရား၊ တရားလေး လုပ်ပြီးတော့ ကိုယ့် အလုပ်ကိုပဲ ကြိုးစားသွားပါ့မယ်လို့ ပြောချင်ပါတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Poe Kyar Phyu Khin

ပိုးကြာဖြူခင်ကိုတော့ ဝင်္ကပါစံအိမ် ၊ မယ်မယ်ထိပ်နဲ့ အမွေဆိုင်အိမ်၊ ဥယျာဉ်မှူး ဖြစ်ဖူးချင်သည် စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ် စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် မိုးကောင်ကင်အိမ်မက် ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှု ပိုမိုရရှိခဲ့ပါပြီ။ သူ့ရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာရိုက်ကူးရေးတွေအပြင် ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေရတယ်လို့ ဆိုပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က