အမေ တစ်ယောက်ချင်းစီကိုလည်း ငွေကျပ်(၅) သောင်းလှူခဲ့ပါသေးတယ်တဲ့။
Sabal Thwin

မြတ်သူသူဟာ အနုပညာလောကထဲမှာ အမေတွေလို ချစ်ရတဲ့ အမေများအဖွဲ့အတွက် သူမ တတ်နိုင်သလောက် ကုသိုလ်အလှူလေးလုပ်ခဲ့တယ်လို့ဆိုပါတယ်။ 

photo: myat thu thu

သရုပ်ဆောင် မြတ်သူသူ ကတော့ ဝါရင့်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ အမေများ အဖွဲ့အတွက် အလှူငွေကျပ်(၁၀) သိန်းကို လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ 

"ကိုယ့်လောကရဲ့အမေတွေဟာ ကိုယ့်အမေတွေပါပဲ။ ဒါကြောင့် ဒီနေ့ အမေများအိမ်ရာ ငွေပဒေသာပင်အတွက် အလှူငွေ (၁၀)သိန်းနဲ့ အမေတစ်ယောက်ချင်းဆီကို (၅) သောင်းကျပ်ဆီ နိုင်သလောက်ကုသိုလ်ပြု ကန်တော့ခဲ့ပါတယ်။ ခုထက်မက မိမိဝန်းကျင်ကို အကျိုးပြုနိုင်သော တန်ဖိုးရှိတဲ့သူတယောက်ဖြစ်ချင်ပါတယ်" ဆိုပြီးတော့ မေလ ၁၉ ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာပါ။ 

photo: myat thu thu

COVID-19 ကာလမှာ မပြေလည်တဲ့ အနုပညာလောကသားတွေကို ပြေလည်တဲ့ အနုပညာရှင်များက ငွေကြေးနဲ့ စားနပ်ရိက္ခာထောက်ပံ့မှုတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကလည်း အလွှာအသီးသီးမှာရှိတဲ့ မပြေလည်တဲ့ အနုပညာလောကသားတွေအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့နေတာကိုလည်း တွေ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ရုပ်ရှင်ရိုက်ကူးရေးတွေလည်း နားထားရတယ်လို့ သိရပါတယ်။ 

photo: myat thu thu

မြတ်သူသူကိုတော့ ပရိသတ်တွေက ဝိညာဉ်ရှိုက်သံ၊ ဝင်္ကပါစံအိမ်၊ ရတနာထဲကရတနာ စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာကြတာပါ။ အဲဒီနောက် ‘’ပျားရည်အိုင်’’ ရုပ်သံဇာတ်လမ်းတွဲထဲမှာ ‘’မြညို’’ ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်တွေ ပိုမိုအားပေးလာကြတာ တွေ့ရပါတယ်။ အခုချိန်ထိလည်း ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း ပရိသတ် အခိုင်အမာ ရရှိလာသူ ဆိုရင်လည်း မမှားပါဘူး။ 




ဆက်စပ်အကြောင်းအရာများ


က္က