ချစ်သူသက်တမ်း ၇ နှစ်ကျော်ခဲ့ပါပြီ။

ကောင်းပြည့်က သူ့အတွက် အမြဲတမ်း Surprise လုပ်တတ်တဲ့ ချစ်သူလေး သန္တာဗိုလ်အကြောင်းပြောပြလာပါတယ်။ အခုဆိုရင်လည်း သူတို့ရဲ့ ချစ်သူ သက်တမ်းက ၇ နှစ်ကျော်ပြီဖြစ်ပါတယ်။

Photo: Kaung pyae



သရုပ်ဆောင် ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ ချစ်သူ နှစ်ယောက်ဟာ အခုဆိုရင် ချစ်သူသက်တမ်း ၇ နှစ်ကျော်လာပြီဖြစ်ပါတယ်။ ဒါပေမယ့် လက်ထပ်ဖို့အတွက်ကိုလည်း ကောင်းပြည့်က သူကိုယ်တိုင် စိတ်ကူးထားတဲ့အရာလေးရှိတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ချစ်သူ သက်တမ်းက ၇ နှစ်ကျော်လာပြီ။ ဒီလောက်အကြာမှာ မင်္ဂလာပွဲအတွက် ကျွန်တော်သတ်မှတ်ထားတဲ့ ကာလတစ်ခုတော့ ရှိပါတယ်။ သူ့ကိုလည်း ကျွန်တော် ဘာမှမပြောဖြစ်သေးပါဘူး။ အိမ်ထောင်တစ်ခု ထူထောင်ဖို့ အတွက်ကလည်း အဆင်မပြေကြသေးလို့ပါ’’ ဆိုပြီးတော့ ဇွန်လ ၁ ရက်နေ့က Sky Net ရဲ့ Pay per view အစီအစဉ်မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Kaung pyae

တစ်ယောက်နဲ့ တစ်ယောက် Anniversary နေ့တွေမှာလည်း ကောင်းပြည့်ထက် သန္တာဗိုလ်က Surprise ဖြစ်အောင် ပိုလုပ်တတ်တယ်လို့ ဆိုပါတယ်။ ချစ်သူလေး သန္တာဗိုလ်ရဲ့ Surprise တွေကြောင့် ကောင်းပြည့်တစ်ယောက် ပျော်ရွှင်ခဲ့ရတဲ့ အချိန်တွေရှိတယ်လို့ ဆိုပါတယ်။

‘’ ကျွန်တော် Surprise လုပ်တာကို သူက ကြိုသိနေတာ။ အဲဒီဘက်ကို ကျွန်တော်က လုပ်မှာ မလုပ်တတ်တာလေ၊ ကျွမ်းလည်း မကျွမ်းကျင်ဘူး။ လက်ဆောင်လေးပေးမယ်ဆိုရင်လည်း အနောက်လေးကိုဝှက် ရှေ့ရောက်မှ ထုတ်ပြ ဒါ Surprise ပေါ့နော်။ သူကျတော့ လုံးဝမထင်ထားတဲ့ အခါတွေပေါ့နော် သူများမွေးနေ့ပွဲကို သွားမယ် ဆိုပြီး ကိုယ့်ကို မွေးနေ့လုပ်ပေးတာမျိုးတွေ၊ ကိုယ်မထင်ထားတာတွေသူက စဉ်းစားပြီးတော့ လုပ်တတ်တယ်’’ လို့ ပြောပါတယ်။

Photo: Bling

ဒါကြောင့် ဇွန်လ ၁ ရက်နေ့မှာ ချစ်သူ သက်တမ်း ၇ နှစ်နဲ့ ၃ လပြည့်ခဲ့တာကြောင့် ကောင်းပြည့်ရဲ့ ရင်ထဲက စကားတွေကို ချစ်သူလေး သန္တာဗိုလ်အတွက် အမှတ်တရ စကားလက်ဆောင်ပါးခဲ့တာဖြစ်ပါတယ်။

‘’ ၇ နှစ်နဲ့ ၃ လက နေပြီးတော့ နောက်ထပ် နှစ်ပေါင်းများစွာတိုင်အောင် နေ့ရက်တွေ ကုန်ဆုံးတဲ့အထိ အခုလို ပျော်ပျော်ရွှင်ရွှင်လေးနဲ့ အဆင်ပြေလိုက် မပြေလိုက်ဆိုတာထက်ကို အဆင်ပြေပြေလေးပဲ နေချင်ပါတယ်။ သူကလည်း ကျွန်တော့်ကို တော်တော်ချစ်ပါတယ်’’ လို့ ဆိုပါတယ်။

Photo: Kaung pyae

ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ ချစ်သူနှစ်ယောက်ကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ စုံတွဲလေးဟာ ဗီဒီယိုဇာတ်ကားတွေမှာလည်း အတူတွဲပြီးသရုပ်ဆောင် နေရတာ ဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ဦးဟာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဆိုတဲ့ စုံတွဲလေးပါ။ အားပေးကြတဲ့ ပရိသတ်တွေရှိသလို ဝေဖန်မှုတွေနဲ့ တိုက်ခိုက်ကြတဲ့ ပရိသတ်တွေလည်း ရှိခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က