ဒီနေ့ ရုံးချိန်း အခြေအနေကို ပြောပြလာပါတယ်။

သရုပ်ဆောင် ဝေဠုကျော်ကတော့ ဒီနေ့ တက်ရောက်လာတဲ့ ရုံးချိန်းမှာ တရားရင်ဆိုင်နေရတဲ့ အမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။ 

ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် ဝေဠုကျော်ရဲ့ အမှုနဲ့ ပတ်သက်ပြီး ဒီနေ့ သြဂုတ်လ(၁၄) ရက်နေ့မှာ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ရုံးချိန်းပြုလုပ်ခဲ့ပါတယ်။ ဒီရုံးချိန်းကိုတော့ သရုပ်ဆောင် ဝေဠုကျော် နဲ့ မသင်းသင်းတို့ကလည်း တက်ရောက်ခဲ့ပါတယ်။



သရုပ်ဆောင် ဝေဠုကျော်ကိုယ်တိုင်ကလည်း တစ်နှစ်ခွဲအကြာ တရားရင်ဆိုင်နေရတဲ့ အမှု နဲ့ ပတ်သက်ပြီး " အချိန်တန်ရင် ပြီးသွားမှာပါ" လို့ မီဒီယာတွေကို ဒီနေ့ သြဂုတ်လ(၁၄) ရက်နေ့ ရုံးချိန်းမှာ ဖြေဆိုခဲ့ပါတယ်။ 

ဒီနေ့ ရုံးချိန်းမှာတော့ တရားစွဲဆိုခံထားရသူ သရုပ်ဆောင် ဝေဠုကျော်ရဲ့ ရှေ့နေက မသင်းသင်းကို သိက္ခာတရားနဲ့ သက်ဆိုင်တဲ့ အတိတ်ကအကြောင်းတွေကို မေးမြန်းခဲ့တယ်လို့ သင်းသင်းက မီဒီယာတွေကို ပြောလာပါတယ်။  

" ဒီနေ့ ရုံးချိန်းအခြေအနေကတော့ အစ်မ သိက္ခာတရားနဲ့ ပတ်သက်ပြီးသူတို့တွေ မေးထားတာ ရှိတာပေါ့။ အစ်မ သိက္ခာတရားနဲ့ ဆိုင်ခဲ့တဲ့ အတိတ်အကြောင်းပေါ့။ ရုံးတော်မှာ စာရွက်မိတ္ထူတွေ တင်ထားတာရှိတယ်။ ဒီစာရွက်တွေကို ဘယ်က ရလာမှန်း အစ်မ မသိဘူး ရုံးတော်က လက်ခံလိုက်တယ်။ အစ်မက ဦးကျော်မင်းထွန်းဆိုတဲ့ အရာတစ်ခုမှာ ဘာကြောင့် တရားမစွဲခဲ့တာလဲဆိုတဲ့ အပေါ်မှာ သူက မိသားစုရှိတယ်၊ ပြန်ပေါင်းချင်တယ်ပြောတယ်၊ ကလေးရှိနေလို့ အစ်မကိုယ်တိုင်ကလည်း သူများမိသားစုကို မဖြိုခွဲချင်လို့ တရားမစွဲခဲ့ဘူး။ အစ်မသည် မယားငယ်လုံးဝ မဟုတ်ခဲ့ပါဘူး။ ဝေဠုကျော်နဲ့ စပြီး ပတ်သက်စဉ်ကတည်းက အစ်မရဲ့ အတိတ်အကြောင်း၊ ဖြတ်သန်းလာတဲ့ အရာတွေ အကုန်လုံး ဝေဠုကျော်ကို ပြောပြခဲ့ပြီးမှ အစ်မတို့ နှစ်ယောက် ရှေ့ဆက်ခဲ့တာပါ။ " လို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့ကတည်းက သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်ရယူမှု ပုဒ်မ (၄၁၇)နဲ့ သင်းသင်းက တရားစွဲဆိုခဲ့တာဖြစ်ပြီးအခုဆိုရင် ယင်းအမှုဟာ အချိန်တစ်နှစ်ကျော် ကြာမြင့်ခဲ့ပါပြီ။ အခုအချိန်ထိ စစ်ဆေးမေးမြန်းတွေ ဆက်တိုက်လုပ်နေပေမယ့်လည်း အမှုပြီးမယ့်အချိန်ကိုခန့်မှန်းလို့ မရသေးကြောင်း ဦးဝေဖြိုးမြတ်က Duwun ကို ပြောပြခဲ့ဖူးပါတယ်။ သင်းသင်းက ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့က ကာမလိမ်လည်ရယူမှု ပုဒ်မ (၄၁၇) နဲ့ သရုပ်ဆောင် ဝေဠုကျော်ကို တရားစွဲဆိုဖို့ သင်္ကန်းကျွန်း တရားရုံးမှာ ဦးတိုက် လျှောက်ပြီးနောက် ၂၀၁၉ ဇန်နဝါရီလ (၂၂) ရက်နေ့ ပထမဆုံး ရုံးချိန်းမှာ သရုပ်ဆောင် ဝေဠုကျော်က ငွေကျပ်သိန်း(၅၀) နဲ့ အာမခံ ရရှိခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က