ရုံးချိန်းသုံးချိန်းအတွင်း စစ်ဆေးသွားမယ်လို့ သိရပါတယ်။
Ei Ei Myat

အမှုသည် နှစ်ဖက်စလုံးဟာ ဒီအမှုနဲ့ ပတ်သသက်ပြီး ကျေအေးပေးဖို့ ဆန္ဒမရှိတာကြောင့် အမှုကို ရုံးချိန်း သုံးချိန်း သတ်မှတ်ပြီး ဆက်လက်စစ်ဆေးသွားဖို့ ရှိတယ်လို့ ရန်ကင်းတရားရုံးက ပြန်ကြားရေးအရာရှိက ဆိုပါတယ်။

မိုးအောင်ရင်ရဲ့ ရည်းစားဟောင်း ဖြစ်သူ ခင်မြတ်နိုးက သူမစွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်ပြီး ကျေအေးပေးဖို့ လုံးဝဆန္ဒမရှိဘူးလို့ ဒီနေ့မှာ ပြောခဲ့ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး နှစ်ဦးသဘောတူ လာရောက်ညှိနှိုင်းခြင်းမျိုး မရှိဘူးလို့ သူမက ဆိုပါတယ်။

“ဆုံးဖြတ်ပြီးသားကိစ္စဖြစ်လို့ မကျေအေးပေးပါဘူး။ အမှုကို ရက်၁၈၀ အတွင်း အပြီးသတ် စစ်ဆေးပေးမယ် ဆိုတော့ အရမ်းပျော်ပါတယ်။ ပုံမှန်ဆို အမှုတစ်ခုက အရမ်းကြာတယ်။ ညီမလည်း မိုးအောင်ရင်ရဲ့ အမှုကို လိုက်လုပ်ပေးဖူးတော့ သိတယ်။ အခုတော့ ရက်ပေါင်း ၁၈၀ အတွင်းအပြီးလုပ်မယ်ဆိုတော့ ပျော်ရတယ်။ ကိုယ့်အတွက်လည်း စိတ်ချမ်းသာရတယ်” လို့ ဒီနေ့(ဇန်နဝါရီ၁၇ရက်) ရုံးချိန်းမှာ မီဒီယာတွေကို ပြောပြခဲ့ပါတယ်။

အမှုသည် နှစ်ဖက်စလုံးဟာ ဒီအမှုနဲ့ ပတ်သက်ပြီး ကျေအေးပေးဖို့ ဆန္ဒမရှိတာကြောင့် အမှုကို ရုံးချိန်း သုံးချိန်း သတ်မှတ်ပြီး ဆက်လက်စစ်ဆေးသွားဖို့ ရှိတယ်လို့ ရန်ကင်းတရားရုံးက ပြန်ကြားရေးအရာရှိက ဆိုပါတယ်။

“ဒီနေ့အစည်းအဝေးမှာ နှစ်ဖက်စလုံးက ကျေအေးပေးဖို့ ဆန္ဒမရှိကြဘူး။ အဲဒါကြောင့် အမှုကို ဆက်လက်စစ်ဆေးမယ်။အခုချိန်ထိ တရားလိုဘက်က နောက်တိုးသက်သေတင်ပြထားခြင်းမရှိပါဘူး” လို့ ဒီနေ့ (ဇန်နဝါရီ၁၇ရက်)ရုံးချိန်းမှာ မီဒီယာတွေကို ပြောခဲ့တာ ဖြစ်ပါတယ်။

မိုးအောင်ရင်ကို ရည်းစားဟောင်းက ရန်ကင်းမြို့နယ်တရားရုံးမှာ ကာမလိမ်လည်မှုနဲ့ ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်ကတော့ ဒီဇင်ဘာ၁၃ရက်နေ့က ပြုလုပ်တဲ့ ရုံးချိန်းမှာ သိန်း(၁၀၀)နဲ့ အာမခံရခဲ့တာဖြစ်ပါတယ်။

မိုးအောင်ရင်ဟာ ချစ်သူကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အွန်လိုင်းမီဒီယာတစ်ခုမှာ အင်တာဗျူးပြီးနောက်ပိုင်း ယခုလို တရားစွဲဆိုခြင်း ခံရတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် မိုးအောင်ရင်ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၄၁၇ဟာ လိမ်လည်မှုပုဒ်မဖြစ်ပြီး ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရနိုင်သည်ဟု ရာဇသတ်ကြီး ဥပဒေမှာ ပြဌာန်းထားကြောင်း သိရပါတယ်။


Author


က္က