သားအကြီးဆုံးကတော့ အနုပညာအလုပ်တွေ လုပ်နေပါပြီ။

မင်းသူဟာ သူ့ရဲ့ အနုပညာအလုပ်ကိုတော့ သားသမီး ၃ ယောက်စလုံးကို အမွေပေးချင်တယ်လို့ဆိုပါတယ်။ အခုဆိုရင်တော့ သားအကြီးဆုံးဖြစ်တဲ့ မင်းသန့်ကိုကို ကလည်း အနုပညာလမ်းကြောင်းပေါ် ရောက်လာပြီလို့ ပြောပါတယ်။

Photo: Min Thu



သရုပ်ဆောင်မင်းသူက သားဖြစ်သူ မင်းသန့်ကိုကိုရဲ့ အနုပညာအလုပ်အပေါ် ဖခင်တစ်ယောက်ရဲ့ စိတ်ခံစားချက်ကို ပြောပြလာပါတယ်။ ဒါပေမယ့် အများကြီးတော့ မျှော်လင့်မထားဘူးလို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’အများကြီးတော့ မျှော်လင့်မထားသေးဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အနုပညာအပေါ် လျှောက်မယ့် ခြေလှမ်းတွေက ဘာမှကို အဆင်သင့်မဖြစ်သေးဘူးဆိုတော့လေ။ သေချာပြောလို့တော့ မရသေးဘူး။ စောင့်တော့ စောင့်ကြည့်ရဦးမှာပါ။ သူက စကားတော့ နည်းတယ်။ အစ်ကိုနဲ့တူတာပါ’’ လို့ သဘောကျရယ်မောရင်းဖြေဆိုခဲ့တာပါ။

Photo: Min Thu

မင်းသူဟာ ပရိသတ်လက်ခံတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့အတွက် ကိုယ်တိုင်ကြိုးစားမှုက အဓိက ကျတယ်လို့ ဆိုပါတယ်။

‘’ အဓိက ကတော့ စိတ်ပါပဲ။ တစိုက်မတ်မတ်လုပ်တဲ့စိတ်ပေါ့နော်။ လေ့လာတဲ့အရာတွေ၊ သင်ယူတဲ့အရာတွေ ကလည်း ကိုယ်ကိုယ်တိုင် ကြိုးစားရမှာလေ။ ကိုယ်ကိုယ်တိုင်ကြိုးစားမှ နေရာတစ်နေရာကို ရောက်လာမှာပါ’’ ဆိုပြီးတော့ ဇွန်လ ၂၂ ရက်နေ့က အမျိုးသမီးရေးရာ လေ့ကျင့်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Min Thu

အခုဆိုရင်တော့ မင်းသူဟာ သားသမီး ၃ ယောက်ပိုင်ဆိုင်ထားတဲ့ ဖခင်ဖြစ်ပါတယ်။ သူ့လိုပဲ အနုပညာကို ဝါသနာပါဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

‘’ သားသမီး ၃ ယောက်မှာ သူက အကြီးဆုံးပါ။ ကျန်တဲ့ နှစ်ယောက်ကတော့ သမီးတွေပါ။ တစ်ယောက်က ၃ တန်း၊ နောက်တစ်ယောက်က ၃ နှစ်ပေါ့။ ငယ်တာက ငယ်သေးတယ်။ သားသမီးအကုန်လုံးကိုတော့ အစ်ကိုပေးနိုင်တဲ့ အနုပညာအမွေတွေကို အကုန်ပေးမှာပါ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Min Thu

မင်းသူရဲ့ သားဖြစ်သူ မင်းသန့်ကိုကို ကိုတော့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ရွှေကြိုမောင် တစ်ဦးအဖြစ် ပရိသတ်တွေက စတင်သိရှိလာခဲ့တာပါ။ အခုဆိုရင်လည်း မင်းသူက သူ့ရဲ့ အနုပညာလှုပ်ရှားမှုတိုင်းမှာ သားဖြစ်သူ မင်းသန့်ကိုကို ကိုလက်တွဲခေါ်လာတာ တွေ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က