Covid ကာလမှာ အလုပ်တွေ နားထားတယ်။

R ဇာနည်ဟာ ဖခင်တစ်ယောက်အနေနဲ့ သားသမီးကို ချစ်တဲ့ စိတ်ကြောင့် ပြောင်းလဲလာခဲ့တာတွေရှိတယ်လို့ ဆိုပါတယ်။ 

Photo: R Zar Ni



အဆိုတော် R ဇာနည်ကတော့ အ ခုဆိုရင် သား နှစ်ယောက်၊ သမီးတစ်ယောက်ရဲ့ ဖခင်ဖြစ်လို့နေပါပြီ။ Rဇာနည်က အလုပ်တွေ နားနေရတဲ့အချိန်မှာ (၂)လသားအရွယ် သမီးလေးကို သူနာပြု အကူမခေါ်ဘဲ ကိုယ်တိုင် ထိန်းပေးနေတယ်လို့ ဆိုပါတယ်။ 

“ကလေးတွေကို ထိန်းတာကတော့ ကျွန်တော်လည်း ထိန်းရတယ်။ Covid ကာလမှာ အနုပညာ အလုပ် တွေကလည်း ရပ်သွားတဲ့အခါကျတော့ အိမ်အလုပ်တွေကိုလည်း ဝိုင်းကူ လုပ်ပေးတာပေါ့နော်။ အခုဆို သမီးလေးကို နာ့စ် တွေလည်း မခေါ်ဘူး။ ကိုယ့်ဘာသာကိုယ်ပဲ ထိန်းနေကြတာ။ ကျွန်တော်လည်း အဖေ တစ်ယောက်အနေနဲ့ လိုအပ်တာ မှန်သမျှ ဝင်လုပ်ပေးတာမျိုးတွေရှိပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: R Zar Ni

R ဇာနည်က သမီးလေးနာမည်ကို မေဘုန်းဇာနည်ဆိုပြီး ပေးထားတာတွေ့ရပါတယ်။ သမီးလေး မွေးတဲ့အချိန်တုန်းကလည်း သမီးရှင်တစ်ယောက်ဖြစ်တဲ့ သူအနေနဲ့ နေထိုင်မှု ပုံစံတွေ ပြောင်းလဲရတော့မယ်ဆိုပြီး ပြောခဲ့ဖူးပါသေးတယ်။ အခုဆိုရင်တော့ R ဇာနည်ဟာ သားသမီးကို ချစ်တဲ့ စိတ်နဲ့ ဘာကိုမှ လုပ်ယူပြီး ပြောင်းလဲစရာမလိုအောင်ကို ပြီးပြည့်စုံတဲ့ ဖခင်တစ်ယောက် ဖြစ်လို့နေပါပြီ။

“ သမီးလေးကို မွေးလာ တော့ ထွေထွေထူးထူးပြုပြင်ပြောင်းလဲစရာမလိုဘူးလေ။ သားသမီးကို ချစ်တဲ့ စိတ်က အော်တို ဖြစ်လာတာပေါ့နော်” ဆိုပြီး Duwun ကိုပြောပါတယ်။

Photo: R Zar Ni

မိဘနှစ်ပါးရဲ့ ချောမောလှပမှုတွေကို အပြည့်အဝရရှိထားတဲ့ R ဇာနည်ရဲ့ သားသမီးလေးတွေဟာလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိလို့နေပါပြီ။ Rဇာနည်ကတော့ သားသမီးသုံးယောက် ရှိနေပြီဖြစ်တာကြောင့် နောက်ထပ်ရင်သွေးလေး ယူဖို့ကိုတော့ မစဥ်းစားတော့ဘူးလို့ ပြောပြခဲ့ပါသေးတယ်။

“ ကျွန်တော်တို့တော့ နောက်ထပ် ကလေး ထပ်မယူဖြစ်တော့ပါဘူး။ တော်တော်လေးလည်း ပြည့်စုံနေပါပြီ။” လို့ ဆိုပါတယ်။ အဆိုတော် R ဇာနည်ကတော့ သမီးတစ်ယောက်၊ သားနှစ်ယောက်နဲ့ သသာယာတဲ့အိမ်ထောင်ရေးလေး တစ်ခုကို ပိုင်ဆိုင်ထားသူပါ။ 

Photo: R Zar Ni

Rဇာနည် (R Zar Nyi)က င့ါကိုချစ်တဲ့သူ၊ စည်းတစ်ဖက်ခြား စတဲ့ တစ်ကိုယ်တော်အခွေတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပြီး အတွဲခွေတွေ များစွာမှာလည်း ပါဝင်သီဆိုခဲ့သူပါ။ ထို့နောက် Owntune သီချင်းတွေချည်း ပါဝင်တဲ့ ကမ္ဘာသား သီချင်းခွေကလည်း ပရိသတ်တွေကြားပေါက်ခဲ့တဲ့ သီချင်းခွေတစ်ခွေ ဖြစ်ခဲ့ပါတယ်။ Rဇာနည်ဟာ လက်ရှိမှာ သားနှစ်ယောက် ပိုင်ဆိုင်ထားပါတယ်။ သာယာတဲ့ မိသားစုလေးနဲ့ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို လုပ်ဆောင်နေတဲ့ အောင်မြင်နေဆဲ အဆိုတော်တစ်ဦးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က