ဘယ်သူရမယ်ထင်လဲ။

ပရိသတ်တွေ မျှော်လင့်စောင့်စားနေကြတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးက မကြာခင်မှာပြုလုပ်တော့မှာ ဖြစ်ပါတယ်။ မတ်လ(၂၃) ရက်နေ့ The One Entertainment Park မှာ ပြုလုပ်မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ဘယ်အနုပညာရှင်တွေက အကယ်ဒမီ ဆုတွေကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိမလဲဆိုတာ စောင့်မျှော်နေသူအားလုံး ရင်ခုန်နေကြပါပြီ။

ဒီနှစ်ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီး မတိုင်ခင် အမျိုးသမီးဇာတ်ဆောင်ဆုအတွက် ပရိသတ်တွေကြား ရေပန်းစားနေတဲ့ သရုပ်ဆောင်တွေက ဖွေးဖွေး၊ ဝတ်မှုံရွှေရည်၊ရွှေမှုံရတီ၊ ပိုင်ဖြိုးသု တို့ဖြစ်ပါတယ်။သူတို့တွေ ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေဟာလည်း ဆန်ခါတင် (၂၅)ကားစာရင်းထဲပါဝ င်ခဲ့ပါ တယ်။ အဲဒီ (၂၅)ကားမှာ ဖွေးဖွေးက (၆)ကား ၊ ဝတ်မှုံရွှေရည်က (၂)ကား၊ ရွှေမှုံရတီက(၂)ကားနဲ့ ပိုင်ဖြိုးသုက(၁)ကား ပါဝင်ထားကြပါတယ်။

Photo : Amazing Grace

ဖွေးဖွေးပါဝင်ထားတဲ့ ဇာတ်ကား (၆)ကားက မုန်းစွဲ၊ ရွှေကြာ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ သမ္မတကြီးထံပေးစာ၊သတို့သမီး၊ ငါ့ကိုနမ်းတဲ့မုန်တိုင်း စတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်ပြီး ဝတ်မှုံရွှေရည်ပါဝင်ထားတဲ့ ဇာတ်ကား(၂)ကားက ဇာတိမြေ၊ လရောင်ဖြာတဲ့အင်းလေးမှာတို့ဖြစ်ပါတယ်။

ရွှေမှုံရတီပါဝင်ထားတဲ့ ဇာတ်ကား(၂)ကားက ငဒူနဲ့ ငယ်ကျွန်ဇာတ်ကားဖြစ်ပြီး ပိုင်ဖြိုးသုက မီ ဇာတ်ကားဖြစ်ပါတယ်။ သူတို့လေးယောက်စလုံးဟာ ပါဝင်တဲ့ဇာတ်ကားတိုင်းမှာ ကျရာဇာတ်ရုပ်တွေကို အကောင်းဆုံး ပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့ကြတာကြောင့် အမျိုးသမီးဇာတ်ဆောင်ဆုအတွက် ပရိသတ်တွေကြားရေပန်းစားနေကြသူတွေ ဖြစ်ပါတယ်။

Photo : Amazing Grace

အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ပတ်သက်ပြီး ပရိသတ်တွေကလည်း သူတို့ခံစားချက်ကို ပြောပြခဲ့ပါတယ်။

“ဒီနှစ်အကယ်ဒမီကတော့ ရင်ခုန်စရာကြီး ဇာတ်ကားကောင်းတွေ အများကြီးရှိတယ်။ အားလုံးကလည်း ကောင်းကြတော့ အားလုံးကို ရစေချင်တယ်။ ဒါပေမဲ့ အမျိုးသမီးဇာတ်ဆောင်ထဲမှာဆိုရင် ဇာတိမြေကားနဲ့ ဝတ်မှုံရွှေရည်ကို ရစေချင်တယ်”လို့ လသာမြို့နယ်မှာနေတဲ့ မသရဖီဦးက Duwun Media ကို ပြောပြခဲ့ပါတယ်။

နောက်တစ်ဦးကတော့ ဖွေးဖွေးနဲ့ ပိုင်ဖြိုးသုကို ရစေချင်တယ်လို့ ဆိုလာပါတယ်။

“ဒီနှစ်မှာ ကြည့်ဖြစ်တဲ့ ကားတွေအများကြီးရှိတယ်။ ဖွေးဖွေးကလည်း ပညာအရတော့ ရသင့်တယ်လို့ ထင်တယ်။ မုန်းစွဲမှာ သူတအားကောင်းတယ်။ဒါပေမဲ့ ဖွေးဖွေးနဲ့ ပိုင်ဖြိုးသုကို နှစ်ယောက်ကြားထဲမှာ ခံစားချက်က ရှိနေတယ်။ ရစေချင်တာက ဖွေးဖွေးထက် စာရင် ပိုင်ဖြိုးသုကို ရစေချင်တယ်။ မီကားထဲက ပိုင်ဖြိုးသုရဲ့ ကာရိုက်တာက ပိုခက်တယ်ထင်တယ်” လို့ ရုပ်ရှင်ချစ် ပရိသတ်တစ်ဦးက Duwun Media ကို ဖြေဆိုပေးခဲ့ပါတယ်။ရွှေမှုံရတီကိုလည်း ဒီနှစ်အကယ်ဒမီပေးပွဲမှာ အကယ်ဒမီဆုကို ရစေချင်တယ်လို့ ကမာရွတ်နေ ပိုးဥက ပြောပါတယ်။

“ဒီနှစ်မှာ ရွှေမှုံရတီကို ရစေချင်တယ်။သူဇာတ်ကားတွေ လည်းပါတော့လေသူ့ကိုရစေချင်တယ်” လို့ ဆိုပါတယ်။

Photo : Amazing Grace

ဖေွးဖွေးဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့သူပါ။

တ်မှုံရွှေရည်ကတော့၂၀၁၃ခုနှစ်က “နင်စေရင်” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုရရှိခဲ့သလို၂၀၁၄ခုနှစ်က “နှလုံးသားဖြင့်ပြုလုပ်သည်” ဇာတ်ကားနဲ့အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို ရရှိခဲ့သူပါ။

Photo :RBV

ပိုင်ဖြိုးသုက ၂၀၁၇ခုနှစ်အတွက် “3Girls” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းအမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားပါတယ်။ ဒီနှစ်အကယ်ဒမီပေးပွဲမှာ ဘယ်သရုပ်ဆောင်က အမျိုးသမီး ဇာတ်ဆောင်ဆုကို ပိုင်ဆိုင်နိုင်မလဲဆိုတာ မကြာခင် ပြုလုပ်မယ့် အကယ်ဒမီပေးပွဲမှာ တွေ့မြင်ရတော့မှာပါ။

အကယ်ဒမီပေးပွဲကြီးကို မတ်လ(၂၃)ရက်နေ့ ရန်ကုန်မြို့ရှိ The One Entertainment Park တွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။



က္က