သူမရဲ့ ဆုံးဖြတ်ချက်ကို အခုလို ပြောပြလာပါတယ်။

ခိုင်နှင်းဝေကတော့ သူမရဲ့ စိတ်နဲ့ ထပ်တူကျမယ့် ကလေးတစ်ယောက်ကို ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ အမွေပေးမယ်လို့ ဆိုပါတယ်။ 

Photo: Khine Hnin Wai



ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေကို တစ်ဦးတည်း ကြိုးစားလုပ်ကိုင်လျှက်ရှိတာ တွေ့ရပါတယ်။ သူမအနေနဲ့ အသက်အရွယ်တစ်ခု ရလာခဲ့ရင် သမီးလေး ရွှန်းရွှန်း အပြင် မွေးစားထားတဲ့ ကလေးတွေထဲကမှ တစ်ဦးကို ဂေဟာအမွေဆက်ခံသွားမယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ အစ်မလိုမျိုး ပရဟိတ စိတ်ဓာတ်ဖြစ်လာအောင်၊ ဒီကလေးတွေပေါ်မှာ ချစ်တတ်အောင်သင်ပေးရမှာပေါ့။ ဒီဂေဟာနဲ့ ပတ်သက်ပြီး အစ်မရဲ့ အမွေတစ်ခုအဖြစ် ဒီဂေဟာကို ဆက်ပြီး စောင့်ရှောက်နိုင်သူက ရွှန်းရွှန်းလည်း ဖြစ်ချင်ဖြစ်မယ်။ ရွှန်းရွှန်းမဟုတ်ရင်လည်း ဂေဟာမှာရှိတဲ့ ကလေးတွေထဲက တော်တဲ့ ထက်တဲ့လူ တစ်ယောက်ယောက်ကို လက်ဆင့်ကမ်းဖို့ အစ်မ ဆုံးဖြတ်ထားတယ်” လို့ သူကဆိုပါတယ်။ 

Photo: Khine Hnin Wai

လက်ရှိမှာတော့ ခိုင်နှင်းဝေဟာ ရွှန်းရွှန်းဆိုတဲ့ သမီးလေးနဲ့ အတူတူနေထိုင်တာ တွေ့ရပါတယ်။ ဒီသမီးလေးအပေါ် ထားရှိတဲ့ သူမရဲ့ သဘောထားကိုလည်း အခုလို ပြောပြထားပါသေးတယ်။ 

“ ရွှန်းရွှန်းရဲ့အနာဂတ် အတွက်ကတော့ အစ်မတို့က သူ့ကို မေတ္တာတရားပေးတယ်။ သူ ဝါသနာပါတဲ့ အလျှောက်ကို ကိုယ်က အတတ်နိုင်ဆုံး ထိန်းကျောင်းပေးမယ်။ လမ်းကြောင်းကို တည့်မတ်ပေးမယ်ပေါ့နော်။ ဒါပေမယ့် ကုသိုလ်ကံ၊ ကြိုးစားမှုတွေနဲ့လည်း ဆိုင်တာပေါ့။ ရွှန်းရွှန်းက အိမ်မှာ အထီးကျန်တယ်။ ဂေဟာကို လာရင် သူက အရမ်းပျော်တာ။ ကလေးလေးတွေကို သူက ချီချင်တယ်။ ရွယ်တူတွေရှိတော့ သူက ဆော့ချင်တယ်ပေါ့။ သူနားလည်လောက်မယ့် အရွယ်မှာတော့ အစ်မက သေသေချာချာ ဆုံးမသွန်သင်ပေးရမှာပေါ့” လို့ ဆက်လက် ပြောပြလာပါတယ်။

Photo: Khine Hnin Wai

ခိုင်နှင်းဝေကတော့ Covid ကာလအတွင်းမှာလည်း ပရဟိတအလုပ်တွေ ဆက်တိုက် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ အဲဒီနောက် သူမရဲ့ ရင်သွေးလေးတွေရဲ့ ဂေဟာမှာလည်း ကလေးတွေကို ကိုယ်တိုင်စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။ ခိုင်နှင်းဝေရဲ့ ပရဟိတလုပ်ငန်းတွေဟာ ပြည်တွင်းမှာသာ မက ထိုင်းနိုင်ငံ ခိုလမြို့ မှာလည်း ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာ ရှိတဲ့ ပရဟိတအလုပ်တွေကတော့ သူမကို ချစ်တဲ့ ပရိသတ်တွေ ဖွဲ့စည်းထားတဲ့ ပရဟိတအဖွဲ့ ဖြစ်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က