ချစ်သူ သက်တမ်း(၁၁) နှစ်ကြာတဲ့ စုံတွဲလေးပါ။

အဆိုတော်နိုင်းဝမ်းကတော့ ချစ်သူဖြစ်တဲ့ မမေမျိုးသူကျော်ကို နှစ်ဖက်မိဘတွေဆီမှာ တောင်းရမ်းစေ့စပ်ခဲ့ပြီးတာကြောင့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ(၉) ရက်နေ့မှာ လက်ထပ်တော့မယ်လို့ ဆိုပါတယ်။ 

Photo: Kyaw Zin Latt



အဆိုတော်နိုင်းဝမ်းကတော့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့ (အမျိုးသားနေ့) မှာ ချစ်သူလေးနဲ့ လက်ထပ်တော့မယ်လို့ ဆိုပါတယ်။ COVID-19 ကူးစက်ရောဂါ မပြီးဆုံးသေးတာကြောင့် မင်္ဂလာပွဲမလုပ်ဖြစ်သေးတဲ့အကြောင်း Duwun ကို ပြောပြလာပါတယ်။ 

“ လက်ထပ်ဖို့ စီစဉ်ထားတာကတော့ ကြာပါပြီ။ ဒီ Covid မဖြစ်ခင်တုန်းကတော့ အမျိုးသားနေ့ကို မင်္ဂလာဆောင်မလို့ စီစဉ်ထားတာ။ အခု Covid က မပြီးသေးတော့ အဲဒီနေ့ကို လက်မှတ်ထိုးဖို့ စဉ်းစားထားတာပါ။ မင်္ဂလာပွဲကိုတော့ ကျွန်တော့် နာမည်နဲ့ ကျွန်တော့်ကောင်မလေး မေမျိုးသူကျော်ဆိုတဲ့ နာမည်နဲ့ လိုက်အောင်ဆိုပြီးတော့ ၂၀၂၁ ခုနှစ် မေလ (၉) ရက်နေ့မှာလုပ်ဖို့ စီစဉ်ထားတာပါ။ Covid က အဲဒီအချိန်တောင် ပြီးပါ့မလား မသိတော့ ကျွန်တော်လည်း မပြောတတ်ဘူးဖြစ်နေတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Kyaw Zin Latt

နိုင်းဝမ်းဟာ မင်္ဂလာဆောင်ဖို့အတွက် အစစအရာရာ အားလုံး ပြင်ဆင်ထားပြီးပြီလို့ သိရပါတယ်။ မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး ချစ်ဇနီးလောင်းလေးရဲ့ စိတ်တိုင်းကျလိုက်ဖြည့်ဆည်းပေးနေတယ်လို့လည်း သူက ဆိုပါတယ်။ 

“ ကျွန်တော့် ကောင်မလေးက မင်္ဂလာပွဲကို ဘယ်လို ဆောင်ရမှ ဆိုတာမျိုးမရှိဘူး။ သူ့ရဲ့ အတွေးလေးတွေကို ကျွန်တော် လိုက်ဖြည့်ဆည်းတယ်။ လက်ထပ်လက်စွပ် ဆိုရင်လည်း တော်တော်များများက စိန်နဲ့လုပ်ကြတာများတယ်။ ကျွန်တော်ကတော့ သူလည်းကြိုက်လောက်တဲ့ မြန်မာပြည်အတွင်းမှာပဲ ထွက်တဲ့ ရတနာတစ်ခုခုဖြစ်တဲ့ နီလာရယ်၊ စိန်ရယ်၊ ရွှေရယ် ပေါင်းပြီးတော့ လိုချင်တဲ့ ဒီဇိုင်းလေးကို သေသေချာချာ အပ်တယ်။ SP Gems ဆိုင်ကလည်း သေသေချာချာလုပ်ပေးထားတယ်။ လက်ထပ်လက်စွပ်ကလည်း အဆင်သင့်ဖြစ်နေပါပြီ။ မင်္ဂလာပွဲ မကျင်းပရသေးတာကိုပဲ စောင့်နေတာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Kyaw Zin Latt

အဆိုတော်နိုင်းဝမ်းဟာ ချစ်သူဖြစ်တဲ့ မမေမျိုးသူကျော်နဲ့ ၂၀၀၉ ခုနှစ်၊ ၉လပိုင်း၊ ၇ ရက်နေ့မှာ ချစ်သူ စဖြစ်ခဲ့တာလို့ သိရပါတယ်။ ချစ်သူသက်တမ်း(၆) နှစ်အကြာမှာ လက်ထပ်ခွင့်တောင်းခံခဲ့တာလို့ နိုင်းဝမ်းက အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ နှစ်ဖက်မိဘတွေဆီကနေ တဆင့် တောင်းရမ်းစေ့စပ်လိုက်တယ်လို့လည်း သူက ပြောပါတယ်။ အခုဆိုရင်တော့ အဆိုတော် နိုင်းဝမ်းနဲ့ မမေမျိုးသူကျော်တို့ရဲ့ ချစ်သူသက်တမ်းဟာ (၁၁) နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ 

Photo: Kyaw Zin Latt

နိုင်းဝမ်း(Nine One)ဟာ ဂီတလောကထဲသို့ ၂၀၀၂ ခုနှစ်လောက်က စတင်ဝင်ရောက်လာပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးပါ။ ယခုလက်ရှိမှာ သာယာတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ နိုင်းဝမ်းဟာ ချစ်သူနဲ့လည်း ခရီးတွေ ဆက်တိုက်ထွက်ဖြစ်သလို ပရဟိတအလုပ်တွေ ကုသိုလ်ရေးတွေကိုလည်း အရင်ကထက် ပိုပြီး လုပ်ကိုင် လာသူလည်း ဖြစ်ပါတယ်။ နိုင်းဝမ်းဟာ နင်သာရှိရင် သီချင်းနဲ့လည်း ရွှေ FM ရဲ့ အကောင်းဆုံး ကိုယ်ပိုင် သံစဉ်တေးပြု စာဆိုဆုကိုလည်း ရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က