သူလည်း စိတ်ညစ်နေမှာပေ့ါ။

ရည်းစားဟောင်းကို အဓမ္မကျင့်နှိပ်စက်မှုနဲ့ တရားစွဲဆိုခဲ့ထားရတဲ့ အဆိုတော် အစ္စဏီကို ဒီနေ့(စက်တင်ဘာ၁၀ရက်)က တာမွေတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ဒီနေ့ ရုံးထုတ်စစ်ဆေးတဲ့ အချိန်မှာ အစ္စဏီတစ်ယောက် ကျန်းမာရေး အခြေအနေလည်း ပြန်ကောင်းလာပြီဖြစ် ပေမယ့်လည်း  အမှုကြန့်ကြာနေတဲ့အတွက် သူ့အနေနဲ့ အရမ်းကို စိတ်ညစ်နေ တယ်လို့ ဆိုပါတယ်။



 

ရည်းစားဟောင်းကို အဓမ္မကျင့်နှိပ်စက်မှုနဲ့ တရားစွဲဆိုခဲ့ထားရတဲ့ အဆိုတော် အစ္စဏီကို ဒီနေ့(စက်တင်ဘာ၁၀ရက်)က တာမွေတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ဒီနေ့ ရုံးထုတ်စစ်ဆေးတဲ့ အချိန်မှာ အစ္စဏီတစ်ယောက် ကျန်းမာရေး အခြေအနေလည်း ပြန်ကောင်းလာပြီဖြစ် ပေမယ့်လည်း  အမှုကြန့်ကြာနေတဲ့အတွက် သူ့အနေနဲ့ အရမ်းကို စိတ်ညစ်နေတယ်လို့ ဆိုပါတယ်။

"ကျန်းမာရေးကတော့ ကောင်းသွားပါပြီ အမှုကြန့်ကြာနေတဲ့အတွက် စိတ်ညစ်တာပေ့ါဗျာ" ဆိုပြီး ဒီနေ့ရုံးထုတ်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။

အစ္စဏီအမှုနဲ့ ပတ်သက်ပြီး တရားလို စူးရှထက်က ရုံးပြောင်းလျှောက်ထားမှုကို အရှေ့ပိုင်းခရိုင်တရားရုံးကနေ ပယ်ချလိုက်ပြီး ယခုအခါမှာ မူလတာမွေမြို့နယ်တရားရုံးမှာပဲ ပြန်စစ်ဆေးပေးလျက်ရှိပါတယ်။ အခုချိန်ထိ အမှုနဲ့ ပတ်သက်ပြီး မစစ်ဆေးရသေးဘူးလို့ အစ္စဏီရဲ့ အကို ကိုကျော်စွာက ဆိုပါတယ်။

"အမှုက ရပ်နေတာလေ။ ခရိုင်ရုံးက ပယ်လိုက်တော့ သူက တိုင်းရုံးတက်ထားတယ်ပေ့ါ။ Cele 7 က ဗီဒီယိုတင်ထားတာ ဓာတ်ပုံတွေ မပါလို့ ဆိုပြီး ပြင်ဆင်ချက် ထပ်ပြီးတက်တယ်။ တိုင်းရုံးမှာ ပြင်ဆင်ချက်က နှစ်ခုဖြစ်နေတာ။ ဘယ်နေ့ပြန်ချပေးမယ်ဆိုတာ ရက်စွဲက မသိရသေးဘူး။ ထူးခြားချက်တော့ ဘာမှမရှိသေးဘူး။ အမှု့ကြန့်ကြာနေတာ သူ့အမေနဲ့သူ့အဖွားကအတွက်တော့ အရမ်းခက်ခဲတာပေ့ါ။ " ဆိုပြီး Duwun Media ကို ဖြေဆိုပေးခဲ့ပါတယ်။

 

လက်ရှိအချိန်မှာ အစ္စဏီရဲ့ အမှုနဲ့ ပတ်သက်ပြီး ဘာမှ ထူးခြား ချက်မရှိသေးပေမယ့်လည်း စက်တင်ဘာ(၂၄) ရက်နေ့ တာမွေတရားရုံးမှာ အမှုထပ်စစ်ဆေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

ဧပြီလ ၁၂ ရက်နေ့က အဆိုတော်အစ္စဏီက ရည်းစားဟောင်း မော်ဒယ်အမျိုးသမီးကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့အပြင် ကိုယ်လက် အဂါၤတွေကိုလည်း နာကျင်အောင် ရိုက်နှက်ခဲ့တာတွေ ပြုလုပ်ခဲ့လို့ မော်ဒယ်စူးရှထက်က အမှုဖွင့် တိုင်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ပါတယ်။

 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ (ပ) ၃၆၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ်းမှု၊ တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတိုနဲ့ အမှုဖွင့်အရေးယူခဲ့ပြီး မေလ ၁၀ ရက်နေ့မှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က