ဒီနေ့ရုံးချိန်း ပြန်ထွက်လာတဲ့အချိန်မှာ သိရတဲ့ အဖြေပါ။

ဒီနေ့ ရုံးချိန်းကိုတော့ သရုပ်ဆောင် ဝေဠုကျော်နဲ့သင်းသင်းတို့တက်ရောက်ခဲ့ပါတယ်။ ဒီနေ့ ရုံးချိန်းမှာတော့ အမှုစစ်ဆေးခဲ့ခြင်း မရှိပေမယ့် အမှုအမြန်ပြီးပြတ်နိုင်ဖို့အတွက် တရားရုံးက ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇) နဲ့ တရားစွဲဆိုခံထားရတဲ့ ဝေဠုကျော်က ဒီနေ့ (ဇူလိုင်၃၀ရက်)က ရုံးချိန်းကို တက်ရောက်လာခဲ့ပါတယ်။ ဒီနေ့ရုံးချိန်းမှာတော့ အမှု စစ်ဆေးခဲ့ခြင်း မရှိပေမယ့် အမှု အမြန်ပြီး ပြတ်နိုင်ဖို့အတွက် တရားရုံးက ချမှတ်လိုက်တယ်လို့ ဝေဠုကျော်က ဆိုပါတယ်။



“ဒီနေ့တော့ ဘာမှ မစစ်ဖြစ်ပါဘူး။ CMP ရုံးချိန်းတွေ ပြန်ညှိတာပဲ ရှိတာပါ။ တစ်ခုတော့ ကောင်းပါတယ်။ တစ်ပိုင်းကို လေးလနဲ့ အပြတ်ဖြတ်ရမယ်လို့ ပြောပါတယ်။ အားလုံးပေါင်း (၈)လပေ့ါ။ ဆိုတော့ မြန်မြန်ပြီးသွားမှာပေ့ါ” ဆိုပြီး ဒီနေ့ တရားရုံးချိန်း အပြန် မီဒီယာတွေကို ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

အမှုရင်ဆိုင်နေရတာနဲ့ ပတ်သက်လို့ သူ့ရဲ့ ဂုဏ်သိက္ခာပိုင်းနဲ့ ပတ်သက်ပြီး ထိခိုက်မှု ရှိမရှိကိုလည်းပြောပြခဲ့ပါသေးတယ်။ “ဂုဏ်သိက္ခာနဲ့ ပတ်သက်ပြီးတော့ အမှုပြီးသွားရင် အားလုံးပြီးသွားမှာပါ။ ကျွန်တော့် ပရဟိတ အလုပ်တွေနဲ့လည်း မဆိုင်ပါဘူး” ဆိုပြီး ဇူလိုင် (၁၈) ရက်နေ့က ရုံးချိန်းမှာ ပြောပြခဲ့ပါတယ်။

ဝေဠုကျော်ကတော့ သူ့ရဲ့ အမှုနဲ့ ပတ်သက်ပြီး ယုံကြည်ချက် အပြည့်ရှိသလို ယုံကြည်ချက်ရှိရှိနဲ့ ဆက်လက်ရင်ဆိုင်သွားမယ်လို့ ဆိုပါတယ်။ နောက်ထပ် ရုံးချိန်းကိုတော့ သြဂုတ်လ(၁၃) ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ပါတယ်။

သင်းသင်းဟာ သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်ရယူမ ပုဒ်မ(၄၁၇)နဲ့ ဇန်နဝါရီ (၈) ရက်နေ့က ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ် တရားရုံးမှာ ဦးတိုုက်လျှောက်ခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ရုံးချိန်မှာ သရုပ်ဆောင် ဝေဠုကျော်အတွက် မိဘများက သိန်း(၅၀)နဲ့ အချုပ်လွတ်အာမခံရခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က