ရင်သားခွဲစိတ်ပြီးတဲ့နောက် ယုံကြည်မှုအပြည့်မရှိသေးဘူး။

နေခြည်ဦးဟာ ရင်သားခွဲစိတ်မှု ပြုလုပ်ခဲ့ပြီးတဲ့ နောက်မှာတော့ သူ့ကိုယ်သူ ယုံကြည်မှု မရှိသေးတဲ့အကြောင်း ပြောလာပါတယ်။ 

နေခြည်ဦးကတော့ မကြာသေးခင်က သူမရဲ့ မျက်နှာပေါ်ရှိမေးရိုး ချိုးတာနဲ့ ရင်သားမှာ ဆီလီကွန်ထည့်တဲ့ ခွဲစိတ်မှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ ခွဲစိတ်မှုပြီးတဲ့နောက်မှာတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာထက် ရှက်မိတဲ့စိတ်တွေဖြစ်လာတယ်လို့ Duwun မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 



“ နည်းနည်းတော့ ရှက်တာတွေရှိတယ်။ အစက ရင်ဘတ်ထည့်ပြီးရင် ကြွေးကြော်ထားတာက ငါ ဖော်ပြီးဝတ်မယ်ပေါ့။ အခုဆို ကိုယ့်ကိုကြည့်ရင် အတုမကြီးမို့လို့ကြည့်တာလား၊ ကိုယ့်ရင်ဘတ်တွေက တခြားစိတ်ကို ဆွဲဆောင်မိတာမျိုး ဖြစ်မှာလားပေါ့နော်။ တကယ်တော့ ကိုယ်က လှချင်တဲ့စိတ်၊ သူငယ်ချင်းတွေကြားမှာ ခပ်မိုက်မိုက် ကောင်မလေး တစ်ယောက်ဖြစ်ချင်တာပါ။ အခုဆို ယောကျ်ားလေးတွေ ကြည့်လာရင် ကိုယ့်ကိုယ်ကိုယ် ရှက်လာတယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ Essence ရဲ့ ၄ နှစ်ပြည့်အခမ်းအနားကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

နေခြည်ဦးကိုယ်တိုင်ကလည်း သူမ ခွဲစိတ်ခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ပြန်လည် ဝေမျှ လာပါတယ်။ အရင်တုန်းက ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ဒီတစ်ခေါက်ခွဲစိတ်မှုကတော့ သူမအတွက် အရမ်းကို လန့်သွားစေတဲ့ ရလဒ်တစ်ခုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

“ဒီတစ်ခါ ခွဲစိတ်မှုက မေးရိုးချိုးတာနဲ့ ရင်ဘတ်မှာ ရင်ဘတ်က သေအောင်နာခဲ့တာ။ ဒီ Pain က နေခြည့်ဘဝနဲ့ ချီပြီးတော့ကို အရမ်းနာတယ်။ တချို့က ပြောကြတယ် မိန်းကလေးတွေ ကိုယ်ဝန်ဆောင်ခါနီး မွေးရင် သားအိမ်ကို ညှစ်ရတဲ့ နာကျင်မှုမျိုးပဲ ရင်ဘတ်မှာ ကြွက်သားက ဆီလီကွန်ကို ညှစ်တာ အရမ်းခံရတယ်။ မျက်ရည်နဲ့ မျက်ခွက်ပဲ။ ဘဝမှာ အရမ်းလည်း လန့်သွားတယ်။ ခွဲစိတ်မှုတစ်ခုက အဲဒီလောက် မလွယ်မှန်းလည်း သိလိုက်ရတယ်” လို့ သူကဆိုပါတယ်။ 

နေခြည်ဦးဟာ Beauty Blogger တစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် လှအောင်နေချင်တယ်လို့ သူက ဆိုပါတယ်။ နာကျင်တဲ့ ခွဲစိတ်မှုတွေ လုပ်ခဲ့ရလည်း နောင်တရမှာ မဟုတ်ပါဘူးတဲ့။ 

“ ဒီလို ခွဲစိတ်မှုလုပ်ခဲ့လို့ နောင်တရသလားဆိုတော့ နောင်တလုံးဝ မရပါဘူး။ နာပါစေ နောက်တစ်ခေါက်ကျရင် နံရိုးချိုးချင် ချိုးဦးမှာ။ နေခြည်က အရမ်းလှချင်တယ်၊ ကိုယ်က Beauty Blogger တစ်ယောက်ဖြစ်တဲ့အတွက် ဒီအရာတွေနဲ့ ချိတ်ဆက်နေရဦးမှာ။ နောက်ပိုင်းလည်း ထပ်ပြီးလုပ်ချင် လုပ်ဦးမှာ။ အဲဒီအတွက် နောင်တရတယ်ဆိုတာ ဘယ်တော့မှလည်း ရှိလာမှာ မဟုတ်ပါဘူး” လို့ သူကဆိုပါတယ်။ 

သူမရဲ့ ခွဲစိတ်မှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ် လှုပ်ရှားမှုတွေကိုလည်း You Tube Vlog လေးလုပ်ပြီး တင်ထားတာ တွေ့ရပါတယ်။ အခုဆိုရင်တော့ Part 1 အနေနဲ့ မေးရိုးချိုးခဲ့တဲ့ ခွဲစိတ်မှုကို တင်ထားတာပါ။ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုလည်း ခံခဲ့ရပါတယ်။ Part 2 မှာလည်း ဘယ်လို စိတ်ဝင်စားဖို့ကောင်းတာတွေ ထပ်လာဦးမလဲဆိုတာ ပရိသတ်တွေလည်း စောင့်ကြည့်နေကြပါတယ်။ နေခြည်ဦးဟာ Beauty Blogger ဘဝနဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာတဲ့ သူတစ်ဦးပါ။ သူမကို ချစ်တဲ့ ပရိသတ်တွေ များစွာ ပိုင်ဆိုင်ထားနိုင်တဲ့ အသက်(၂၈)နှစ်အရွယ် ကောင်မလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမက အချိန်တိုလေးအတွင်းမှာ Beauty Blogger ဘဝကနေ သရုပ်ဆောင်လောကထဲသို့ ရောက်ရှိလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။ နာမည်ကြီး မင်းသားများနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးများ၊ ဇာတ်လမ်းတွဲများကို ဆက်တိုက် ဆိုသလို ရိုက်ကူးခဲ့ရပါတယ်။ သူမပါဝင်ထားတဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် ၂၀၁၈ ခုနှစ်အတွက် ပေးအပ်မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်နေတာလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က