အရမ်းချစ်တော့ မေ့ဖို့ခက်တယ်။

ညိမ်းသော်ကတော့ အချစ်ရေးမှာ တစ်ဘဝလုံးစာရည်ရွယ်ပြီးမှ စိတ်နာရတဲ့အဖြစ်အပျက်တွေ ကြုံခဲ့ရဖူးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကိုယ်ချစ်ကို မရှာတော့ဘူး၊ သူချစ်ကိုလည်း မလိုချင်ဘူးလို့ ပြောပါတယ်။ 

Photo: Nyein Thaw



မိန်းကလေး ပရိသတ်တွေရဲ့ အသည်းကျော်တစ်ယောက်ဖြစ်တဲ့ ညိမ်းသော်ကတော့ သူခံယူထားတဲ့ အချစ်ရေးအပေါ် ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ အချစ်ရေးမှာ ကံကောင်းချင်တဲ့ သူ ဖြစ်ချင်တဲ့ ဆန္ဒကိုလည်း အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ကျွန်တော့်မှ ကျွန်တော် ချစ်တဲ့သူကလည်း ရှိပါဦးမလား မသိပါဘူး။ ကိုယ်ချစ်က အဆင်မပြေဘူး၊ ကိုယ်က အရမ်းချစ်ပါများတော့ ထားသွားတယ်၊ အနိုင်ယူတယ်။ သူချစ်ကြတော့လည်း သူက အရမ်းချစ်တာကြီးကို မခံစားနိုင်ဘူး။အဲဒီအတွက် သူကလည်းချစ်ရမယ်၊ ကိုယ်ကလည်း ချစ်ရမယ်၊ နှစ်ဦးသဘောတူ နားလည်မှုနဲ့ ချစ်တဲ့ အချစ်က ပိုအဆင်ပြေမယ်လို့ ကျွန်တော်ထင်တယ်” လို့ ဆိုပါတယ်။ 

Photo: Nyein Thaw

ညိမ်းသော်ဟာ သူကြုံတွေ့ခဲ့ရတဲ့ အချစ်ရေးတွေမှာ ကံမကောင်းခဲ့တာ များတယ်လို့ ဆိုပါတယ်။ ဘဝအတွက် ရည်မှန်းထားခဲ့ပေမယ့် ပြတ်သွားခဲ့တဲ့ အရာတွေက ခွင့်မလွှတ်နိုင်စရာတွေ ရှိတယ်ဆိုပြီးတော့ ဇန်နဝါရီလ ၁၉ ရက်နေ့က Only Me ဇာတ်ကား ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“အချစ်နဲ့ပတ်သက်ပြီးတော့ တော်တော်လည်း ခံစားခဲ့ရပြီးပြီ။ တော်တော်ရင့်ကျက်နေပြီလို့လည်း ထင်ပါတယ်။ ကိုယ်က တကယ် စိတ်ထဲမှာ တကယ် တစ်ဘဝစာတွေးလိုက်ပြီ၊ ချစ်လိုက်ပြီဆိုရင် ဘယ်လိုပြဿနာတွေကြောင့်မှန်း မသိဘူး ပြတ်ပြတ်သွားတယ်။ ကိုယ်ကလည်း အရမ်းချစ်ပြီဆိုရင် မေ့ဖို့က အရမ်းခက်တယ်။ ဒါပေမယ့် သူတို့လုပ်သွားတဲ့ လုပ်ရပ်ကြောင့် စိတ်နာပြီး မကြည့်ချင်လောက်အောင် ဖြစ်ခဲ့တယ်။ တော်တော်လည်း စိတ်နာနေပါပြီ” လို့ သူက ပြောပါတယ်။ 

Photo: Nyein Thaw

ခေတ်ကာလအခြေအနေအရ လူငယ်တွေရဲ့ အချစ်ရေးဟာ မခိုင်မြဲတာတွေ တွေ့နေရတယ်လို့ ညိမ်းသော်က ပြောပါတယ်။ ညိမ်းသော်ကိုယ်တိုင်ကလည်း ကိုယ်တိုင် ရွေးချယ်မယ့် အချစ်ရေးကို ပြိုကွဲအောင်လုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

“ အချစ်မှာက မာနတွေ၊ သိက္ခာတွေ ပါလာတာပေါ့နော်။ တချို့ အနုပညာရှင်အတွဲတွေ မမြဲတာကို ကြည့်ပြီးတော့ နောင်တရတာပေါ့နော်။ ကိုယ့်အလှည့်ကျရင်တော့ အဲဒီလိုမျိုး အဖြစ် မခံဘူးပေါ့။ ကိုယ်ချစ်လို့ ယူခဲ့တဲ့ Relationship တစ်ခုကို မရ ရအောင်ပြန်ပြီးတော့ တည်ဆောက်မယ်။ အနုပညာသမားဆိုရင် ကွဲရမယ် ဆိုတာမျိုး အဖြစ်မခံဘူး။ ကိုယ့်ဘက်က အကြာကြီးဖြစ်အောင် ကြိုးစားတည်ဆောက်မယ်လို့ စိတ်ကူးထားပါတယ်” ဆိုပြီးတော့လည်း ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Nyein Thaw

ညိမ်းသော်ဟာ အနုပညာလောကထဲကို မော်ဒယ်တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဂျေဒိုးနပ် မုန့်ကြော်ငြာကနေစပြီး ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ လက်ရှိမှာတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဆောင်နေရပြီဖြစ်သလို မိန်းကလေး ပရိသတ်များစွာတို့ရဲ့ အချစ်ကိုလည်း ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ လက်ရှိမှာ ညိမ်းသော်ဟာ "Only Me" ဆိုတဲ့ ဇာတ်ကားထဲမှာ တိုင်ရွန်၊ ခင်ဝင့်ဝါ နဲ့ မေဘရဏီသော် တို့နဲ့အတူ ပါဝင်သရုပ်ဆောင်နေတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က