ဇွန်လ ၂၀ ရက်နေ့က ရုံးချိန်းကို ရောက်ရှိလာပါတယ်။

ရွှေအိမ်စည်ကတော့ ယခုရင်ဆိုင်နေရတဲ့ အမှုကိစ္စမှာ ယုံကြည်ချက်အပြည့်ရှိတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ ဇွန်လ ၂၀ ရက်နေ့က ရုံးချိန်းကိုလည်း တက်ရောက်လာခဲ့ပါတယ်။

ရွှေအိမ်စည်က ဒေါ်စိုးယုဝေကို ၆၆ ဃ နဲ့ တရားစွဲဆိုထားတာ ဖြစ်တဲ့အတွက် ဇွန်လ ၂၀ ရက်နေ့က ရန်ကင်း တရားရုံးမှာ ပြုလုပ်တဲ့ ရုံးချိန်းကို တက်ရောက်လာတာ တွေ့ရပါတယ်။ ယခုအချိန်အထိ နှစ်ဦးနှစ်ဖက်စလုံးကို စစ်ဆေးမှုတွေရှိနေသေးတာကြောင့် ထူးခြားမှု မရှိသေးတာ တွေ့ရပါတယ်။ ဒီအမှုအတွက် ရွှေအိမ်စည်ကလည်း ယုံကြည်ချက်အပြည့်ရှိတယ် ဆိုတာကို မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။


 ‘’ အမှုကိစ္စအတွက်ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ်စည်က ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ဒေါက်တိုင်တစ်ခုလို အကောင်းဆုံးဖြစ်အောင် ကိုယ့်ဘာသာကိုယ်တွေးတယ်။ အိမ်စည်က ကိုယ်ပေးရတဲ့ အချိန်နဲ့ တန်အောင် အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်ပါတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

ရွှေအိမ်စည်က ဒေါ်စိုးယုဝေကို ၆၆ ဃ နဲ့ တရားစွဲဆိုထားတာ ဖြစ်တဲ့အတွက် ဇွန်လ ၂၀ ရက်နေ့က ရန်ကင်း တရားရုံးမှာ ပြုလုပ်တဲ့ ရုံးချိန်းကို တက်ရောက်လာတာ တွေ့ရပါတယ်။ ဒီနေ့အတွက် အမှု အခြေအနေကိုလည်း မီဒီယာ အင်တာဗျူးတွေမှာ အခုလို ဖြေဆိုထားပါတယ်။ 

‘’ အခုက တရားလိုရော၊ တရားခံရောက ၆၆(ဃ) နဲ့ပဲ စွဲထားကြတာ။ သူတို့က အိမ်စည့်ကို သူတို့ စာတစ်စောင်ပေါ့နော် အိမ်စည့်ကို Miss တစ်ယောက်ရဲ့ အရည်အချင်းနဲ့ မကိုက်ညီလို့ လုပ်ရခြင်းဖြစ်တယ်ဆိုပြီးတော့ Crown သိမ်းလိုက်တဲ့အခါမှာ တင်လိုက်တဲ့စာတစ်စောင်က သူတို့ အိမ်စည့်ကို ကြိုတင်ပြီး ပို့ထားတဲ့ စာမဟုတ်ပါဘူး။ Social Media မှာ တင်ပြီးတော့မှ အိမ်စည့်ကို Mail ပို့တာပေါ့နော်။ ၆၆(ဃ) ပေါ့နော် Social Media နဲ့ ငြိနေလို့ အိမ်စည်က တရားပြန်စွဲလိုက်တာပါ။ ဘာမှ သေသေချာချာအကြောင်းအရာ မရှိပဲနဲ့ ပုဒ်မတွေကို ထည့်ပြီးတော့ အပိုဒ် ဘယ်လောက်က၊ စာချုပ်ထဲက ပါ အပိုဒ် ဘယ်လောက်က ဆိုပြီး ထည့်တာက ဘယ်သူမဆို လုပ်လို့ရတယ် ဆိုတော့ အဲဒါကြောင့် အခုလို လုပ်လိုက်တာပါ’’လို့ သူကဆိုပါတယ်။

ဒီအမှုကိစ္စကြောင့်ပဲ အနုပညာလုပ်ငန်းတွေမှာ ထိခိုက်နစ်နာမှုတွေရှိတယ်လို့ ရွှေအိမ်စည်က ပြောပါတယ်။ ဒါပေမယ့် ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် အနုပညာအလုပ်တွေ ဆက်လုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

‘’ ဘယ်လောက်အထိ ထိခိုက်သလဲဆိုရင် ဒါ အိမ်စည့်ဘက်က ဒီအလုပ်ကို ချစ်လို့သာ အနုပညာအလုပ်ကို ဆက်လုပ်နိုင်တာ။ သူတို့ လုပ်လိုက်တဲ့ အကွက်က အိမ်စည်ဆိုတာ မရှိတော့အောင် လုပ်လိုက်တာဆိုတော့ မကောင်းဘူး၊ အဆင်မပြေဘူးပေါ့နော်။ အိမ်စည်ဆိုရင်လည်း ကြော်ငြာရှင်တစ်ယောက်အနေနဲ့ဆိုရင် အဲဒီလို လူမျိုးနဲ့ အလုပ်လုပ်ချင်မှာ မဟုတ်ဘူး။ အဓိက ကတော့ ပါးပါးလေးနဲ့ ပုတ်လိုက်တယ်ဆိုတဲ့ သဘောပေါ့နော်။ ဒါပေမယ့် အိမ်စည်က ကံကောင်းတာပေါ့နော်။ Crown သိမ်းလို့ နာမည်ကြီးလာတဲ့သူလဲ မဟုတ်ဘူး။ ပရိသတ်တွေက အိမ်စည့်ကို ချစ်လို့ အားပေးကြတာပါ’’ ဆိုပြီးတော့ ဇွန်လ ၂၀ ရက်နေ့ က ရုံးချိန်းမှာ ဖြေဆိုခဲ့တာပါ။

ရွှေအိမ်စည်ဟာ ၂၀၁၈ ခုနှစ် အတွင်းက Miss Universe Myanmar Organization ၏ National director ဖြစ်သူ ဒေါ်စိုးယုဝေကို ၆၆ ဃ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ဒေါ်စိုးယုဝေကလည်း ရွှေအိမ်စည်ကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခဲ့တာပါ။ နောက်တစ်ကြိမ် ရုံးချိန်းကိုတော့ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ ရန်ကင်းတရားရုံးမှာ ပြန်လည် ချိန်းဆိုခဲ့ပါတယ်။

Share

Loading Next Article...
က္က