၃ ရက်အကြာတရားအားထုတ်မယ်လို့ သိရပါတယ်။

ပရိသတ်အချစ်တော် ဟိန်းမင်းသူကတော့ သာသနာ့ဘောင်မှာ ၃ ရက်အကြာ တရားအားထုတ်သွားမယ်လို့ သိရပါတယ်။ သူ့ရဲ့ ဘွဲ့နာမည်ကတော့ ဉူးသောဝိဏ ဖြစ်ပါတယ်။

Photo: Han Myat Thaw



အဆိုတော် ဟိန်းမင်းသူကတော့ ဇူလိုင်လ ၇ ရက်နေ့က စပြီး သာသနာ့ဘောင်ထဲဝင်ရောက်ခဲ့ပါတယ်။ သူဟာ သရက်တောကျောင်းတိုက်မှာ ၃ ရက်တာ သင်္ကန်းဝတ်မယ်လို့ သိရပါတယ်။

‘’လူနတ်ဗြဟ္မာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေ။ ‘’ဉူးသောဝိဏ’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ဇူလိုင်လ ၇ ရက်နေ့ ညနေ ၄ နာရီကျော်ကရေးသားထားတာဖြစ်ပါတယ်။ အဲဒီနောက် ရွှေတိဂုံဘုရားကို သွားရောက်ဖူးမျှော်ခဲ့တဲ့ အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။ လူပြန်ထွက်လာရင်လည်း ဂီတအလုပ်တွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

Photo: Han Myat Thaw

ဟိန်းမင်းသူကိုတော့ အဆိုတော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာပါ။ Silent ဆိုတဲ့ တစ်ကိုယ်တော်အခွေလည်း ထွက်ရှိထားတာဖြစ်ပါတယ်။ အဲဒီနောက် သူကိုယ်တိုင်ရေးပြီး သူကိုယ်တိုင်သီဆိုထားတဲ့ သီချင်းအသစ်တွေကိုလည်း လူမှုကွန်ယက် စာမျက်နှာပေါ် မှာမိတ်ဆက်ပေးလေ့ရှိပါတယ်။ ဟိန်းမင်းသူဟာ အနုပညာနဲ့ ပတ်သက်လာရင် ဂီတကိုသာမက သရုပ်ဆောင်အလုပ်ကိုပါ ဝါသနာကြီးတာ တွေ့ရပါတယ်။

Photo: Han Myat Thaw

ဟိန်းမင်းသူကတော့ မိန်းကလေးပရိသတ်တွေအားပေးမှု အများကြီးပိုင်ဆိုင်ထားတဲ့ လူငယ်အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ ဂီတဘက်မှာလည်း အောင်မြင်ဖို့ ကြိုးစားနေတဲ့ ဟိန်းမင်းသူကတော့ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ "အရိပ်" ဇာတ်လမ်းတွဲမှာလည်း ဆေးကျောင်းသား စိုင်းမင်းဆွေဆိုတဲ့ ကောင်လေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။။ နောက်ထပ်လည်း "ပျားရည်အိုင်"ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က