ဘွဲ့နာမည်ကတော့ ဥူးဇင်း''နာယက'' ဖြစ်ပါတယ်။

သူရိယကတော့ အခုဆိုရင် သာသနာ့ဘောင်ထဲ ဝင်ရောက်သွားပြီဖြစ်ပါတယ်။ ဘွဲ့နာမည်ကတော့ ‘’နာယက’’ဖြစ်ပါတယ်တဲ့။ 

Photo: Thu Ri Ya



သရုပ်ဆောင် သူရိယကတော့ အခုဆိုရင် သာသနာ့ဘောင်ထဲဝင်ရောက်နေတာကို တွေ့ရပါတယ်။ သာသနာ့ဘောင်ထဲကိုတော့ နိုဝင်ဘာလ ၅ ရက်နေ့ကတည်းက ဝင်ခဲ့တာပါ။ သူ့ရဲ့ ဘွဲ့ နာမည်ကတော့ ဥူးဇင်း ‘’နာယက’’ ဖြစ်တယ်ဆိုပြီးတော့ နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၆ နာရီကျော်က သူရိယရဲ့ ဖေ့ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာပါ။ ဘယ်ကျောင်းတိုက်မှာ သင်္ကန်းဝတ်တယ် ဆိုတာကိုတော့ သူရိယက ပရိသတ်တွေကို အသိပေးထားတာမျိုးမရှိသလို ဘယ်နှရက်ဝတ်မယ်ဆိုတာလည်း မပြောပြထားပါဘူး။

Photo: Thu Ri Ya

သူရိယကတော့ သူ့ရဲ့ ပဉ္ဇင်းခံပွဲကို စိန်ဘယက်ဆေးတိုက် မိသားစုဝင်တွေနဲ့ အတူတူပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ သူဟာ အနုပညာအလုပ်တွေကို စတင်ဆောင်ရွက်ခဲ့တာကတော့ မိသားစုရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ စိန်ဘယက် ဆေးကြော်ငြာရိုက်ရင်း အနုပညာလှုပ်ရှားမှုတွေ စတင်ခဲ့တာပါ။ အရွယ်ရောက်လာတဲ့အချိန်မှာတော့ ဗီဒီယို ဇာတ်ကားတွေ လက်ခံရိုက်ကူးလာရတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်လို့နေပါပြီ။

Photo: Thu Ri Ya

သူရိယရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ် ၂ ခုလောက် ကျော်လာပြီဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသူတစ်ယောက်ပါ။ သူဟာ ၂ နှစ်ကျော်ကြာ တွဲခဲ့တဲ့ ချစ်သူဖြစ်တဲ့ ဆုအိမ့်စံနဲ့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ စေ့စပ်ပွဲ ပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ နှစ်ဦးသဘောတူ ပြန်လည် ဖျက်သိမ်းလိုက်ပြီလို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ ဒီလို ဖျက်သိမ်းမှုကလည်း သူရိယရဲ့ တစ်ဖက်သက်ဖျက်သိမ်းမှုဖြစ်တာကြောင့် တရားဥပဒေအရ ဆောင်ရွက်သွားမယ်လို့လည်း ဆုအိမ့်စံက မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုထားပြီးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က