သူ့ကို အရင်တုန်းကတည်းက အရမ်းကြိုက်ခဲ့တာပါ။

အွန်စောက အသည်းကွဲမှ လှတာ မဟုတ်ဘူးလို့ ထွန်းထွန်းက ပြောပါတယ်။ အွန်စောကိုလည်း ဟိုးအရင်ကတည်းက ကြိုက်ခဲ့တာလို့ သူကဆိုပါတယ်။

Photo: Tun Tun



ထွန်းထွန်းဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ မင်းသမီးတစ်ဦးဖြစ်တဲ့ အွန်စောလို့ခေါ်တဲ့ ဆောင်းဟေဂျို ရဲ့ ပရိသတ်တစ်ဦးဖြစ်တယ်လို့ဆိုပါတယ်။ သူချစ်ရတဲ့ အွန်စောဟာ ခင်ပွန်းနဲ့လမ်းခွဲပြီးမှ လှလာတဲ့သူမဟုတ်ဘူးလို့လည်း မီဒီယာ အင်တာဗျူးတွေကနေ အခုလို ပြောပြခဲ့ပါတယ်။

‘’ကျွန်တော်က အွန်စော ပရိသတ်။ အွန်စောကို အရမ်းကြိုက်တယ်။ အဲဒီအချိန်မှာ တစ်ခုကျွန်တော်တွေ့လိုက်တယ် အသဲကွဲပြီးမှ အွန်စော ပိုလှလာတယ်ပေါ့နော်။ အွန်စောက အသဲကွဲမှ လှတာ မဟုတ်ဘူးလို့ ကျွန်တော် ပြောချင်ခဲ့တာပါ။ နဂိုကတည်းက လှတယ်လို့ ပြောချင်တာပါ။ ကျန်တာကတော့ ဘယ်လို တွေးလိုက်လဲ မသိပါဘူး’’လို့ သူကဆိုပါတယ်။



Photo: Song Hye Kyo Page

သူဟာ ‘’ဆောင်းဦးရွက်ကြွေ ချစ်သက်သေ’’ရုပ်သံဇာတ်လမ်းတွဲ ကတည်းက အွန်စောကို ကြိုက်နှစ်သက်ခဲ့သူပါတဲ့။ အွန်စောရဲ့ အနုပညာအရည်အချင်းကလည်း အရမ်းတော်တယ်လို့ ထွန်းထွန်းက ပြောပါတယ်။

‘’ ကျွန်တော်တို့ ချာတိတ်ကလည်းက အွန်စော၊ ဂျွန်စော ဆိုကတည်းက ကြိုက်တာပါ။ သရုပ်ဆောင်လည်း ကောင်းတယ်။ ရုပ်လည်းချောတာကိုး။ သရုပ်ဆောင် တော်တော်ကောင်းတယ်’’ ဆိုပြီးတော့ သြဂုတ်လ ၅ ရက်နေ့ညက ‘’နိုင်ငံကြီးသား’’ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။


Photo: Tun Tun

အွန်စောရဲ့ ပရိသတ်တစ်ဦးဖြစ်တဲ့ ထွန်းထွန်းကလည်း မြန်မာနိုင်ငံက အနုပညာရှင်တစ်ဦးပါပဲ။ သူ့ကိုတော့ Examplez ဆိုတဲ့ Rapper အဆိုတော်အဖွဲ့ကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ဂီတအလုပ်တွေထက် သရုပ်ဆောင်အလုပ်ကို ပိုပြီးတော့ အာရုံစိုက်နေတာကို တွေ့ရပါတယ်။ ဂီတဘက်မှာလည်း အောင်မြင်မှုများစွာရရှိခဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ‘’အုတ်ကြားမြက်ပေါက်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။


Photo: Tun Tun

ထွန်းထွန်း(Tun Tun)က မကြာသေးခင်က ‘’ခေါ်သံ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် ထွန်းထွန်းနဲ့ အတူ ရဲရင့်အောင်၊ အောင်မြင့်မြတ်၊ ကျော်ကျော်ဗို၊ ရဲတိုက်၊ ခင်လှိုင်၊ အိချောပို၊ မေမြင့်မိုရ် နဲ့ ရွှေအိမ်စည်တို့ကလည်း အဓိက သရုပ်ဆောင်တွေအနေနဲ့ ပါဝင်ခဲ့ကြပါတယ်။ ‘’ခေါ်သံ’’ ဇာတ်ကားကို ဒါရိုက်တာ စိုးမိုးမင်းနဲ့ မေဘရဏီတို့က ရိုက်ကူးတာဖြစ်ပြီး ဘိုဘို ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က