အွန်စောနဲ့တူတဲ့ဆုလည်း ရဖူးပါတယ်တဲ့။
Sabal Thwin

ဆောင်းယွန်းစံကတော့ ကိုရီးယားမင်းသမီး အွန်စောနဲ့ အရမ်းကို တူချင်တယ်လို့ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း အွန်စောရဲ့ ပရိသတ်တစ်ယောက်ပါပဲတဲ့။ 

Photo: Saung Yoon San

သရုပ်ဆောင် ဆောင်းယွန်းစံ ကတော့ ခေတ်လူငယ်တစ်ယောက်ပီပီ ကိုရီးယားအနုပညာရှင်တွေကို ရူးရူးမူးမူး အားပေးသူတွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူကတော့ ကမ္ဘာကျော် ကိုရီးယားမင်းသမီးလေး Song Hye Kyo ရဲ့ ပရိသတ်ဖြစ်ကြောင်းကို မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

‘’ဆောင်းက အွန်စောရဲ့ ပရိသတ်ပါ။ သူနဲ့တူတဲ့ဆု ရထားတာဖြစ်တဲ့အတွက် အခုနောက်ပိုင်းမှာ ပိုပြီးတော့ တူချင်တယ်ပေါ့နော်။ အရှေ့ဆံမြိတ်လေး ညှပ်ထားတာကလည်း အွန်စောကြောင့် ညှပ်ဖြစ်သွားတာ။ တူချင်တယ်ပေါ့။ သူ့ကို အရမ်းသဘောကျတယ်’’ဆိုပြီးတော့ စက်တင်ဘာလ ၉ ရက်နေ့က StreetWear Attire Fashion Show ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Newsis

ဆောင်းဟေဂျို ကိုလည်း သဘောကျသလို ဆောင်းဟေဂျိုနဲ့လည်း တကယ်ကို တူချင်တာပါလို့ ဆောင်းယွန်းစံ က ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ဆောင်းရဲ့ idol ပဲ အဲဒါကြောင့် တကယ်တူချင်တဲ့အတွက် ဆံပင်အတိလေး ညှပ်လိုက်တာပါ။ သမီးလည်း အခုလတ်တလောမှ အသည်းကွဲထားတာဆိုတော့ ပိုလှလာမယ်ထင်လို့လေ။ အလကားစတာပါ။ အလုပ်ကိုပဲ တကယ် အာရုံစိုက်တော့မယ်။ ကိုယ့်မောင်လေးတွေ၊ ညီမလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေမယ်။ တစ်သက်လုံး အပျိုကြီးပဲလုပ်တော့မယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: Saung Yoon San

ဆောင်းယွန်းစံဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိနေခဲ့တာ ကြာပါပြီ ။ ဗီဒီယိုဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူမကို ပရိသတ်တွေပိုပြီး သတိထားမိသွားတာကတော့ ၂၀၁၈ ခုနှစ် အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အနုပညာလောကက သားသမီးတွေနဲ့အတူ ရွှေကြိုထဲမှာ ပါဝင်ခဲ့တဲ့ သူမကို ပရိသတ်တွေ ပိုပြီး သတိထားမိခဲ့တာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က