ကျေးဇူးတင်ရမယ့် သူတွေလည်း ရှိပါတယ်။

အောင်လေးကတော့ အနုပညာအလုပ်တွေ စလုပ်ခဲ့ချိန်မှာ သူ့ကို နှိမ်ခဲ့ဖူးသူတွေရှိသလို လက်တွဲခေါ်ပေးခဲ့တဲ့ ကျေးဇူးရှင်တွေလည်း ရှိတယ်လို့ ဆိုပါတယ်။ 

Photo: Aung Lay



သရုပ်ဆောင် အောင်လေးကတော့ အနုပညာနဲ့ ပတ်သက်လာရင် အနှိမ်ခံခဲ့ရဖူးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့ကို မနှိမ်ပဲ လက်တွဲခေါ်ပေးခဲ့တဲ့ ကျေးဇူးရှင်တွေလည်း ရှိတယ် ဆိုတာကို Duwun ကနေ ပြောပြလာပါတယ်။  

“ ကျွန်တော်ပေါင်းတဲ့ သူငယ်ချင်းအဖွဲ့ထဲမှာဆိုရင် အောင်မင်းခန့်က ကျွန်တော့်ရဲ့ စီနီယာ။ Level ပေါင်းပေမယ့် သူက ကျွန်တော့်ရဲ့ စီနီယာ ဆိုတဲ့ အသိ နဲ့ Respect ရှိတယ်။ ကိုဇေရဲထက် ဆိုရင်လည်း ဗီဒီယို လောကမှာ လက်တွဲခေါ်တယ်။ အမြဲတမ်းလည်း ကျေးဇူးတင်နေတယ်။ သူတို့တွေကလည်း ကိုယ့်ကို နှိမ်ခဲ့တာမျိုးမရှိသလို ကိုယ်ကိုယ်တိုင်ကလည်း သူများကို တစ်ခါမှ မနှိမ်ခဲ့ဖူးဘူး။ အရင်ကဆို ကိုယ်က အနှိမ်ခံဘဝမှာ နေခဲ့ရဖူးတော့ ဒီခံစားချက်ကို လုံးဝ မကြိုက်ဘူး။ ဒါကြောင့် တစ်ပါးသူကို ဘယ်တော့မှ မနှိမ်ဘူး” ဆိုပြီးတော့ ဇွန်လ ၂၇ ရက်နေ့က ဘားဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Aung Lay

အောင်လေးဟာ အနုပညာအတွေ့အကြုံ နဲ့ပတ်သက်လာရင် (၆) နှစ်ကျော်၊ (၇) နှစ်နီးပါး ရှိခဲ့ပြီဖြစ်ပါတယ်။ သူ့နောက်မှ အနုပညာအလုပ်တွေ လုပ်လာတဲ့ ဂျူနီယာတွေကိုလည်း သူငယ်ချင်းလို ပေါင်းပြီး လက်တွဲခေါ်ပေးဖြစ်တယ်လို့ ဆိုပါတယ်။ 

“ အခုဆိုရင် ကိုယ့်ထက် ငယ်တဲ့ ဂျူနီယာတွေနဲ့ Level တန်းပေါင်းတယ်။ ကိုယ်က အကြီးဆိုပြီးတော့ အထာကြီးနဲ့ ဆရာဝင်မလုပ်ဘူး။ လုပ်ငန်းအတွေ့အကြုံက သူတို့ထက် စောတာပဲ ရှိမယ်၊ အားလုံးက ဒီလောကထဲမှာ အတူတူ လျှောက်လှမ်းနေတဲ့ တစ်သွေးတည်း၊ တစ်သားတည်း လူတွေချည်းပဲ။ ကိုယ်က နာမည် အရမ်းကြီးတဲ့သူလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်တတ်နိုင်သလောက်တော့ သူတို့ကို လက်တွဲခေါ်ဖြစ်တယ်။ သူတို့ ဘာလိုအပ်သလဲ ကိုယ်ဘာကူညီနိုင်သလဲ ပြီးတော့ အလုပ်ဆိုရင်လည်း ဒီလိုလေး အတူတူ လုပ်ကြရအောင် ဆိုတာမျိုးပဲ အကြံပြုတယ်။ မကောင်းတာ ဆိုရင်လည်း မကောင်းတဲ့ အကြောင်းပေါ့” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: HMT

အောင်လေးဟာ အနုပညာလောကထဲကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် Tv ကြော်ငြာတွေ၊ Fashion Show ပွဲတွေမှာ ပါဝင်လာတာ တွေ့ရပါတယ်။ ပရိသတ်အားပေးမှုတွေ ရရှိလာတဲ့အချိန်မှာတော့ ဗီဒီယို ဇာတ်ကားတွေ ၊ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလာရပါပြီ။ လက်ရှိမှာလည်း သူရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရှိသေးတယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က