အနုပညာအလုပ်နဲ့ တော်တော်စိမ်းတယ်။

မြူလင်းကိုကို ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ စတင်လုပ်ကိုင်လာပေမယ့် သူမ သင်ယူရမယ့် အရာတွေ အများကြီးရှိသေးတယ်လို့ဆိုလာပါတယ်။ 

Photo: Myu Lin Ko Ko



မြူလင်းကိုကို ကိုတော့ သရုပ်ဆောင် လင်းဇာနည်ဇော်ရဲ့ တစ်ဦးတည်းသော သမီးလေး လို့ လူသိများကြပါတယ်။ သူမဟာ ပြည်ပမှာ ပညာသင်ကြားနေတာဖြစ်ပြီး ပညာရေးကို ပိုဦးစားပေးဖြစ်နေတယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ မြူလင်းက အနုပညာအလုပ်နဲ့ ပတ်သက်လာရင် စိမ်းတယ်လေ။ ငယ်ငယ်လေးကတည်းက မေမေ့နောက် မလိုက်ဖြစ်ဘူး။ ဘာလို့ မလုပ်ဖြစ်တာလဲဆိုရင် မေမေကလည်း အနုပညာအလုပ်တွေ လုပ်ဖို့ ခွင့်မပြုဘူး။ အကုန်လုံးက မျှော်လင့်ချက်တွေ ရှိနေတဲ့ အချိန်မှာ မြူလင်းက တစ်လွဲတွေ လုပ်ပြလိုက်ရင် မကောင်းဘူး။ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး သေသေချာချာ သင်ဖို့လိုသေးတယ်။ အဓိက ကတော့ ကျောင်းအရင်ပြီးအောင် စာကြိုးစားရမယ်” လို့ သူက ဆိုပါတယ်။ 

Photo: Myu Lin Ko Ko

မြူလင်းကိုကို ကိုချစ်ခင်ကြတဲ့ ပရိသတ်တွေ အများကြီးရှိပေမယ့်လို့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကတော့ ခြေလှမ်းစိတ်လာတာ မတွေ့ရသေးပါဘူး။ မိခင်ဖြစ်တဲ့ လင်းဇာနည်ဇော် ကိုယ်တိုင်ကလည်း အနုပညာအလုပ်တွေ လုပ်ဖို့ အားမပေးဘူးလို့ မြူလင်းကိုကို က ဆက်လက် ပြောပြခဲ့ပါတယ်။ 

“ အမှန်အတိုင်းပြောရရင် မေမေက အနုပညာလောကထဲကို မဝင်စေချင်ဘူး။ ကိုယ်က မသိတဲ့ သူတွေနဲ့ဆို စကားသွားပြောလိုက်ရင်အနှောင့်အယှက်ဖြစ်သွားမလားလို့ တွေးမိရင်း ကိုယ့်ဘာသာကိုယ်နေတာများတယ်။ ဒါပေမယ့် တော်တော်များများက မြူလင်းကို မာနကြီးတယ်လို့ ထင်သွားကြတယ်။ အခုတောင် စကားတော်တော်များများပြောနိုင်ဖို့ ကြိုးစားကြည့်တယ်။ အရင်တုန်းကထက်စာရင်တော့ တိုးတက်လာပါပြီ” ဆိုပြီးတော့ Sam Sam နဲ့ Music Video ရိုက်ကွင်းပေါ်မှာ ဖြေဆိုခဲ့တာပါ။ 

\Photo: Myu Lin Ko Ko

မြူလင်းကိုကိုရဲ့ ပထမဆုံး အနုပညာခြေလှမ်းအစဖြစ်တဲ့ သရုပ်ဆောင်မှုတွေကိုတော့ အဆိုတော် Sam Sam ရဲ့ သီချင်းအသစ်လေးထဲမှာ မြင်တွေ့ရတော့မှာပါ။ မြူလင်းကိုကို ကိုတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုထက် အလှဓာတ်ပုံလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ သူမကိုလည်း သရုပ်ဆောင် ရဲကိုကို ၊ သရုပ်ဆောင် လင်းဇာနည်ဇော်တို့ရဲ့ သမီးလေးအဖြစ်လည်း ပရိသတ်တွေက သိထားပြီးသားပါ။ မြူလင်းကိုကို ဟာ ပြည်ပမှာနေထိုင်ပြီး ပညာသင်ကြားနေတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ အခုချိန်မှာတော့ မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိလာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က