ကိုယ့်ပတ်ဝန်းကျင်နဲ့ ဆက်စပ်တဲ့ အလုပ်ကို လုပ်နေပါတယ်။

အနုပညာအလုပ်နဲ့ ဝေးကွာခဲ့တာ (၄)နှစ်ကြာပြီဖြစ်တဲ့ အင်ကြင်းတစ်ယောက် အခုလက်ရှိ သူဘာတွေလုပ်နေလဲ အခုလို ပြောပြခဲ့ပါတယ်။

Photo: Eingyin



 အင်ကြင်းဟာ Tomboy တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေ လုပ်ခဲ့တုန်းက အခက်အခဲတွေကို အခုလို ပြောပြလာပါတယ်။ တစ်ချိန်က ဗီဒီယို ဇာတ်ကားများစွာမှာ ယောင်္ကျားလေး ဆန်ဆန်ကာရိုက်တာတွေနဲ့ မြင်ရလေ့ရှိတဲ့ အင်ကြင်းကို အခုနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရတော့ပါဘူး။ အနုပညာလောကနဲ့ (၄)နှစ်လောက် အဆက်အသွယ်ပြတ်နေခဲ့တဲ့ သူမ ဘာတွေလုပ်ဖြစ်နေလဲဆိုတာ ယခုလို ပြောပြခဲ့ပါတယ်။

 “ အခုက အလုပ်လုပ်နေတာဆိုတော့ ရုပ်ရှင်မရိုက်ဖြစ်ဘူး။ ဒီလောကနဲ့ အဆက်အသွယ်ပြတ်နေတာ (၄) နှစ်လောက် ရှိပြီ။အခု Forever Group မှာ အလုပ်လုပ်နေပါတယ်။ တကယ်လို့ အခွင့်အရေးရရင်တော့ ပြန်ရိုက်မှာပါ။ အနုပညာအလုပ်ကိုလည်း ချစ်သလို ပရိသတ်တွေကိုလည်း ချစ်တယ်။ ရုပ်ရှင်တွေ မရိုက်ဖြစ်တော့ဘူးဆိုပေမယ့် ကိုယ်ကြိုက်တဲ့ ပတ်ဝန်းကျင်၊ ကိုယ်လုပ်ချင်တဲ့ အလုပ်နဲ့ ဆက်စပ်တဲ့ ပတ်ဝန်းကျင်မှာပဲ အလုပ် လုပ်နေတာပါပဲ” လို့ သူက ဆိုပါတယ်။ 

Photo: Eingyin

အင်ကြင်းက အနုပညာအလုပ်တွေ လုပ်နေတုန်းက Tomboy တစ်ယောက်အနေနဲ့ သူ့ကို ဝန်းရံပေးမယ့် ပရိသတ်တွေလည်း မရှိခဲ့ဖူးဘူးလို့ ဆိုပါတယ်။ အခုချိန်မှာ ပရိသတ်တွေ အနေနဲ့ Tomboy အများစုကို လက်ခံလာကြတဲ့ အပေါ် သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။

 “ အခုက Tomboy တွေကို လက်ခံလာတဲ့ ခေတ်ရောက်သွားပြီ။ ကျွန်တော်တို့ တုန်းက Tomboy ကို လက်မခံဘူး။ ဘယ်လိုပဲ Tomboy ကာရိုက်တာ ရိုက်ပါစေ နောက်ဆုံးအခန်းမှာ ဖြည်ကို ဖြည်ပေးရတယ်။ တစ်ခု မဟုတ် တစ်ခု ဖြည်ရတယ်။ အဲဒီတုန်းက ကိုယ့်ကို ဝန်းရံမယ့် လူလည်း မရှိဘူး။ ဒါပေမယ့် တစ်နေရာရာ သွားလို့ ကိုယ်နဲ့ Type မတူတဲ့လူတွေကြား သွားပြီဆိုရင် ဝေဖန်ကြတာတွေရှိတာပေါ့နော်။ ဒီဘက်ခေတ်မှာ ဖြစ်လာတဲ့ လူငယ်တွေကတော့ ကိုယ့်ဘဝကို ကိုယ်ဘယ်လို ရပ်တည်မယ် ဆိုတာကို ရွေးချယ်ခွင့် ရှိတယ်”ဆိုပြီးတော့ ဇွန်လ ၂၇ ရက်နေ့က အိတုန် သမီးလေး မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Eingyin

အင်ကြင်းက အနုပညာအလုပ်ကို ငယ်စဉ်ကတည်းက ဝါသနာပါခဲ့ပေမယ့် တကယ်တမ်း လုပ်တဲ့အချိန်မှာ သူနဲ့ အဆင်မပြေတာတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။ 

“ အနုပညာဝါသနာကို ငယ်ငယ်လေးကတည်းက ပါတာ။ ဒေါ်ထား ရှုတင်ရှိတယ်ဆိုရင် ကျောင်းပိတ်တဲ့အခါ လိုက်လိုက်သွားတာ။ စစချင်း ဦးကျော်က ကိုယ့်ကို တွေ့ပြီး ဇာတ်ကားထဲ ဝင်ရိုက်ဖို့ ပြောရင်းနဲ့ ဆက်တိုက်ရိုက်ဖြစ်သွားတာ။ ဒါပေမယ့် ကိုယ့်ကာရိုက်တာနဲ့ မညီတော့ သိပ်အဆင်မပြေဘူး။ ကိုယ်က မိန်းကလေးလို ဝတ်ရမယ် ဆိုရင်လည်း အကောင်းဆုံး ကြိုးစား သရုပ်ဆောင်တယ်။ ဒါပေမယ့် ရေရှည် ဆက်သွားမယ်ဆိုရင်တော့ မလွယ်ဘူးပေါ့နော်” လို့ သူက ဆိုပါတယ်။ 

Photo: Eingyin

အင်ကြင်းကိုတော့ ဗီဒီယို ဇာတ်ကားတော်တော်များများကနေ ပရိသတ် စတင်သိရှိလာတာဖြစ်ပါတယ်။ သူဟာ ဇာတ်ပို့ သရုပ်ဆောင် တစ်ယောက်အဖြစ် အနုပညာလောကထဲမှာ ရပ်တည်ခဲ့ဖူးသူတစ်ယောက်ပါ။ အဒေါ်ဖြစ်သူ ဒေါ်ထား အဖွဲ့ ကနေတဆင့် ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်လာတာလို့လည်း သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က