ခရီးတွေလည်း သွားချင်တယ်တဲ့။
Ei Ei Myat

သရုပ်ဆောင်တိုင်ရွန်ကတော့ လက်ရှိ Stay Home ကာလမှမိသားစုကို အချိန်ပေးဖြစ်နေသလို စာအုပ်တွေလည်း ဖတ်ဖြစ်တယ်လို့ ဆိုပါတယ်။

 

Photo : တိုင်ရွန်

တိုင်ရွန်ကတော့ Covid -19 ကပ်ရောဂါကြီးကို အမြန်ဆုံး ပျောက်စေချင်နေပြီလို့ ဆိုပါတယ်။ အနုပညာအလုပ်တွေ လည်း ပြန်လုပ်ချင်နေပြီ ဖြစ်သလို ခရီးတွေလည်း အရမ်းသွားချင်နေပြီလို့ သူက ပြောပါတယ်။

“ ဒီကပ်ကြီး ပြီးသွားရင် သူငယ်ချင်းတွေနဲ့လည်း မတွေ့ရတာ ကြာပြီဖြစ်လို့ သူတို့နဲ့လည်း တွေ့ချင်တယ်။စကားတွေလည်း အများကြီး ပြောချင်တယ်။အလုပ်တွေလည်း ပြန်လုပ်ချင်တယ်ကျွန်တော် ရုပ်ရှင်ရိုက်ရမှာတွေလည်း ရှိတော့ အလုပ်တွေပြန်လုပ်ချင်နေပြီ။ပြီးတော့ ခရီးတွေလည်း သွားချင်တယ်။ ဒီကပ်ကြီး ပြီးရင် ခရီးသွားချင်တယ်။ ပြည်တွင်းခရီးပဲ ဖြစ်ဖြစ် ပြည်ပပဲ ဖြစ်ဖြစ် သွားချင်တယ်” လို့ သူက Duwun ကိုပြောပါတယ်။


 လက်ရှိ Stay Home ကာလမှာတော့ အိမ်မှာ မိသားစုကို အချိန်ပေးရင်း ကိုယ်ကြိုက်နှစ်သက်တဲ့အရာလေးတွေကို လုပ်ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

“အရင်ဆုံး အိပ်လိုက်စားလိုက်လုပ်နေတယ်။အလုပ်မရှိဘူးဆိုတော့ အတိုးချပြီး အိပ်တယ်။ အိမ်မှာနေရင်းလေ့ကျင့်ခန်းလေး‌တွေ လုပ်ဖြစ်တယ်။အပင်စိုက်ရတာ ဝါသနာပါတော့အပင်လေးတွေကို ဂရုစိုက်တယ် ရေလောင်းတယ်။အိမ်က တူ၊တူမလေးတွေနဲ့ ဆော့တယ်။လိုင်းသုံးနေရင်း ကိုယ်စားချင်တဲ့ဟင်းတွေ တွေ့ရင် ကိုယ်တိုင်ချက်စားတယ်။ပြီးတော့ ပရိသတ်တွေလက်ဆောင်ပေးတဲ့စာအုပ်တွေဖတ်ဖြစ်နေတယ်” လို့ သူက ဆက်လက်ပြောပြထားပါတယ်။

 

Photo : တိုင်ရွန်

တိုင်ရွန်ဟာ အနုပညာလောကထဲကို Model တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာပါ။အခုချိန်မှာတော့ အောင်မြင်တဲ့လူငယ် အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူဟာ သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်လည်း       ဖြစ်ပါတယ်။

 


က္က