Beauty Blogger ပြန်လုပ်ဦးမယ်။

နေခြည်ဦးဟာ Beauty Blogger အလုပ်ကို ပြန်ဦးစားပေးလုပ်တော့မယ်လို့ ဆိုပါတယ်။ သရုပ်ဆောင်အလုပ်ကို ခဏ နားဦးမယ်လို့လည်း သူကပြောပါတယ်။

နေခြည်ဦးကတော့ ရုပ်ရှင်ဇာတ်ကားရိုက်တာတွေ ခဏနားထားမယ်လို့ဆိုပါတယ်။ ဒီဇင်ဘာလ အတွင်းမှာ Beauty Blogger အလုပ်ကို ဦးစားပေး ပြန်လုပ်သွားမယ်လို့ မီဒီယာ အင်တာဗျူးတွေကနေ တဆင့် ဖြေဆိုခဲ့ပါတယ်။



“ဒီဇင်ဘာလ လောက်ကျရင်တော့ နေခြည်နားမယ်။ Beauty Blogger တစ်ယောက်အနေနဲ့ နေခြည်ပိုသွားမယ်။ သရုပ်ဆောင်အလုပ်ကိုတော့ တစ်လလောက် နေခြည်နားထားတယ်။ ပရိသတ်တွေကတော့ ကိုယ်က ရုပ်ရှင်ရိုက်နေတာဖြစ်တဲ့အတွက် မိတ်ကပ်ပြင်တာတွေ ကြည့်ချင်သေးတယ်၊ Blogger ပြန်လုပ်ပါဦးဆိုတော့ နေခြည်လည်း အဲဒီစိတ်လေးရှိတယ်။ ဒါကြောင့် ဒီဇင်ဘာလ အတွင်းမှာ Beauty Blogger ဘက်ကို နေခြည် ပြန်လုပ်ဖြစ်မယ်လို့ ထင်တယ်” လို့ သူကဆိုပါတယ်။

သူမက သဘာဝအလှအပရှိတဲ့ မိန်းကလေးတိုင်းကို သဘောကျတယ်လို့ ပြောပါတယ်။ ဒါကြောင့်လည်း နေခြည်ဦးက ခွဲစိတ်ပြုပြင်မှုတွေ လုပ်ခဲ့တာပါလို့ ဒီဇင်ဘာလ ၁ ရက်နေ့က FIT ME Matte+ Poreless မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

“နေခြည်ကသာ လုပ်ထားတာ ကိုယ်က သဘာဝအတိုင်းလှနေတဲ့ ကောင်မလေးတွေဆိုရင် သဘောကျတယ်။ ကိုယ်ကတော့ သဘာဝအတိုင်းမလှလို့သာ လုပ်ရတာပေါ့နော်။ ကိုယ်သာ သဘာဝအတိုင်း လှတယ်လို့ ခံစားမိရင်သူသာဆို လုပ်ဖြစ်မှာ မဟုတ်ဘူး။ ခွဲစိတ်မှုနဲ့ အလှအပဆိုရင် အလှအပကို Endless လုပ်တဲ့ သဘောနဲ့ ခွဲစိတ်ကြတယ်။ ကောင်းတဲ့အချက်တွေလည်းရှိသလို မကောင်းတဲ့ အချက်တွေလည်းရှိတယ်။ နေခြည်ကတော့ ဒီလို ခွဲစိတ်ရတာကို ဝါသနာပါတာဖြစ်တဲ့အတွက် ခွဲစိတ်လိုက်လို့ ပိုပြီးလှလာတယ်လို့မြင်ပါတယ်” လို့ ဆိုပါတယ်။

နေခြည်ဦးရဲ့ ဓာတ်ပုံလှလှလေးတွေကို ရိုက်ပေးတဲ့ ဓာတ်ပုံဆရာရဲ့ အကြောင်းကိုလည်း နေခြည်ဦးက ပြောပြလာပါတယ်။

“ နေခြည့်ကားဆရာကတော့ ဘယ်သွားသွား သူက ဓာတ်ပုံရိုက်တော့တာ။ သူကလည်း အရမ်းဝါသနာပါတော့ ရှုတင်မှာဆိုရင်လည်း နေခြည့်ကို အမြဲတမ်း ဓာတ်ပုံတွေရိုက်ပေးတယ်။ ဘာပဲပြောပြော သူလည်း အပျင်းပြေ ကိုယ်လည်း ဓာတ်ပုံတွေ ရတာပေါ့။ ဘေးနားမှာရှိတဲ့လူတွေကို ဓာတ်ပုံရိုက်နည်းသင်ပေးလိုက်တယ်။ သူက Photographer ဖြစ်သွားပြီပေါ့။ နောက်ဆို သူက ကင်မရာမန်းတောင် လုပ်တော့မှာဆိုပဲ။ ကိုယ့်ဘေးနားမှာရှိတဲ့ လူတွေက အနုပညာဝါသနာပါတော့ ကိုယ်လည်း အဆင်ပြေတယ်။ သူတို့အတွက်လည်း ပိုကောင်းတာပေါ့” လို့ ဆိုပါတယ်။

Photo: Nay Chi Oo

နေခြည်ဦးက အခုဆိုရင် သူမကိုချစ်တဲ့ ပရိသတ်အများကြီးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူမကလည်း We Love လေးတွေကို အရမ်းချစ်သလို၊ We Love လေးတွေကလည်း သူမကို အရမ်းချစ်ပါတယ်။ မကြာခဏဆိုသလို ပရိသတ်တွေနဲ့ အတူတူ ပျော်ပျော်ပါးပါး စကားတွေ ပြောလေ့ရှိပါတယ်။လက်ရှိမှာလည်း "အိပ်မက်တွေ မိုးထားတဲ့အိမ်" ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို သရုပ်ဆောင်မိုရီဆာကီဝင်းနဲ့ ရိုက်ကူးနေတာဖြစ်ပါတယ်။ နေခြည်ဦးပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရုံတင်တဲ့အခါမှာလည်း ပရိသတ်အားပေးမှု တစ်ခဲနက် ရရှိခဲ့တာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က