အနုပညာအပေါ်ထားတဲ့ သဘောထားကို ပြောပြလာပါတယ်။

လေပြေသွေးကတော့ အကယ်ဒမီ ဇင်ဝိုင်းရဲ့ မြေး၊ သရုပ်ဆောင် အဆိုတော် အကယ်ဒမီ မင်းမော်ကွန်း ရဲ့ သမီး ဖြစ်ပေမယ့် အနုပညာအလုပ်အပေါ်ထားတဲ့ သူ့ရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ 

\

Photo: Lay Pyay Thway



လေပြေသွေးကတော့ သရုပ်ဆောင် အဆိုတော် မင်းမော်ကွန်းရဲ့ ဒုတိယမြောက် သမီးလေး ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက အဘိုးဖြစ်သူ၊ အဖေဖြစ်သူတို့နဲ့ သွားလာလှုပ်ရှားမှု အများကြီးရှိခဲ့ဖူးတာကြောင့် ပရိသတ်တွေကလည်း သတိထားမိပြီးသားဖြစ်မှာပါ။ လက်ရှိမှာတော့ လေပြေသွေးက ပညာရေးကိုပဲ ပိုအာရုံစိုက်ချင်တဲ့ အကြောင်း Duwun ကနေ ပြောပြလာပါတယ်။ 

“ ညီမရဲ့ အခု ပညာရေးကတော့ Media & Communication ဆိုတာကို တက်နေတယ်။ သူက Journalism ဘက်လည်း သွားလို့ရတယ်။ ပြီးတော့ Video Editing ဘက်လည်းသွားလို့ရသလို Entertainment နဲ့သက်ဆိုင်တဲ့ စီးပွားရေးလိုင်းကိုလည်း သွှားလို့ရတယ်။ အခုတော့ ညီမက ဒုတိယနှစ်မှာဆိုတော့ လိုင်းကို ရွေးစရာမလိုသေးဘူး နယ်ပယ်အားလုံးအတွက် စာတွေကို လေ့လာနေရတုန်းအခြေအနေပါပဲ။ အခုချိန်မှာ ပညာရေးဘက်ကို အားသာနေတာ ဖြစ်လို့ ပညာရေးကိုပဲ အာရုံစိုက်နေချင်သေးတယ်။ ဒီပညာရေးပြီးတော့မှ အနုပညာအလုပ်ကို စိတ်ဝင်စားတယ်ဆိုရင် သေသေချာချာလေး လုပ်သွားဖို့ မျှော်လင့်ထားပါတယ်” လို့ ဆိုပါတယ်။ 

Photo: Lay Pyay Thway

လေပြေသွေးဟာ သူမရဲ့ ဝါသနာအပေါ် မိဘတွေက ထိန်းချုပ်မထားဘူးလို့ ဆိုပါတယ်။ အနုပညာလောကထဲကို တိုးဝင်လာခဲ့ပေမယ့် အလုပ်နဲ့ ပတ်သက်လာရင် ဖခင်ဖြစ်သူက အမြဲ သွန်သင် လေ့ရှိတယ်လို့ ဆိုပါတယ်။ 

“ ညီမရဲ့ ဝါသနာနဲ့ ပတ်သက်ပြီး ဖေဖေ နဲ့ မေမေက ဟိုဟာမလုပ်ရဘူး၊ ဒီဟာ မလုပ်ရဘူးလို့တော့ ပြောထားတာမရှိဘူး။ ဒါပေမယ့် ကိုယ်လုပ်ချင်တာရှိရင် လုပ်၊ ဖြစ်လာမယ့် အရာအကုန်လုံးကို ကိုယ်တာဝန်ယူနိုင်မယ်ဆိုရင်တော့ လုပ်ဖို့ ပြောပြထားပါတယ်။ ဖေဖေကတော့ ပိုပြီးတော့ Control လုပ်တယ်လို့ထင်တယ်။ ဒါပေမယ့် ဖေဖေရော မေမေရောက အရမ်း Control လုပ်တဲ့ အထဲမှာတော့ မပါ ပါဘူး။ ဖေဖေ ကတော့ ကိုယ်ဒီအလုပ်ကို လုပ်ပြီဆိုရင် ဘယ်လိုတွေ လုပ်ရမယ်၊ လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ဘယ်လို ဆက်ဆံရမယ် ဆိုတာမျိုးတွေတော့ သင်ပြပေးပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Lay Pyay Thway

လေပြေသွေးဟာ အနုပညာမျိုးရိုးက ဆင်းသက်လာသူတစ်ဦးဖြစ်ပါတယ်။သူမရဲ့ အဘိုးဖြစ်သူ ဦးဇင်ဝိုင်းဟာ ၁၉၉၇ ခုနှစ်တုန်းက " မြင့်မြတ်သော နှလုံးသား" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ရရှိခဲ့တဲ့အပြင် ၂၀၁၄ ခုနှစ်တုန်းက " နှလုံးသားဖြင့်ပြုလုပ်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ နောက်တစ်ကြိမ်အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကိုရရှိခဲ့တာ ဖြစ်ပါတယ်။ ဇင်ဝိုင်းဟာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌဟောင်းတစ်ဦးဖြစ်ပါတယ်။ ဖခင်ဖြစ်သူ မင်းမော်ကွန်းကလည်း ၂၀၀၁ ခုနှစ်တုန်းက " နှလုံးလှ လူမိုက်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိထားသူဖြစ်ပါတယ်။ အဲ့ဒီနောက် အစ်ကိုဖြစ်သူ မင်းမြတ်ကလည်း ဆယ်လီရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ လေပြေသွေးကိုယ်တိုင်ကလည်း လက်ရှိမှာ TV ကြော်ငြာတွေ ရိုက်ကူးထားတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က