ဒီနှစ်အနုပညာရှင်တွေက အရမ်းတော်ကြတယ်။

မိုးဟေကိုကတော့ ဒီနှစ်အကယ်ဒမီပေးပွဲအပေါ် သူမရဲ့ ရင်ခုန်သံကို အခုလိုပြောပြလာပါတယ်။ 

Photo: Moe Hay Ko



မိုးဟေကိုကတော့ ၂၀၁၉ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် သူမရဲ့ ရင်ခုန်သံကို ပြောပြလာပါတယ်။ ဒီနှစ်အတွက်တော့ သူမကိုယ်တိုင်ရင်ခုန်ရမယ့် ဇာတ်ကားမျိုး မရှိသေးဘူးလို့လည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ဒီနှစ်အကယ်ဒမီ ပေးပွဲမှာလည်း ဆန်ခါတင်စာရင်းမှာ ပါနေတဲ့ အနုပညာမောင်နှမတွေ အကုန်လုံးကလည်း အရမ်းတော်ကြတော့ အကုန်လုံးကို ရစေချင်တာပါ။ ရွေးရခက်တယ်ပေါ့နော်။ ကိုယ့်အတွက်တော့ ရင်ခုန်စရာမရှိသေးပါဘူး။ အခုလည်း ဆုပေးပွဲ ရွှေ့တယ်ဆိုတာက COVID-19 ကြောင့် ရွှေ့တယ်ဆိုတာ အားလုံးလည်း သိကြတယ်ဆိုတော့ ကောင်းပါတယ်" လို့ သူက ဆိုပါတယ်။

Photo: LEOPARD

မိုးဟေကိုကတော့ လက်ရှိမှာ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ “မိုး” ရုပ်ရှင်ထုတ်လုပ်ရေးကို ဦးဆောင်နေတာ တွေ့ရပါတယ်။ ကိုယ်ပိုင်ထုတ်လုပ်ရေးကနေ ရုပ်ရှင်ရိုက်ထားတာ ၁၁ ကားရှိပြီလို့လည်း သူက ပြောပါတယ်။ မိုးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ရိုက်ကူးလိုက်တဲ့ ဇာတ်ကားတွေဟာ သဘာဝဆန်ဆန် ပညာပေးဇာတ်ကားတွေ ဖြစ်လို့ ပရိသတ်တွေ စိတ်ဝင်စားခြင်းခံရတဲ့အပေါ်မှာလည်း သူက အခုလို ပြောပြလာပါတယ်။ 

“မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေပြီးတော့ ထုတ်လုပ်လိုက်တဲ့ ဇာတ်ကားတွေအပေါ် ပရိသတ်တွေ စိတ်ဝင်စားတာ ခံရလို့လည်း ဝမ်းသာပီတိဖြစ်ရပါတယ်။ ဒီ့ထက်ပိုကောင်းတဲ့ ဇာတ်ကားတွေလည်း ထုတ်လုပ်နိုင်အောင် ကြိုးစားသွားမှာပါ” ဆိုပြီးတော့ မတ်လ ၁၅ ရက်နေ့က “ငါ၏ အမိန့်” ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

Photo: LEOPARD

မိုးဟေကိုဟာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး တီဗီကြော်ငြာတွေပဲ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်တဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ဇာတ်ကားကောင်းတွေ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ် လို့ သိရပါတယ်။ နောက်ထပ် ပိုးထည်ဆိုင်ဘက်မှာ လည်း ဦးဆောင်နေရတယ်လို့ ဆိုပါတယ်။ သဘောကျတဲ့ ဇာတ်ကောင်စရိုက်တွေရှိရင်တော့ ရုပ်ရှင်ကားကြီး ရိုက်ဖြစ်တယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က