ကြီးသူကို ရိုသေရမယ် ဆိုတဲ့ သဘောပါ။
Sabal Thwin

ဖြူဖြူထွေးကတော့ သူကိုယ်တိုင်ကြော်ငြာရိုက်ပေးခဲ့တဲ့ သရုပ်ဆောင်တွေအပေါ် သူမရဲ့ သဘောထားကို ပြောပြလာပါတယ်။ 

Photo: Amazing Grace

ဖြူဖြူထွေးကတော့ လက်ရှိမှာ ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ကြော်ငြာလေးတွေ ရိုက်ကူးလျှက်ရှိပါတယ်။ သူမရဲ့ ကြော်ငြာတွေမှာ ဇာတ်ကားရိုက်တာနည်းပါးသွားတဲ့ အနုပညာရှင်တွေကို ပြန်လည် ခေါ်ယူရင်း ရိုက်ကူးနေတာ တွေ့ရပါတယ်။ ရိုက်ကူးရေးနဲ့ ပတ်သက်ပြီး သူမနဲ့ လက်တွဲအလုပ်လုပ်ခဲ့ဖူးတဲ့ အနုပညာရှင်တွေကို အနုပညာကြေးနဲ့ပတ်သက်ပြီး ဈေးမစစ်ခဲ့တဲ့ အကြောင်း မီဒီယာတွေကနေ ပြောပြလာပါတယ်။ 

“ ဘယ်အနုပညာရှင်မျိုးကိုမှ ဈေးဆစ်ခဲ့ဖူးတာမရှိပါဘူး။ တက်နိုင်လို့ ကန်တော့နေတာမျိုးကိုလည်း အကုန်လုံးက တွေ့မယ်၊ မြင်မယ်ထင်ပါတယ်။ သူတို့ မြင်အောင် ကန်တော့ပြတာ မဟုတ်ပါဘူး။ ညီမဆီလာတဲ့ သူတွေမှာ အနုပညာကြေးတွေ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတို့ကလည်း လာရောက်ကူညီပေးတာ ဖြစ်တဲ့အတွက် တရိုတသေလေး ကန်တော့ပေးတာပါ။ ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစားရမယ် ဆိုတဲ့ သဘောအတိုင်း သွားတာဖြစ်တဲ့အတွက် ဘယ်သူ့ကိုမှ ဈေးမဆစ်ခဲ့ပါဘူး။ အနုပညာရှင်တွေကို ဖုန်းခေါ်တာ ညီမ မဟုတ်ပါဘူးဆိုတာကိုပဲ ပြောချင်ပါတယ်” လို့ သူက ဆိုပါတယ်။

Photo: Amazing Grace

ဖြူဖြူထွေးကတော့ ကြော်ငြာရိုက်ကူးရေးလုပ်တဲ့ အခါမှာ သူမကိုယ်တိုင် ကြော်ငြာအတွက် ဇာတ်ညွှန်းရေးတယ်လို့ ဆိုပါတယ်။ ကြော်ငြာထဲမှာ ပါဝင်သရုပ်ဆောင်မယ့် အနုပညာရှင်တွေကိုတော့ သူမကိုယ်တိုင် ဖုန်းဆက်ခေါ်ခဲ့ဖူးတာမရှိဘူးလို့ သူက ပြောပါတယ်။ 

“ သရုပ်ဆောင် တော်တော်များများကိုတော့ ကိုယ်တိုင်ဖုန်းဆက်ပြီးတော့ မခေါ်ပေးဘူး။ ကိုယ်က ဇာတ်ညွှန်းရေးတဲ့သူဖြစ်တဲ့အတွက် ဇာတ်သိချင်ရင်တော့ ကိုယ်တိုင်ပြန်ပြောတယ်။ တစ်ခါတလေကျရင် ကိုယ်တိုင် Facebook သုံးနေရင်းနဲ့ ဒီဇာတ်လေးကတော့ ဒီလူနဲ့ အဆင်ပြေတယ် ခေါ်ပေးပါ မကြီးရေ ဆိုပြီးတော့ အစ်မဖြစ်သူကို ပြောတယ်။ ကိုယ်ကိုယ်တိုင်လည်း ဖုန်း တစ်ခါမှ မဆက်ဖူးပါဘူး။ ပရိသတ်ကလည်း ဖြူဖြူထွေးက ဘယ်လိုဆိုတာ သိပြီးသားပါ။ ဒါကြောင့် ညီမကိုယ်တိုင်ဘယ်သူ့ကိုမှ ဖုန်းပြောခဲ့တာ မဟုတ်ဘူးလို့ ရှင်းပြပေးတာပါ” ဆိုပြီးတော့ သြဂုတ်လ ၂၂ ရက်နေ့က သူ့ရဲ့ ကြော်ငြာရိုက်ကွင်းမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Phyu Phyu Htwe

ဟာသဗီဒီယိုဖိုင်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့အတူ ဝေဖန်မှုတွေလည်း ကြုံခဲ့ရတဲ့ဖြူဖြူထွေးဟာ ယခုဆိုရင်တော့ ဗီဒီယိုဇာတ်ကားတွေ သာမက ရုပ်ရှင်ဇာတ်ကားကြီးတွေတောင် ရိုက်ကူးနေရပါပြီ။ သူမဟာ ဝေဖန်မှုတွေကိုကြံ့ကြံ့ခံပြီး ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းလာတဲ့သူ ဖြစ်တာကြောင့် သူ့ကို ချစ်ခင်တဲ့ ပရိသတ်တွေကိုလည်း ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမရဲ့ ကြိုးစားအားထုတ်မှုက ရတဲ့ အနုပညာကြေးနဲ့ မိဘတွေကို တိုက်ဆောက်ပေးထားသူလေးလည်း ဖြစ်ပါတယ်။




Author


က္က