သရုပ်လည်းဆောင်ပေးဦးမယ်လို့ ပြောပါတယ်။

မိုးဒီကတော့ အနုပညာအလုပ်တွေ ပြန်လုပ်ခွင့်ရတဲ့ အချိန်မှာ ပရိသတ်ကို ဟာသလေးတွေနဲ့ ဖျော်ဖြေချင်နေပြီလို့ ဆိုပါတယ်။ 

Photo: Moe D



ဟာသသရုပ်ဆောင်ကြီး လူရွှင်တော် မိုးဒီကတော့ အနုပညာအလုပ်တွေ ပြန်လုပ်ချင်နေပြီလို့ ဆိုပါတယ်။ အသက်ကြီးပေမယ့်လည်း အနုပညာအလုပ်ကို ရူးသွပ်လွန်းသူဖြစ်တာကြောင့် အနုပညာကြေး ရရ ၊ မရရ အလုပ်လုပ်ချင်နေပြီလို့ Duwun ကနေ ပြောလာခဲ့ပါတယ်။ 

“ ဟာသလေးတွေ ပြန်လုပ်ချင်တယ်။ Covid ရောဂါကြီး ကင်းဝေးပြီး အလုပ်လေးတွေရှိလာရင်တော့ ပိုက်ဆံရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ပျော်ပျော်ကြီး ကနေချင်သေးတယ်။ အငြိမ့်တွေ ပျော်ပျော်ကြီး ကမယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ပေးပါဦးဆိုရင်လည်း သရုပ်ဆောင်ပေးဦးမယ်” လို့ သူက ဆိုပါတယ်။ 

Photo: Moe D

မိုးဒီဟာ အနုပညာလောကမှာ အငြိမ့်တွေကရင်း လူရွှင်တော် တစ်ယောက်အဖြစ် မော့စ် နဲ့တွဲဖက်ပြီး ရယ်စရာဟာသလေးတွေကို နှစ်ယောက်အတူအပေးအယူ ညီညီ ဖျော်ဖြေပေးခဲ့သူ ဖြစ်ပါတယ်။ အခုဆိုရင်တော့ လူရွှင်တော်ကြီး မော့စ်က ကွယ်လွန်သွားပြီဖြစ်ပြီး ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က (၇) နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။

မိုးဒီကတော့ သူငယ်ချင်းဖြစ်သူ မော့စ်ကို မမေ့နိုင်သေးတဲ့ အကြောင်းတွေ ဆက်လက် ပြောပြခဲ့ပါတယ်။ 

“အလုပ်တွေ ပြန်လုပ်ချင်ပေမယ့် သူငယ်ချင်းက သေသွားတော့ နှမြောလိုက်တာ။ သူနဲ့ ကိုယ်နဲ့က အရမ်းလိုက်တာလေ။ ကြာလေ ကြာလေ လွမ်းလေပါပဲ။ နှစ်ယောက်သားက ဘက် ညီတယ်လေ။ ပြီးတော့ ကိုယ်လုပ်ခဲ့တာလေးတွေကိုလည်း ပြန်ကြည့်ရသေးတယ်။ ဘဘတို့ ခေတ်တုန်းက ကံကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ရိုက်ပြီး ကိုယ်မမြင်ဖူးတဲ့ ဇာတ်ကားတွေတောင် ပြန်ကြည့်ရတယ်” ဆိုပြီးတော့ ရုပ်ရှင်အစည်းအရုံး အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Moe D

မိုးဒီကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် အငြိမ့်၊ ပြဇာတ် တွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ အဲဒီနောက် ဇာတ်ကားတွေလည်း ရိုက်ကူးလာခဲ့ရပါတယ်။ တီဗီကြော်ငြာတွေလည်း အများကြီး ရိုက်ကူးထားသူတစ်ယောက်ပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ်ပေါင်း ၄၀ ကျော် ရှိပြီဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာမျိုးစက်အနေနဲ့ သားဖြစ်သူ လူရွှင်တော် ဟာသသရုပ်ဆောင် ကောင်းစံ ကလည်း ပရိသတ်အားပေးမှုတွေ ရရှိထားတဲ့ ဟာသပညာရှင်တစ်ယောက်ပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က