မေတ္တာထားပြီး ရောင်းပေးပါတယ်။

ရဲလေးမကတော့ Covid ကာလမှာ အပြင်စီးပွားရေး အလုပ်ထက် အွန်လိုင်းပေါ်ကနေ ဈေးရောင်းနေရတဲ့ အတွေ့အကြုံတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Ye Lay Ma



ဇာတ်ပို့သရုပ်ဆောင် ရဲလေးမက ဈေးရောင်းဖို့ လာကမ်းလှမ်းကြတဲ့ အလုပ်ရှင်တွေ ရှိတာကြောင့် အွန်လိုင်းပေါ်ကနေ ဈေးရောင်းပေးနေတယ်လို့ဆိုပါတယ်။ Covid ကာလမှာ အခက်အခဲရှိနေတဲ့ သူ့အပေါ်အလုပ်ပေးကြတဲ့ အလုပ်ရှင်တိုင်းကိုလည်း Duwun ကနေ ကျေးဇူးတင်စကား ဆိုလာပါတယ်။ 

“ အစ်ကိုကတော့ အခု လတ်တလောမှာ Live လေး လွှင့်ပြီးဈေးတွေ ရောင်းဖြစ်နေတယ်။ ရဲလေးမ ဆိုတဲ့ အနုပညာရှင်တစ်ယောက်ကို ပရိသတ်တွေက ချစ်ခင်ပြီးတော့ စာနာမှုနဲ့ အလုပ်ပေးကြတာ ဖြစ်တဲ့ အတွက် ထမင်းရှင်၊ ကျေးဇူးရှင် ဖြစ်သွားပြီ။ ခေါ်ပြီးတော့ ရောင်းခိုင်းတဲ့ အတွက်ကိုလည်း ကျေးဇူးတင်တယ်။ ကိုယ် အရမ်း ကြပ်တည်းနေတဲ့ အချိန်မှာ အခုလို ကူညီကြတာ ပျော်ပါတယ်။ ရောင်းရတာ များပါတယ်” ဆိုပြီးတော့ ရုပ်ရှင်အစည်းအရုံး အလှူမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Ye Lay Ma

Covid ကာမှာ လုပ်ရတဲ့ အလုပ်ဖြစ်လို့ အနုပညာကြေးကိုလည်း အများကြီး မယူဘူးလို့ ရဲလေးမက ဆိုပါတယ်။ အပြင်စီးပွားရေး အလုပ်တွေထက် အွန်လိုင်းပေါ်ကနေ ဈေးရောင်းရတဲ့ အပေါ် သူ့ရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ 

“ အနုပညာကြေးကတော့ သူတို့ ပေးသလောက်ယူတယ်။ သူတို့ကလည်း အစ်ကို့ကို ပေးတဲ့ အနုပညာကြေး မနည်းပါဘူး။ ညီမလေး ဘယ်လောက်ပေးနိုင်မလဲ၊ ညီလေးကရော ဘယ်လောက် ပေးနိုင်သလဲ ညှိပေးတယ်။ Covid ကာလအပြင်မထွက်ရပဲ အိမ်ထဲမှာပဲ ဒီလိုလေးတွေ ရောင်းနေတဲ့ အခါကျတော့ သူတို့ကလည်း ကိုယ်တွေကို အကူအညီတောင်းတယ်။ ကိုယ်တွေကလည်း မေတ္တာတရားပြန်ထားတယ်။ အခုမှ မြေစမ်း ခရမ်းပျိုးတဲ့ အလုပ်တွေကလည်း လာခေါ်လို့ လုပ်လိုက်တယ်။ အစ်ကို့ကို လာခေါ်ပြီဆိုတာနဲ့ တတ်နိုင်သမျှ အကူအညီပေးလိုက်တယ်" လို့ သူကဆိုပါတယ်။ 

Photo: Ye Lay Ma

ရဲလေးမကိုတော့ ဒေါ်ထားအဖွဲ့က ဇာတ်ပို့ဇာတ်ရံတစ်ဦးအဖြစ် ပရိသတ်တွေ သတိထားမိမှာပါ။ ချစ်စရာကောင်းတဲ့ အခြောက်ဇာတ်ရုပ်တွေ ပီပြင်လွန်းတာ ကြောင့်လည်း ပရိသတ်အချစ်ကို ရရှိပိုင်ဆိုင်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း အခုဆိုရင် ၁၀ စုနှစ်တစ်ခုကို ရောက်ရှိလို့နေပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က