အကောင်းစားပစ္စည်းတွေ ဝယ်မသုံးဖြစ်အောင်ရှောင်တယ်။

 ဖြူဖြူထွေးကတော့ အနုပညာကြေးက ရတဲ့ ပိုက်ဆံတွေကို စုဆောင်းလေ့ရှိတယ်လို့ ဆိုပါတယ်။ စုလည်း စု သလို လှူလည်း လှူရတာ ပျော်တယ်လို့ ပြောပါတယ်။

Photo: Phyu Phyu Htwe



ဖြူဖြူထွေးကတော့ သူမရဲ့ အနုပညာအလုပ်က ရတဲ့ ငွေကြေးအနည်းငယ်ကို စုဆောင်းဖြစ်တယ်လို့ ဆိုပါတယ်။ ငွေရှာရတာ အရမ်းခက်တယ်လို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါသေးတယ်။

‘’ပိုက်ဆံ ဆိုတာက ရှာတာတော့ မတရားခက်တာလေ။ ပြောမနေနဲ့ ခက်တာ ဘယ်လိုရှာရှာခက်တယ်။ တကယ်ကို လက်ထဲမှာ ပိုက်ဆံတွေ အများကြီးရပြီဟေ့ဆိုရင် ဘယ်ကနေ ဘယ်လို ကုန်သွားမှန်းမသိဘူး။ ဖြစ်တတ်ပါတယ်။ ကိုယ်တိုင်က စုဘူးလေးတွေနဲ့ ဖြစ်ဖြစ်၊ ဘဏ်ထဲမှာလည်း ကိုယ့်အကောင့်လေးနဲ့ စုထားမယ်ဆိုရင်တော့ ဥပမာ- တစ်လကို တစ်သောင်းလောက်ပဲစု တော်တော်ကျန်တယ်။ လုပ်ကြည့်နော်’’ ဆိုပြီးတော့ နိုဝင်ဘာလ ၁ ရက်နေ့က ‘’ရောသမမွှေ’’ရုပ်ရှင်ကားကြီး ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: A Lin Young

သူမကိုယ်တိုင်ကလည်း လိုချင်တဲ့ ပစ္စည်းတွေရှိရင်တောင် ဝယ်သုံးလေ့ မရှိဘူးလို့ ဆိုပါတယ်။ အဝတ်အစားတွေကိုလည်း လိုအပ်မှ ချုပ်ဝတ်တာလို့ ပြောပါတယ်။

‘’ ကိုယ်က ဘာမှကို မသုံးတာများတယ်။ အဝတ်အစားဆိုလည်း လိုအပ်မှချုပ်တာ၊ လိုအပ်မှသုံးတာ။ သုံးစရာမရှိလို့ ပိုနေတယ်ဆိုရင်လည်း သုံးပုံ ပုံရင် တစ်ပုံကို လှူတယ်၊ တစ်ပုံကို မိဘပေးတယ်။ တစ်ပုံကို ကိုယ်စားမယ်သောက်မယ်ပေါ့နော်။ တစ်ခါတလေ ၄ ပုံလောက်ရှိရင်တော့ တစ်ပုံကို စုတယ်’’ လို့ ဆိုပါတယ်။

Photo: Phyu Phyu Htwe

ဖြူဖြူထွေးက သူမရဲ့ အသုံးအဆောင်တွေကိုလည်း ဈေးနှုန်း အတော်အသင့်ရုံလောက်သာ ဝယ်သုံးဖြစ်တယ်လို့ ဆိုပါတယ်။

‘’ အိမ်မှာလာကြည့်ပါလား ၂၅၀၀ တန် ကတ္တီပါ ဖိနပ်ပဲရှိတယ်။ တခြားဟာတွေ မကြိုက်တာမဟုတ်ဘူး။ မဝယ်နိုင်တာ။ ဘာပဲဖြစ်ဖြစ် ကိုယ်ဝယ်သုံးလိုက်မယ်ဆိုရင် တစ်ခါပဲ သုံးလို့ရမှာလေ။ ဝယ်မသုံးတာပဲကောင်းတယ်။ အတတ်နိုင်ဆုံး ကိုယ့်ဘာသာရှောင်တာပဲများတယ်။ အဲဒီပိုက်ဆံလေးကို ကိုယ်တတ်နိုင်သလောက် လှူတာပဲများတယ်။ နောင် ပါသွားမယ့်ဟာပဲယူတယ်။ မပါတဲ့ဟာ မယူတော့ဘူး’’ လို့ ဆိုပါတယ

Photo: Phyu Phyu Htwe

ဟာသဗီဒီယိုဖိုင်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့အတူ ဝေဖန်မှုတွေလည်း ကြုံခဲ့ရတဲ့ဖြူဖြူထွေးဟာ ယခုဆိုရင်တော့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ သူမဟာ ဝေဖန်မှုတွေကိုကြံ့ကြံ့ခံပြီး ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းလာတဲ့သူ ဖြစ်တာကြောင့် သူ့ကို ချစ်ခင်တဲ့ ပရိသတ်တွေကိုလည်း ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမရဲ့ ကြိုးစားအားထုတ်မှုက ရတဲ့ အနုပညာကြေးနဲ့ မိဘတွေကို တိုက်အိမ်ဆောက်ပေးထားတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က