ဇာတ်လမ်းတွဲ မင်းသားချောလေး တစ်ယောက်ပါ။

ကျော်ထက်ဇော်ကတော့ ကိုဗစ်ကာလမှာ စုဆောင်းထားတဲ့ အနုပညာကြေးလေးတွေနဲ့ မွေးနေ့ အလှူ လုပ်ခဲ့တဲ့ အကြောင်း ပြောပြလာပါတယ်။ 

ကျော်ထက်ဇော်ကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူ တစ်ယောက်ဖြစ်ပါတယ်။ သူဟာစက်တင်ဘာလ(၆) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ မွေးနေ့မှာ အလှူအတန်းတွေ လုပ်ခဲ့တတယ်လို့ Duwun ကို ပြောပါတယ်။ 



“ ကျွန်တော် အခု Covid ကာလအတွင်းမှာ လုပ်ခွင့်ရတဲ့ အနုပညာအလုပ်တွေကနေ ရလာတဲ့ အနုပညာကြေးကို စုပြီးတော့ အလှူအတန်းတွေ လုပ်ဖြစ်တာပါ။ ကျွန်တော်အပျော်ရွှင်ဆုံး အချိန်က ဘာမှ မရှိတော့တဲ့ အချိန်က အပျော်ရွှင်ဆုံး အချိန်လို့ ကျွန်တော် ထင်တယ်။ အခုချိန်မှာက အခက်အခဲ အကျပ်အတည်းတွေ ဖြစ်နေတဲ့ ကာလဆိုတော့ အလှူတွေ လုပ်ဖြစ်တယ်” လို့ ဆိုပါတယ်။ 

ကျော်ထက်ဇော်ဟာ သူ့ရဲ့ မွေးနေ့မှာ ခိုင်နှင်းဝေ ကလေးများဂေဟာ နဲ့ စိတ်ကျန်းမာရေး အထူးကု ဆေးရုံ စတဲ့ နေရာ (၂) နေရာမှာ မွေးနေ့ ကုသိုလ်ယူခဲ့တယ်လို့ သိရပါတယ်။ အသက် တစ်နှစ် ကြီးလာတိုင်း သူ့ရဲ့ ခံစားချက်ကို အခုလို ပြောပြလာပါတယ်။ 

“ ကျွန်တော့် အသက်က အခုဆို (၂၇) ပြည့်ပါပြီ။ မပြည့်ခင်(၄) ရက် လောက်ကဆို ကိုယ့်ကိုယ်ကိုယ် ၂၆ နှစ်ပဲ ထင်နေတာ။ ကိုယ်တိုင်ကလည်း စိတ်ပျိူ ကိုယ်နုအောင်နေနေတာဆိုတော့ အသက် တစ်နှစ်ကြီးလာလို့ ကြီးလာမှန်း သတိမထားမိဘူး။ ကိုယ့်ကိုယ်ကိုယ် Forever 22, 23 လို့ပဲ သတ်မှတ်ထားတာ" ဆိုပြီးတော့ ရယ်ရယ် မောမော နဲ့ ပြောပြလာပါတယ်။ 

ကျော်ထက်ဇော်ကတော့ အနုပညာလောကထဲကို မော်ဒယ်တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် MRTV-4 ရုပ်သံဇာတ်လမ်းတွဲကနေထုတ်လွှင့်ပြသတဲ့ ‘’အမုန်းမှသည်’’ရုပ်သံဇာတ်လမ်းတွဲကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးလာရတာဖြစ်ပြီး အခုဆိုရင် ပရိသတ်အခိုင်အမာ ရရှိလာပြီဖြစ်တဲ့ တက်သစ်စ သရုပ်ဆောင်တစ်ဦးဆိုရင်လည်း မမှားပါဘူး။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က