သီချင်းတွေ ဆိုနေပြီ။

ဆုပန်ထွာရဲ့ သားလေး Roar  လေးကတော့ မိခင်ရဲ့ အနုပညာအမွေကို ဆက်ခံမယ့် ကလေးလေးလို့ ပြောရမှာပါ။ အခုလည်း မေမေနဲ့အတူ စင်ပေါ်မှာ သီချင်းဆိုဖို့အတွက် ပူဆာတတ်နေပါပြီ။

 

Photo : ဆုပန်ထွာ

ဆုပန်ထွာကတော့ အနုပညာကို ဝါသနာပါတဲ့ သားလေးအကြောင်း ပြောပြလာတာပါ။ (၄)နှစ်အရွယ် သာရှိသေးတဲ့ Roar လေးဟာ သီချင်းဆိုရတာကို ဝါသနာပါတဲ့ ကလေးလေးတစ်ယောက်ဖြစ်ပါ တယ်။ သီချင်းတွေ တော်တော်များများကိုဆိုတတ်သလို စင်ပေါ်မှာ မိခင်နဲ့အတူ တွဲပြီး သီချင်းဆိုဖို့ကို တောင် ခွင့်တောင်းနေပြီလို့ သိရပါတယ်။

Photo : ဆုပန်ထွာ

အဲဒီအကြောင်းကိုလည်း ဆုပန်ထွာက အခုလို ပြောပြခဲ့ပါသေးတယ်။ “ညဘက် ဖျော်ဖြေပွဲမှာ သူ့ကိုပါခေါ်သွားတော့ သူက မားမားနဲ့အတူ စင်ပေါ်မှာ သီချင်းတက်ဆိုချင်တာဆိုပြီး ပြောတယ်။သားက ဘာသီချင်းဆိုမှာလည်း ဆိုပြီး မေးလိုက်တော့ ဇွတ်ချစ်မယ်ဆိုတဲ့ သီချင်းဆိုမယ်လေတဲ့။ သားက ရရဲ့လားလို့မေးတော့ ရတယ်တဲ့ပိုးကအဲ့လိုဖြစ်နေပြီ။ မမကလည်း သူ့ကို ကြည့်ပြီး ရယ်ချင်တာ။ နောက်မှာ သားသားနဲ့မားမားနဲ့အတူ ဆိုလို့ရမယ့် သီချင်းတစ်ပုဒ်လုပ်ပေး မယ်လို့ပြောထားရတယ်” လို့ သူမက ဆိုပါတယ်။

Photo : ဆုပန်ထွာ

ဆုပန်ထွာကတော့ သားဖြစ်သူကိုယ်တိုင် အနုပညာကို ဝါသနာပါတယ်ဆိုရင် ဘေးကနေ ပံ့ပိုးကူညီပေးသွားဖို့ အသင့်ပါပဲတဲ့။ကိုယ်ကိုယ်တိုင်က အနုပညာကို ချစ်တဲ့သူတစ်ယောက်ဖြစ်တာ ကြောင့် သားဖြစ်သူကိုလည်း လက်ဆင့်ကမ်း အမွေပေးသွားချင်တယ်ဆိုပြီး ဆက်လက်ပြောပြခဲ့ပါသေးတယ်။

“သားအနုပညာအမွေပါတယ်ဆိုရင် ပံ့ပိုးပေးမှာပေါ့။ မမကိုယ်တိုင်က အနုပညာသမားဖြစ်တယ်အနုပညာကို ချစ်တယ် တလေးတစားနဲ့ တန်ဖိုးထားပြီး လုပ်ခဲ့တယ် အနုပညာလမ်းကြောင်းပေါ်မှာလည်း ဒီနေ့ဒီအချိန်ထိ ရိုးရိုးသားသားနဲ့အကောင်းဆုံးဖြစ်အောင် ဇွဲမလျော့ဘဲ ကြိုးစားတယ်။ သားလေးက ဒီအနုပညာကို ဝါသနာပါတယ်ဆိုရင်မဖြစ်မနေကို လက်ဆင့်ကမ်းမှာ။ သူဝါသနာ ပါတယ်ဆိုရင် အစ်မကတော့ ပေးလုပ်မှာ။ ပင်ပန်းတယ်ဆိုပေမယ့်လည်း ပေးလုပ်မယ်” လို့ သူမက  Duwun  ကိုပြောပြခဲ့ပါတယ်။

Photo : ဆုပန်ထွာ

ဆုပန်ထွာရဲ့ သားလေးက Roar လေးကတော့ အသက်(၄)နှစ်အရွယ်ရောက်နေပါပြီ။ သူ့ကို ၂၀၁၆ခုနှစ်က မွေးဖွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဆုပန်ထွာ(Su Pan Htwar) ကိုတော့ တီဗီကြော်ငြာ၊ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကား နဲ့ မဂ္ဂဇင်း၊ ဂျာနယ် မျက်နှာဖုံး ပိုင်ရှင်တစ်ဦးအဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ဘက်မှာသာမက ဂီတဘက်မှာလည်း ‘’သေလောက်အောင် ချစ်တယ်’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေကို ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ဒီသီချင်းရဲ့ MTV ကိုတော့ ၂၀၁၉ မေလ မှာ ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။ အခုဆိုရင်တော့ ဂီတဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုနေရသူတစ်ဦး ဖြစ်ပါတယ်။ 

 

Share

Loading Next Article...
က္က