မြန်မာနိုင်ငံမှာ ဆံပင်အရှည်ထားတဲ့သူတွေ အများကြီးပါ။

အိစိကွေးကတော့ သူ ဆံပင်အရှည်နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေဟာ ဘယ်တစ်ဦးတစ်ယောက်ကိုမှ အတုခိုးထားတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ ဘယ်သူ့ကိုမှလည်း အတုမခိုးခဲ့ပါဘူးတဲ့။

Photo: Sue Kxit



အိစိကွေးက ဒီရက်ပိုင်းမှာ ဆံပင်အရှည်ထားဖြစ်နေတဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ ဒီ ဆံပင်အရှည်ထားတဲ့အပေါ်မှာလည်း ဝေဖန်မှုတွေရှိခဲ့တယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့်ဖြေဆိုခဲ့ပါတယ်။

‘’ကျွန်တော် အလုပ်ကိစ္စလေး တစ်ခုရှိလို့ပါ။ ဘာလဲဆိုတာတော့ ပြောပြလို့ မရသေးဘူး။ ကျွန်တော် အခုနေတဲ့ ပုံစံမျိုးနဲ့ တစ်မျိုးကွဲထွက်ပြီးတော့ ဖြစ်စေချင်ချင်လို့ လုပ်လိုက်တာပါ။ လိုက်ပြီးတော့ တုပတာမျိုးလည်း မရှိပါဘူး။ အနုပညာအလုပ်တွေကို လုပ်လာတာကလည်း အသက် ၄ နှစ်ခွဲကတည်းကလေ။ ကျွန်တော့်ဖြစ်တည်မှုနဲ့ ရပ်တည်လာတာ ၁၆ နှစ်ရှိပါပြီ။ ဘယ်သူ့ကိုမှလည်း အတုခိုးယူခြင်းမရှိပါဘူး’’ လို့ဆိုပါတယ်။

Photo: Sue Kxit

ဆံပင်အရှည်ထားတာကလည်း အလုပ်ကိစ္စကြောင့် ဖြစ်တာကြောင့် ဘယ်တစ်ဦးတစ်ယောက်ကိုမှ အတုခိုးခဲ့တာ မဟုတ်ဘူးလို့ အိစိကွေးက ပြောပါတယ်။

‘’ တစ်ခါတလေကျတော့လည်း စဉ်းစားကြည့်တယ်။ မြန်မာနိုင်ငံမှာ ဆံပင်အရှည်ထားတဲ့သူတွေလည်း အများကြီးပဲ။ Rocker တွေထဲမှာလည်း ဆံပင်အရှည်ထားတဲ့သူတွေရှိတာပဲ။ အပြင်မှာလည်း ထားနေကြတဲ့သူတွေရှိတာပဲ။ တချို့သရုပ်ဆောင်တွေထဲမှာလည်း ဆံပင်အရှည်ထားတဲ့သူတွေရှိတာပေါ့နော်။ ဒါပေမယ့် ကျွန်တော့်ပုံစံက ပြောစရာဖြစ်နေလို့ နေမှာပါ။ ဒါမှ မဟုတ် ချစ်စနိုးနဲ့ စတာဖြစ်မှာပါ’’ ဆိုပြီးတော့ နိုဝင်ဘာလ ၅ ရက်နေ့ညက ရိုးမပေါ်ကျတဲ့ မျက်ရည် ရုပ်ရှင်ဇာတ်ကား အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Sue Kxit

အိစိကွေးရဲ့ အနုပညာသက်တမ်းကလည်း ၁၆ နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ ဒီလို ဝေဖန်မှုတွေကိုလည်း သူ့စိတ်ထဲမထားဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။

‘’ အဲဒီလိုသာ ပြောကြမယ်ဆိုရင် ကျွန်တော်အိမ်မှာ ထမင်းစားရင် ဇွန်းနဲ့စားတယ်။ သူများတွေလည်း ဇွန်းနဲ့စားတာပဲ။ ကျွန်တော်ဇွန်းနဲ့စားလို့ သူများတွေလည်း လိုက်စားတယ်ဆိုရင် ကျွန်တော် အပြောခံရမှာပေါ့။ အခုမှ တိုက်ဆိုင်သွားတာပေါ့နော်။ သူ့ခေတ်၊ သူ့အခါနဲ့ဆိုတော့လည်း အပြောခံလိုက်ရတယ်ပေါ့။ ကျွန်တော် ဘယ်သူ့ကိုမှ လိုက်မတုပါဘူး။ စိတ်ထဲလည်း မထားပါဘူး’’ လို့ ဆိုပါတယ်။

Photo: Sue Kxit

အိစိကွေး(Eisi kway)ဟာ ကလေးဘဝကတည်းက အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်ကိုလည်း အပြည့်အဝ ရရှိထားသူ တစ်ယောက်ပါ။ လက်ရှိမှာတော့ သူဟာ ပညာရေးကို ဦးစားပေးနေတာ ကြောင့် အနုပညာအလုပ်တွေကို တစိုက်မတ်မတ်မလုပ်နိုင်သေးဘူးလို့ သိရပါတယ်။ သရုပ်ဆောင် အိစိကွေးက အခုဆိုရင် ခေါင်းဆောင်မင်းသား နေရာကနေ ဇာတ်ကားတွေ ရိုက်ကူးနေရပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က