သြဂုတ်လ(၁၀) ရက်နေ့ကတော့ သူမရဲ့ မွေးနေ့ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ ဒီနေ့ သြဂုတ်လ(၇) ရက် မနက်ပိုင်းက မွေးနေ့ အကြို အလှူအဖြစ် အနုပညာလောကထဲက စက်မှုလုပ်သား အယောက်(၄၅၀)စာ အတွက်စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့ပါတယ်။

သရုပ်ဆောင် ဝတ်မှုံရွှေရည်ဟာ သြဂုတ်လ(၁၀) ရက်နေ့မှာ ကျရောက်မယ့် သူမရဲ့ မွေးနေ့အတွက် အကြိုအလှူအဖြစ် စက်မှုအဖွဲ့သားများအားလုံးအတွက် စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ မွေးနေ့ မတိုင်ခင် အလှူအတန်းတွေ လုပ်ဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း မီဒီယာတွေကနေတဆင့် အခုလို ပြောပြလာပါတယ်။ 



“ ဒီနေ့ကတော့ မွေးနေ့အကြိုအလှူလေး လုပ်ဖြစ်တာပါ။ ကစ်မွေးနေ့ အစစ်တော့ မဟုတ်သေးဘူး။ ကြိုလုပ်ဖြစ်တာပါ။ ဘာကြောင့်လဲဆိုတော့ ကစ်ရဲ့ မွေးနေ့ကျရင် ကစ်က မအားတာရယ်၊ ပြီးတော့ ဒီနေ့မှာ စက်မှုအဖွဲ့သားတွေ အယောက်(၄၅၀) စာကို လှူဖို့ စီစဉ်လို့ အဆင်ပြေတဲ့အတွက် ဒီအလှူလေး လုပ်ဖြစ်သွားတာပါ။ မွေးနေ့ အလှူမှာတော့ ဆန်ရယ်၊ ဆီရယ်၊ ကြက်ဥရယ်၊ ခေါက်ဆွဲခြောက်ရယ်၊ Mask ရယ်လှူခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။ 

သူမ လှူဒါန်းခဲ့တဲ့ ကုသိုလ်ရေးကြောင့် ပျော်ရွှင်ခဲ့တဲ့ စက်မှုအဖွဲ့သားတွေအတွက် ဝမ်းသာပီတိဖြစ်မိတယ်လို့ ဝတ်မှုံရွှေရည်က ဆက်လက် ပြောပြလာပါတယ်။ 

“ ဒီနှစ် မွေးနေ့ကို ကိုယ့်ရုပ်ရှင်လောကထဲက လိုအပ်နေတဲ့ နေရာတွေမှာ လှူမယ်ဆိုပြီးတော့ စဉ်းစားထားတာပါ။ (၁၀) ရက်ကျော်ရင်လည်း နောက်ထပ် လိုအပ်တဲ့နေရာတွေမှာ ကစ်သွားလှူဦးမှာပါ။ ကိုယ့် အနုပညာလောကသားတွေထဲက တကယ်လိုအပ်နေတဲ့နေရာတွေရှိသေးတယ်လေ အဲဒီနေရာတွေကို သွားလှူမှာပါ။ ပီတိကတော့ သူတို့ပျော်နေတာတွေ တွေ့ရတော့ ကစ်ကိုယ်တိုင်လည်း တကယ်ပျော်နေရပါတယ်” လို့လည်း ဆက်လက် ပြောပြလာပါတယ်။ 

ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ ခုနှစ်က "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ " နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က