သူနဲ့ ဇာတ်ကားတွေ ရိုက်ရတဲ့အချိန်မှာ တကယ်အားရတယ်။
Ei Ei Myat

ယုန်လေးက သူရိုက်ကူးနေတဲ့ Dragon Empire ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဟဲဗီးဖြိုးကို ထည့်သွင်း ရိုက်ကူးစေခဲ့တာပါ။

Photo ; ယုန်လေး

ယုန်လေးက လက်ရှိမှာ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးနေတဲ့ ဟဲဗီးဖြိုးကို သူကိုယ်တိုင်ရိုက်ကူးနေတဲ့ Dragon Empire ဇာတ်ကားထဲမှာ ပါဝင်စေခဲ့တာ ဖြစ်ပါတယ်။ ငယ်စဥ်ကတည်းက အနုပညာလောကထဲမှာ ကလေးသရုပ်ဆောင် တစ်ဦးအဖြစ် နာမည်ကြီးခဲ့တဲ့ ဟဲဗီးဖြိုးတစ်ယောက် အနုပညာအလုပ်တွေနဲ့ ဝေးသွားခဲ့ချိန်မှာ သူတစ်ကယ် စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။



Photo ; ယုန်လေး

လွန်ခဲ့တဲ့ (၆)နှစ်ကျော်‌လောက်တုန်းက ဘုန်းကြီးကျောင်းတစ်ခုနဲ့ ဟဲဗီးဖြိုးနဲ့ဆုံတွေ့ခဲ့တဲ့ အမှတ်တရလေး တစ်ခုကိုလည်း ယုန်လေးက ယခုလို ပြောပြခဲ့ပါတယ်။

“သူနဲ့ လွန်ခဲ့တဲ့ (၆)နှစ် (၇)နှစ်က တွေ့ဖူးတယ် ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ကျွန်တော့်ကို အရင်လာနှုတ် ဆက်တာ ကိုယ့်ကို အရင်လာနှုတ်ဆက်တဲ့အတွက်ပျော်တယ်။ ဘာပဲပြောပြော သူက ကျွန်တော့် ရဲ့ စီနီယာလေ ကိုယ်တွေ ငယ်ငယ်ကတည်းက ကျွန်တော်က ပရိသတ်အဖြစ် ကြည့်နေရတော့ ကိုယ်ကြည့်ဖူးတဲ့ အနုပညာရှင် လာကြည့်တယ်ဆိုတော့ ပျော်သွားတာပေ့ါပျော် ပြီးတော့ စကားပြောဖြစ်တယ်”လို့ ယုန်လေးက ပြောပါတယ်။

Photo ; ယုန်လေး

အဲဒီနောက်ပိုင်း သူနဲ့မတွေ့ဖြစ်ကြတော့ပေမယ့် ဟဲဗီးဖြိုးရဲ့ အင်တာဗျူးတစ်ခုကို ကြည့်ပြီး စိတ်ထဲမကောင်းသလို နှမျောမိတဲ့ စိတ်တစ်ခုလည်း ဖြစ်မိခဲ့တယ်လို့ ယုန်လေးက ပြောပါတယ်။

“သူ့ရဲ့ အင်တာဗျူးတစ်ခုတက်လာတယ်သူအနုပညာအလုပ်တွေနဲ့ ဝေးသွားတယ် ဆိုတာပြောတာတွေ့တာ စိတ်ထဲမကောင်းဘူး။ လူတွေ တော်တော်များများက မတွေ့တာကြာရင်မေ့သွားကြတယ်။ သတိရမိတဲ့အချိန်မှာ နှမျောလိုက်တာဆိုတဲ့ စိတ်ဖြစ်မိတယ်ဒါပေမယ့် နှမျောတဲ့စိတ်ကို ဒီတိုင်းမထားဘဲ ကျွန်တော်လက်လှမ်း မီသလောက် မရရအောင်ဒီကားထဲမှာ ပါဝင်နိုင်အောင် ကြိုးစားခဲ့တာ။ အမှန်အတိုင်းအပြောရင် ဒီဇာတ်မှာ လူကြီးတွေချည်းပဲ ပါတာ အက်ရှင်တွေကိုပဲ သီးသန့် ပြင်ဆင်ထားတဲ့ဟာ အဲ့ကားမှာ ကျွန်တော်သူ့ကို မရမရ ထည့်မယ်လို့ စ ဥ်းစားပြီး ရိုက်ဖြစ်သွားတာ။ သူ့အိုက်တင်ကလည်း ကောင်းပြီးသားဆိုတော့ တကယ်ရိုက်တဲ့ အချိန်မှာလည်း အားရတယ် ပျော်ပါတယ် “ လို့ ယုန်လေးက ဆက်လက်ပြောပြခဲ့ပါတယ်။

Photo ;ဟဲဗီးဖြိုး

ယုန်လေးရိုက်ကူးနေတဲ့ Dragon Empire ဇာတ်ကားကြီးထဲမှာ ဟဲဗီးဖြိုးအပြင် အခြားသော အနုပညာရှင်တွေ အများကြီး ထည့်သွင်းရိုက်ကူးထားတယ်လို့ ဆိုပါတယ်။

ဟဲဗီးဖြိုးဟာ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲမှာ အောင်မြင်မှု မှတ်တိုင်ရရှိပြီးသား သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကား တွေနဲ့ တီဗီကြော်ငြာတွေလည်း အများကြီးရိုက်ကူးခဲ့ဖူးပါတယ်။ ပရိသတ်ရင်ထဲကို ထိမှန်စေခဲ့တဲ့ ကာရိုက်တာကတော့ ဇော်ဂျီ ဇာတ်ကားနဲ့ ကျွန်မ နှင်းဆီပါ မောင် ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။

 

 


Author


က္က