သူက အရမ်းစကားနည်းတယ်။

လင်းဇာနည်ဇော်ကတော့ သမီးဖြစ်သူ မြူလင်းကိုကို ကို အနုပညာအလုပ်ထက် ပညာရေးကိုပဲ ပိုဦးစားပေးစေချင်တယ်လို့ပြောပါတယ်။ 

Photo: Lin Zarni Zaw



လင်းဇာနည်ဇော်ကတော့ လက်ရှိမှာ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးနေရတာဖြစ်ပါတယ်။ သူမရဲ့တစ်ဦးတည်းသော သမီးလေးဖြစ်တဲ့ မြူလင်းကိုကို ဟာ အနုပညာအလုပ်ပေါ် စိတ်ဝင်စားမှုရှိပေမယ့် သိပ်မလုပ်ဖြစ်သေးတဲ့ အကြောင်းကို Duwun Media ကနေ ပြောပြခဲ့ပါတယ်။ 

“သူ့က အနုပညာအလုပ်တွေနဲ့ နီးစပ်မှုမရှိတာ အစ်မ အပြစ်လို့ပဲ ပြောရမှာပေါ့။ သူ့ကို စာနဲ့ပဲ အချိန်ကုန်ခိုင်းတာများတယ်။ အစ်မ အလုပ်လုပ်တဲ့နေရာတွေဆီ သူ့ကို လုံးဝ မခေါ်ဘူး။ ပြီးတော့ သူက သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့လောက်ပဲ စကားပြောတာ အပြင်လူတွေနဲ့ စကားပြောရင် မာနကြီးတယ်ပဲ ထင်သွားမလား စိုးရိမ်မိတယ်။ သူ့ကို အပြင်မထုတ်လေ စကားပိုနည်းသွားလေ ဖြစ်လာမှာလည်း စိုးတယ်” ဆိုပြီးတော့ မတ်လ ၂၁ ရက်နေ့က “ကြည့်ရှုခံစား Shwe Series များ” မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Lin Zarni Zaw

မြူလင်းကိုကို ကိုတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုထက် အလှဓာတ်ပုံလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ သူမကိုလည်း သရုပ်ဆောင် ရဲကိုကို ၊ သရုပ်ဆောင် လင်းဇာနည်ဇော်တို့ရဲ့ သမီးလေးအဖြစ်လည်း ပရိသတ်တွေက သိထားပြီးသားပါ။ မြူလင်းကိုကို ဟာ ပြည်ပမှာနေထိုင်ပြီး ပညာသင်ကြားနေတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ အခုချိန်မှာတော့ မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိလာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ 

Photo: Lin Zarni Zaw

လင်းဇာနည်ဇော်ကတော့ သမီးလေးဖြစ်တဲ့ မြူလင်းကိုကို ကို အားပေးတဲ့ ပရိသတ်တွေရှိလို့ ကျေးဇူးတင်စကားဆိုလာပါတယ်။ သူမရဲ့ သမီးလေးရဲ့ အနုပညာဝါသနာကိုလည်း အခုလို ပြောပြလာပါတယ်။ 

“ အနုပညာလောကထဲကလူမို့လို့ ဒီအနုပညာလောကမှာ နာမည်ကြီးမယ်လို့ တော့ တွေးလို့မရဘူး။ အနုပညာလောကထဲက လူတွေ အကုန်လုံး နာမည်ကြီးနေတော့မှာပေါ့။ သူ့ရဲ့ ကံရယ်၊ စန်းရယ်၊ လုပ်ဆောင်ခွင့်ရယ် ဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: Lin Zarni Zaw

လင်းဇာနည်ဇော်ကတော့ သမီးလေးကို အနုပညာအလုပ်တွေကို မလုပ်စေချင်ပေမယ့် သမီလေး ကိုယ်တိုင်က ဝါသနာပါတယ် ဆိုရင် ပံ့ပိုးသွားမှာပါလို့ အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။ သရုပ်ဆောင် လင်းဇာနည်ဇော်ဟာ Single Mother တစ်ယောက်အဖြစ် ရပ်တည်ပြီး သမီးလေးကို ပြုစုပျိုးထောင်နေသူလည်း ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ နည်းသွားပေမယ့်လည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ သူမဟာ ကိုယ်ပိုင်စီးပွားရေးတွေကိုလည်း လုပ်ကိုင်နေသူပါ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က