ကလေးသရုပ်ဆောင်တော့ မလုပ်ခိုင်းသေးဘူးတဲ့။
Ei Ei Myat

အိတုံကတော့ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာပါ။ အသက်(၄)နှစ်ကျော် အရွယ်ရောက်နေပြီဖြစ်တဲ့ အိတုံရဲ့ သမီးလေးက မေမေ့လိုပဲ အနုပညာသွေးပါသူတစ်ဦး ဖြစ်ပါတယ်။

photo : အိတုံ

ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် အိတုံကတော့ သူမရဲ့ သမီးလေးကို အနုပညာအလုပ်တွေ မလုပ်သေးတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း သမီးလေးကတော့ သူမလိုပဲ အနုပညာသွေးပါတယ်လို့ဆိုပါတယ်။

“ကလေးသရုပ်ဆောင်တွေဘာတွေ ခေါ်တာတောင်ကိုယ်က ဥထားတာ။ သမီးလေးက အရမ်းလည်တယ်။ပြီးတော့ သူကအနုပညာသွေးလည်းပါတယ်။ သီချင်းသံတွေ ပါတွေကြားရင် ကတယ်။ တီးလုံးသံကြားလည်း မနေဘူး။ ပဲနဲ့ အရမ်းလည်းပဲများတယ်” လို့ အိတုံက ပြောပါတယ်။

photo : အိတုံ

 သမီးလေးကို အနုပညာအလုပ်တွေ လုပ်ဖို့ ကမ်းလှမ်းတာတွေရှိပေမယ့် သူမကတော့ မလုပ်ခိုင်းသေးဘူးလို့ ဆိုပါတယ်။

“သမီးလေးကို အင်တာဗျူးတွေ ဘာတွေ မေးဖို့လုပ်ရင်တောင် အစ်မ မလာပါနဲ့ဆိုပြီး ပြောရတာ။ ကြီးကျယ်တာတော့မဟုတ်ပါဘူး။ဖြေလိုက်လို့ ကိုယ့်သားသမီးကို တစ်ခုခုပြောရင် အဆင်ပြေမှာမဟုတ်ဘူးလေ။ အဲ့ဒါကြောင့် အစ်မမိသားစုပုံလေးတွေကို အစ်မေ့ဖစ်ဘွတ်မှာတင်တယ်။ ဒီလောက်ပဲ။ သမီးလေးကို ကလေးသရုပ်ဆောင်လုပ်ဖို့ ကမ်းလှမ်းတယ်။ အစ်မက မရိုက်ခိုင်းဘူး။ အခုချိန်ကတော့ ငယ်သေးလို့ပေ့ါ။ သူဝါသနာပါရာကိုတော့ အစ်မက မတားပါဘူး” လို့ နိုဝင်ဘာ(၂၃) ရက်နေ့က “ဆန္ဒထုတ်ဖော်မယ်” ရုပ်ရှင်အထူးပြပွဲမှာ Duwun ကို ပြောခဲ့တာ ဖြစ်ပါတယ်။

photo : အိတုံ

အိတုံရဲ့ သမီးလေး နှိုင်းတုနဒီ(ခ)ထက်ထက်ကတော့ လက်ရှိမှာ Future Stars Pre-School မှာ မူကြိုတက်နေတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ အိတုံရဲ့ သမီးလေးကတော့ ပရိသတ်တွေရဲ့ အချစ်တော် တစ်ဦးလည်း ဖြစ်ပါတယ်။

ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် အိတုံတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာပါ။ သူမရဲ့ခင်ပွန်းဖြစ်သူ ကို နေမျိုးကလည်း တစ်ချိန်က ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ကိုနေမျိုးဟာ အနုပညာအလုပ်တွေ လုပ်ကိုင်တာ မတွေ့ရတော့ပါဘူူး။ အိတုံကတော့ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှု နည်းနေတာကြောင့် online shopping လုပ်နေတာလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က