တွေ့ကြုံရတဲ့ အဖြစ်အပျက်တွေကို ပြောပြလာပါတယ်။

ခိုင်နှင်းဝေဟာ ဂေဟာအတွင်းက ပန်းအိုးထဲမှာ အင်းပြားတွေ့ပြီးတဲ့နောက် သူမရဲ့ ကလေးတွေ အတွက် စိုးရိမ်စိတ်တွေ ကြီးခဲ့ရတယ်လို့ ဆိုပါတယ်။ 

Photo: Khine Hnin Wai



ခိုင်နှင်းဝေကတော့ သူမရဲ့ မိဘမဲ့ဂေဟာအတွင်းက ပန်းအိုးထဲမှာ အင်းပြားတစ်ခု တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ကလေးတွေအတွက် စိုးရိမ်စိတ်ဖြစ်ခဲ့ရတာတွေကိုလည်း Duwun ကနေ အခုလို ပြောပြလာပါတယ်။ 

“ ဒါကို ဘယ်တုန်းကတည်းက ဘယ်လို လုပ်ထားမှန်းလဲတော့ အစ်မလည်းသေသေချာချာ မသိပါဘူူး။ ကလေးတွေ ကျန်းမာရေး မကောင်းရင်လည်း ဆေးခန်းသွား၊ ဘာညာလောက်ပဲပေါ့။ ကျိုက်မရောဆရာတော်ကြီးကို သွားဖူးတဲ့ အချိန်မှာ ဒီလိုမျိုးလုပ်ထားတယ်၊ ရွက်လှပင်အောက်မှာဆိုတာနဲ့ အစ်မတို့ ရှာလိုက်တော့ တကယ်လည်း တွေ့တယ်။ လုပ်ရက်လိုက်လေခြင်းပေါ့ ငါ့သားတွေ သမီးတွေများ တစ်ခုခု ချွတ်ချော်သွားရင် ဘယ်လို လုပ်မလဲပေါ့။ ကံနိမ့်တဲ့ ကလေးလေး တစ်ယောက်များ တစ်ခုခုဖြစ်သွားရင် ဆိုတဲ့ စိတ်နဲ့ စိတ်မကောင်းဖြစ်မိတယ်” လို့ သူကဆိုပါတယ်။ 

Photo: Khine Hnin Wai

ခိုင်နှင်းဝေဟာ အင်းပြားမတွေ့ခင်အချိန် ဂေဟာမှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးကို ပြောပြလာပါတယ်။ အဖျားတက်ပြီး သတိလစ်သွားတဲ့ ကလေးတောင်ရှိတယ်လို့ သိရပါတယ်။ 

“ ဟိုတလောတုန်းကတော့ ဒီက ကလေးလေးတစ်ယောက် အဖျား ၁၀၄ လောက်ဖြစ်ပြီး သတိလစ်သွားတယ်။ အစ်မတို့တွေ ဆေးရုံတွေပြေး ယောက်ယက်တွေ ခတ်ကုန်တာပေါ့။ ပြီးတော့ (၆) လအောက် ကလေးလေး တစ်ယောက် မိန်းကလေး ည တစ်နာရီလောက်ကြီးကို ရုတ်တရက်ဖျားလာတာ။ အစ်မကတော့ ကလေးတွေ နေမကောင်းဖြစ်ရင် ဆရာဝန်နဲ့လည်း ကုတယ်၊ ဘုရားကု နဲ့လည်း ကုတယ်။ ကလေးတစ်ယောက်တစ်ခု ခုဖြစ်ရင် ပရိတ်ရေတိုက်၊ အဓိဌာန်ဝင်၊ ဆရာတော်ဆီပြေးရတာပဲ” လို့လည်း ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Khine Hnin Wai

ခိုင်နှင်းဝေဟာ အနုပညာအလုပ်တွေ လုပ်နေတဲ့ အချိန်မှာရော၊ ပရဟိတအလုပ်တွေ လုပ်နေရတဲ့ အချိန်မှာပါ အခုလို တိုက်ခိုက်မှုမျိုးနဲ့ မကြုံခဲ့ရဖူးဘူးလို့ ဆိုပါတယ်။ ဒါကြောင့် သူမရဲ့ ကလေးတွေကိုလည်း အထိခိုက်မခံနိုင်ဘူးလို့ ပြောပါတယ်။ 

“ အရင်တုန်းကတော့ ချစ်တာမုန်းတာတွေရှိမှာပေါ့နော်။ ဒါပေမယ့် အခုလိုလုပ်ခံရတာ မျက်ဝါးထင်ထင်နဲ့ ပထမဆုံးတွေ့ရတာပဲ။ ကိုယ့်ကို ပုဂ္ဂိုလ်ရေးအရ မုန်းတာတွေရော၊ ကျရှုံးစေချင်တာ၊ လဲကျစေချင်တာဆိုရင် လည်း ဒီကလေးတွေကို မမွေးတော့ပါဘူး။ ကလေးတွေ အကုန်လုံးကို မွေးစားမိဘတွေဆီပေး၊ ခိုင်မိသားစု ဆိုတာကြီးလည်းဖျက်၊ ဒီဂေဟာကြီးလည်း ဖျက်ပြီး အစ်မဘာသာ နေတော့မယ်လို့တောင် တွေးခဲ့မိပါတယ်။ ကလေးတွေကိုတော့ ဘာမှ မဖြစ်မခံနိုင်ပါဘူး” လို့ သူကဆိုပါတယ်။ 

Photo: Khine Hnin Wai

ခိုင်နှင်းဝေဟာ COVID-19 ကာလမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေကြတဲ့ ဆင်းရဲနွမ်းပါး အနုပညာရှင်များစွာကိုလည်း စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် ကျန်းမာရေး မကောင်းဖြစ်နေသူတွေ၊ အလုပ်တွေ မလုပ်ရလို့ မိသားစုဝမ်းစာအတွက်အခက်အခဲ ကြုံနေရသူတွေ အတွက်ကိုလည်း ရင်းနှီးမြုပ်နှံဖို့အတွက် ငွေကြေးအင်အား နဲ့ ကူညီခဲ့တာကိုလည်း တွေ့ရပါတယ်။ ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ သရုပ်ဆောင် တစ်ယောက်လည်းဖြစ်သလို ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် ပေးသူတစ်ယောက်ပါ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က