loading...

loading...

loading...

ချစ်သူကိုလည်း ၁၀ သိန်းပေးလိုက်ရသေးတယ်။
Sabal Thwin

ရဲနောင်ကတော့ Myanmar idol (Season-4) နဲ့ ပတ်သက်ပြီး ပိုးမီနဲ့ လောင်းကြေးထပ်လိုက်တာ ၁၀ သိန်းရှုံးသွားပါတယ်တဲ့။ 

Photo: Ye Naung

ရဲနောင် တစ်ယောက် သူငယ်ချင်းဖြစ်တဲ့ ပိုးမီနဲ့ အတူ လောင်းကြေးထပ်ခဲ့တာ ၁၀ သိန်းရှုံးသွားပါပြီတဲ့။ ဒါတင်မကသေးပဲ ချစ်သူ ကောင်မလေးကိုလည်း ၁၀ သိန်းရှုံးသွားသေးတယ်လို့ မီဒီယာ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ ရဲနောင်ဟာ သူ့ရဲ့ ချစ်သူရယ်၊ သူငယ်ချင်းပိုးမီရယ် တို့ကို Myanmar Idol(Season-4) Winner မိန်းကလေးဖြစ်မလား၊ ယောကျ်ားလေးဖြစ်မလား ဆိုတာကို လောင်းကြေးထပ်ခဲ့တာပါ။

“ မပိုးမီကို ၁၀ သိန်းရှုံးထားတာဆိုတော့ လေတိုက်နေဦးမှာ တစ်နှစ်ပတ်လုံး လေတိုက်နေရဦးမှာ။ ပိုက်ဆံ ၁၀ သိန်းကိုလည်း ချက်ချင်းပေးရတာ မဟုတ်ပါဘူး။ ကျွန်တော် နယ်က ပြန်ရောက်တော့ သူ့ အိမ်ကို သွားပေးရတာပေါ့နော်။ သူက နိုင်တဲ့သူ ဆိုတော့လေ။ အပျိုကြီးကို ယောကျ်ားယူဖို့ စုတဲ့အထဲ ထည့်ပေးလိုက်တာလို့ပဲ မှတ်ပါတယ်။ နှစ်သစ်မှာဆိုတော့ ကုသိုလ်လည်းရပါတယ်။ မပိုး တစ်ယောက်တည်းတင်မကဘူး၊ ကျွန်တော့် ကောင်မလေးလည်း မိန်းကလေးဘက်က လောင်းတာ။ မပိုးကို ၁၀ သိန်း၊ ကျွန်တော့် ကောင်မလေးကို ၁၀ သိန်း၊ သိန်း ၂၀ ရှုံးသွားတာပါ” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Ye Naung

ရဲနောင်ကတော့ Myanmar idol(Season-2) သီချင်းဆိုပြိုင်ပွဲဝင်တစ်ဦးဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲ ပြီးသွားတဲ့ နောက်မှာလည်း ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလာခဲ့ပါပြီ။

“ ပြီးခဲ့တဲ့ လပိုင်းတွေတုန်းကတော့ ကျွန်တော် သီချင်း အသစ်လေးတွေ ထွက်ထားတယ်။ သင်္ကြန်မတိုင်ခင်မှာလည်း သီချင်းတွေ ထပ်ထွက်ဖို့ရှိတယ်။ သင်္ကြန်မတိုင်ခင်လည်း သီချင်းအသစ်တွေ ထပ်ထွက်ဦးမှာပါ။ ၂၀၂၀ မှာတော့ ကျွန်တော့်ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်နိုင်ဖို့ ကြိုးစားနေပါတယ်။ အခွေအတွက်က လုပ်စရာလေးတွေ အများကြီး ကျန်သေးတယ်။ သီချင်းတွေ ထပ်ဆိုရဦးမယ်” လို့ သူကဆိုပါတယ်။

Photo: Ye Naung

ရဲနောင်ကိုတော့ ပရိသတ်တွေက Myanmar idol သီချင်းဆိုပြိုင်ပွဲဝင်တစ်ဦးအဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ၂၀၁၈ ခုနှစ်မှာ “ချာလီ” လို့ နာမည်ပေးထားတဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေကို ထွက်ရှိနိုင်ခဲ့သူပါ။ အဲဒီနောက်မှာတော့ “သိပ်ချစ်လို့” ၊ “ရိုးမြေကျ” စတဲ့ Single Song လေးတွေ ထွက်ရှိထားပါသေးတယ်။ ဖျော်ဖြေရေးပွဲတွေလည်း သီဆိုနေရပြီဖြစ်သလို ဒုတိယအခွေ ထွက်တော့မယ်လို့လည်း သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ


loading...

က္က