သီချင်းနာမည်က ' သေလို့ရတယ်' လို့ နာမည်ပေးထားပါတယ်။

နန်းဆုရတီစိုးဟာ ‘သေလို့ရတယ်’ ဆိုတဲ့ သီချင်းအသစ်လေးကို အပြုံးလှတဲ့ မင်းသားလေးနဲ့ တွဲသရုပ်ဆောင်ထားပါတယ်တဲ့။ ဒီမင်းသားကတော့ ရှိန်းတင်ထူးပါ။

Photo: Nan Su Yati Soe



နန်းဆုရတီစိုးကတော့ သူမရဲ့ သီချင်းအသစ်လေးကို သရုပ်ဆောင်အသစ် ရှိန်းတင်ထူးနဲ့ရိုက်ထားတယ်လို့ ဆိုပါတယ်။ သီချင်းအကြောင်းလေးကိုလည်း နန်းဆုက မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပြန်ပါသေးတယ်။

‘’လတ်တလောမှာတော့ နန်းဆု သီချင်းလေးတစ်ပုဒ်ရိုက်ထားတယ်။ သီချင်းနာမည်က ‘သေလို့ရတယ်’ လို့ နာမည်ပေးထားတယ်။ ဒီသီချင်းကိုတော့ သီတင်းကျွတ်ပြီးရင် ထွက်မှာပေါ့နော်။ မင်းသားကတော့ ရှိန်းတင်ထူးနဲ့ ရိုက်ထားတာပါ။ သူနဲ့ လိုက်လို့လည်း ရိုက်ဖြစ်သွားတာပေါ့။ သီချင်းထဲမှာပါတဲ့ ဇာတ်လမ်းတွေကို ဒါရိုက်တာနဲ့ တိုင်ပင်ပြီးတော့ ကြိုးစားထားပါတယ်။ အဓိက ကတော့ သီချင်း နဲ့ ဇာတ်လမ်းကလည်း လိုက်ဖက်တဲ့ ဇာတ်ကွက်တွေပါပဲ။’’ လို့ သူကဆိုပါတယ်။

Photo: Nan Su Yati Soe

‘’သေလို့ရတယ်’’ ဆိုတဲ့ MTV သီချင်းလေးထဲမှာ ရှိန်းတင်ထူးကို ရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်းတွေကိုလည်း နန်းဆုရတီစိုးက ပြောပြခဲ့ပါတယ်။

‘’ငါ မှတ်မိနေတဲ့ မင်းရဲ့ အပြုံးလေးနဲ့ ဆိုတော့ အပြုံးလှတဲ့ ကောင်လေးတစ်ယောက်ဖြစ်ရမယ်ဆိုတော့ သူငယ်ချင်းတွေကလည်း ဒီမင်းသားက ပြုံးရင်အရမ်းချစ်စရာကောင်းတယ်ဆိုပြီး ပြကြလို့ သူ့ကို အကူအညီတောင်းဖြစ်တာပါ။ သူကလည်း ဝင်ပြီးတော့ လိုလိုလားလားပဲ ကူညီပေးပါတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၁၃ ရက်နေ့က ရုပ်ရှင်သက်ကကြီးပူဇော်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Sheintin Htoo

ရှိန်းတင်ထူး နဲ့ အတူ MTV အသစ်မှာ တွဲပြီး သရုပ်ဆောင်ခဲ့သူကလည်း နန်းဆုရတီစိုးပါပဲ။ အပြုံးတွေကလည်း တကယ်ကို ဆွဲဆောင်မှုရှိတယ်လို့ နန်းဆုက ပြောပါတယ်။

‘’သူ့ရဲ့ အပြုံးတွေက ဆွဲဆောင်မှုရှိတယ်လို့ ခံစားရပါတယ်။ ဒီသီချင်းက ကောင်လေးကို ပြန်ပြီးတော့ မှတ်မိနေမှာပေါ့နော်။ သူ့ရဲ့ အပြုံးနဲ့ သူပြောခဲ့တဲ့ စကားတွေကို ပြန်ပြီးမှတ်မိနေရတာပေါ့။ အဲဒီအတွက် ဒီကာရိုက်တာနဲ့တော့ သူ အံဝင်ဂွင်ကျဖြစ်ပါတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Nan Su Yati Soe

နန်းဆုရတီစိုးကိုတော့ ပရိသတ်တွေက သရုပ်ဆောင်တစ်ယောက် အဖြစ် စတင်အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဂီတလောကထဲကို ဝင်ရောက်လာတာဖြစ်ပြီး အချစ်သီချင်း ချိုချိုလေးတွေ သီဆိုလာတာ တွေ့ရပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေကတော့ နန်းဆုရဲ့ အနုပညာအလုပ်တွေတိုင်းကို အမြဲ အားပေးနေကြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ နန်းဆုရတီစိုးဟာ ဂီတအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ



က္က