ရုံးချိန်း ထွက်ဆိုချက်တွေကို နားထောင်ပါတယ်။

မင်းရာဇာက စီးပွားရေး အဆင်မပြေ ဖြစ်နေတဲ့ကြားက လာဘ်ထိုးတယ်ဆိုတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

အိမ်အကူ မိန်းကလေးကို ညှင်းပန်းနှိပ်စက်မှု၊ မုဒိန်းမှုတွေကြောင့် တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာကတော့ ဒီနေ့ ဇူလိုင်(၂) ရက်က မြောက်ဥက္ကလာ တရားရုံးက ရုံးချိန်းကို တက်ရောက်လာပါတယ်။ တရားလိုဘက်က ထွက်ဆိုချက်တွေမှာ မဟုတ်တာပြောတာတွေ များတယ်လို့ မီဒီယာတွေကို ပြောပြခဲ့ပါတယ်။ 



“ ကျွန်တော့် ယောက္ခမကြီးက ရဲ လို့ပြောနေတာ မဟုတ်ပါဘူး။ လာဘ်ထိုးတယ်ဆိုတာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့တောင် စီးပွားရေး အဆင်မပြေပါဘူးခင်ဗျာ။ ဒီကလေးမလေးကိုလည်း ကျွန်တော်တို့ရဲ့ သမီးလို ၊ တူမတွေလို စောင့်ရှောက်ခဲ့တာပါ။ အပြင်မှာ ဖြစ်နေကြတာတွေက အရမ်းကို လွဲနေပါတယ်။ တရားဥပဒေအရ ဖြေရှင်းသွားမှာပါ။ ဒီနေ့ ရုံးချိန်း ထွက်ဆို ချက်တွေမှာလည်း ကျွန်တော် နားထောင်ပါတယ်။ မဟုတ်တာတွေ ပြောနေတာက များပါတယ်” ဆိုပြီးတော့ ဇူလိုင် (၂) ရက်နေ့က မြောက်ဥက္ကလာ တရားရုံးက ရုံးချိန်းမှာ ဖြေဆိုခဲ့တာပါ။ 

သရုပ်ဆောင် မင်းရာဇာနဲ့အတူ တရားစွဲဆိုခံထားရတဲ့ ဇနီးဖြစ်သူ မဖူးငုံပွင့်ကလည်း ဒီအမှုနဲ့ ပတ်သက်ပြီး အခုလို ဖွင့်ဟပြောပြလာပါတယ်။ 

" အစွပ်စွဲခံထားရတာပါ။ ဘာတစ်ခုမှ မလုပ်ထားပါဘူး။ ကာယကံရှင်ကောင်မလေး ရှိပါတယ်။ သွားမေးကြည့်လို့ရပါတယ်။ အမြန်ဆုံး အိမ်ပြန်ချင်တယ်။ ကလေးတွေကိုလည်း စိတ်ပူတယ်။ ဒီမှာလည်း ကိုယ်ဝန်ကြီးနဲ့ပါ" လို့ သူက ဆိုပါတယ်။ 

ဒီကနေ့ ရုံးချိန်းသို့ သရုပ်ဆောင် မင်းရာဇာနဲ့ အတူ ဇနီးဖြစ်သူလည်း အတူတက်ရောက်လာခဲ့တာပါ။ မင်းရာဇာဟာ ကိုယ်ဝန်လွယ်ထားရတဲ့ ဇနီးဖြစ်သူ ကို သနားမိတယ်လို့လည်း သူက ပြောပါတယ်။ 

“တကယ်တမ်း ကျွန်တော်တို့ အဲဒီလောက်ကြီး အောက်တန်း မကျပါဘူး။ ပြီးတော့ မိန်းမက ဒီကလေးမ ကိစ္စနဲ့ ပတ်သက်ပြီးတော့ တော်တော်ကို သနားစရာကောင်းပါတယ်။ ကျွန်တော့် မိန်းမဆိုရင် ဘာမှ မဆိုင်ပဲ အထဲကို လိုက်လာရတာပါ။ ကလေးလေးတွေဖြစ်တဲ့ ကျွန်တော့် သားနဲ့ သမီးလည်း ကျောင်းတက်ဖို့ အရမ်းဒုက္ခရောက်ရပါတယ်။ မိန်းမကလည်း အခုဆိုရင် ကိုယ်ဝန်(၅) လထဲ ရောက်နေပါပြီ” လို့ ဆက်လက် ပြောပြလာပါတယ်။ 

ဒီနေ့ ရုံးချိန်းမှာတော့ တရားစွဲဆို ခံထားရတဲ့ မင်းရာဇာနဲ့ ဇနီးဖြစ်သူတို့က မြောက်ဥက္ကလာတရားရုံးသို့ လာရောက်ခဲ့ကြပါတယ်။ အိမ်အကူအမျိုးသမီးငယ်အား ညှင်းပန်းနှိပ်စက်မှုနဲ့ သရုပ်ဆောင်မင်းရာဇာ အပါအဝင် ၄ ဦးကို မေ ၇ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တရားရုံမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာဖြစ်ပြီး မင်းရာဇာရဲ့ ယောက္ခထီးဖြစ်သူအငြိမ်းစား ရဲဝန်ထမ်း ဦးမောင်မောင်အေးကို တရားရုံး ကျပ် ၁၀ သိန်းတန် အာမခံ လျှောက်ထားသူ ၂ ဦးဖြင့် အာမခံရခဲ့ပါတယ်။ မင်းရာဇာနဲ့ အပေါင်းအပါ (၃)ဦးကို အိမ်အကူမိန်းကလေးအား အက်စစ်နဲ့ပက်မှုဖြင့် မိန်းကလေးရဲ့ မိခင်က ရွှေပေါက်ကံ ရဲစခန်းမှာ (ပ)အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က