သူမကတော့ အစားတလိုင်းမလေးပါတဲ့။

အစားနဲ့ပတ်သက်လာရင် နင်ဇီမေကို ပြေးသတိရမိတဲ့ သူငယ်ချင်းတွေရှိတယ်လို့ သိရပါတယ်။ အစားတလိုင်းမလေး နင်ဇီမေ ကလည်း သူမရဲ့ ခန္ဓာကိုယ်ကို ဝေဖန်ပြောဆိုကြတဲ့လူတွေလည်း ရှိတယ်လို့ဆိုပါတယ်။

Photo: Nin Zi May

နင်ဇီမေဟာ အစားအသောက်နဲ့ ပတ်သက်လာရင်တော့ သူငယ်ချင်းတွေက အစားတလိုင်းလို့ ပြောကြပါတယ်တဲ့။ ဒီလို အစားတလိုင်းလေးရဲ့ ခံစားချက်တွေကို မီဒီယာတွေကနေတဆင့် ပရိသတ်တွေသိအောင် အခုလို ဖြေဆိုခဲ့ပါတယ်။

‘’အစားတလိုင်းသမားတွေရဲ့ စိတ်ခံစားချက်ကတော့ အမြဲတမ်း ကိုယ်နဲ့ အစားနဲ့က တွဲနေတာပေါ့နော်။ အမြဲတမ်း သူငယ်ချင်းတွေက စကြ နောက်ကြတယ်။ အစားဆိုရင် နင်ဇီပါမှပေါ့။ ဒီလိုပြောလို့လည်း ဘာမှမဖြစ်ပါဘူး နင်ဇီကတော့ ပျော်တယ်’’ ဆိုပြီးတော့ ဇူလိုင်လ ၁၂ ရက်နေ့က KBZ Pay Media Experience ပွဲကိ တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Nin Zi May

နင်ဇီမေဟာ ခန္ဓာကိုယ်ပြည့်ပြည့်လေးနဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ပါ။ ဒါပေမယ့် သူမကိုတော့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး နှိမ်ချပြောဆိုတဲ့လူတွေနဲ့ တွေ့ကြုံဖူးတယ်လို့ ဆိုပါတယ်။

‘’ အပြင်မှာတွေ့ရင် မိန်းကလေးအချင်းချင်း Body Shaming လုပ်တာတွေ၊ မထိတထိ လုပ်တာတော့ ကြုံရတယ်။ အမြဲတမ်း ဘယ်မိန်းကလေးမဆို ကြုံရမှာပဲ။ ညီမကတော့ အဲဒါကို လုံးဝ မကြိုက်ဘူး။ ဒါပေမယ့် အဲဒါကို ဘယ်လို လုပ်လဲဆိုတော့ အဲဒါတွေကို Motivation အဖြစ်ယူတယ်။ သူတို့ကို မကောင်းလည်းမပြောဘူး။ ပြန်လည်း မဆဲဘူး။ ဒါတွေက ဝိတ်ချမယ့်လူတွေအတွက်က Motivation ယူဖို့ အရမ်းလွယ်တယ်’’ လို့ ဆိုပါတယ်။

Photo: Nin Zi May

နင်ဇီမေဟာ Myanmar Idol Season 1 သီချင်းဆိုပြိုင်ပွဲ ပြီးကတည်းက ဂီတအလုပ်တွေ ဆက်တိုက် လုပ်နေရတာဖြစ်ပါတယ်။ သူ့အနေနဲ့ ပြိုင်ပွဲကြီး ပြီးသွားတဲ့ နောက်မှာလည်း ဖျော်ဖြေရေးတွေမှာ ပါဝင်သီဆိုနေရသလိုတာဖြစ်ပါတယ်။ နင်ဇီမေ နဲ့ ရဲလေးတို့ သီဆိုထားတဲ့ '' ဟိုအရင်ကလို'' သီချင်းကလည်း လူငယ်တွေကြားမှာ အကြိုက်တွေ့ခဲ့ပါတယ်။

အဆိုတော်ရဲလေးရဲ့ သီချင်းကို Cover Song အနေနဲ့ ''အသည်းကွဲတယ် ဆိုတာ'' သီချင်းကို နင်ဇီမေက ပြန်ဆိုတဲ့အချိန်မှာလည်း ပရိသတ်တွေအားပေးခဲ့ကြသလို သူ့ရဲ့ သီချင်းတွေဖြစ်တဲ့ '' ချစ်နေရရင်ပဲ''၊ '' ချစ်တာ အမှား'' သီချင်းတွေကလည်း မိန်းကလေး ပရိသတ်တွေ ပိုပြီးကြိုက်ခဲ့ကြပါတယ်။

Share

Loading Next Article...
က္က